MIST Cable System (MIST) တည်ဆောက်ရေး NEC လုပ်ကိုင်ခွင့် ရရှိ

MIST Cable System (MIST) တည်ဆောက်ရန်အတွက် လုပ်ကိုင်ခွင့်ကို Orient Link ထံမှ ရရှိကြောင်း NEC Corporation က ထုတ်ပြန်ကြေညာသည်။

 

ပင်လယ်ရေအောက် ကေဘယ်ကြိုး ဆက်သွယ်မှု ဖြစ်သော MIST သည် စင်ကာပူ၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့်အိန္ဒိယ (မွန်ဘိုင်းနှင့်ချန်နိုင်း) တို့ကို တိုက်ရိုက်ဆက်သွယ်ပေးမည် ဖြစ်ပြီးတစ်စက္ကန့်လျှင် ၂၁၆ terabits (Tbps) ဖြင့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ 

NEC ကပင်လယ်ရေအောက် အော့ပတစ်ကယ် ဘေဘယ် အလျား ၈၁၀၀ ကီလိုမီတာနီးပါးကို ၂၀၂၂ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်တွင် အပြီးအစီး တည်ဆောက်ရန် လျာထားသည်။

 

MIST  သည် အာရှရှိ ဆက်သွယ်ရေးကွန်ရက်များကို အားဖြည့်တင်းပြီး တိုးချဲ့ပေးရန် အထောက်အကူပြုမည် ဖြစ်သည်။ ယုံကြည်အားကိုးရသော ဆက်သွယ်ရေးကို သေချာစေမည် ဖြစ်ပြီး ကွန်ရက်အတွင်း လိုင်းကျပ်ခြင်းများကို ဖြေဖျောက်ပေးမည် ဖြစ်သည်။ 

Orient Link ၏အမှုဆောင်အရာရှိချုပ် Yoshio Sato က“ NEC ကို ထောက်ပံ့ရေးလုပ်ဖော်ကိုင်ဖက်အဖြစ် ရွေးချယ်ပြီး ရေအောက်ကေဘယ်ကြိုးစနစ်များကို အကောင်အထည်ဖော်ရာ၌ ကျွန်ုပ်တို့၏ စီမံကိန်းအောင်မြင်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါ၀င်ရမည်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။ 

Read times
Rate this item
(0 votes)