Mytel ကို မြန်မာပြည်၏ နံပါတ် (၁) အမြန်ဆုံး တယ်လီကွန်းကွန်ရက်အဖြစ် Ookla အသိအမှတ်ပြု

Mytel သည် ကမ္ဘာ့ထိပ်တန်း ကွန်ရက်အမြန်နှုန်း တိုင်းတာစစ်ဆေးသည့် Ookla-Speedtest

အဖွဲ့အစည်းမှချီးမြှင့်သော မြန်မာပြည်၏ အမြန်ဆုံးတယ်လီကွန်းကွန်ရက်အဖြစ် အသိအမှတ်ပြုခံရသည်။။
အင်တာနက်စွမ်းဆောင်ရည်ကို တိကျစွာ တိုင်းတာနိုင်သည့် Ookla ၏ Speedtest တိုင်းတာချက်များအရ Mytel သည် ၂၀၂၀ ခုနှစ် အတွက် နံပါတ် (၁) အမြန်ဆုံး အင်တာနက်ကွန်ရက်အဖြစ် ရပ်တည်လျက်ရှိသည်။

 

Ookla-Speedtest.jpg


“Ookla-Speedtest အဖွဲ့အစည်းက တိုင်းတာတဲ့ Speedtest ဟာ အင်တာနက်ကွန်ရက်တွေရဲ့ စွမ်းဆောင်ရည်ကို နိုင်ငံတကာအဆင့်မီ တိကျတဲ့ တိုင်းတာမှုစံနှုန်းများနဲ့ တိုင်းတာစစ်ဆေးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် Mytel အနေနဲ့ ဒီလို နိုင်ငံတကာအသိအမှတ်ပြု Speedtest အဖွဲ့အစည်းဖြစ်တဲ့ Ookla-Speedtest က ချီးမြှင့်တဲ့ အမြန်ဆုံးအင်တာနက် ကွန်ရက်ဆုကို ထိုက်တန်စွာရခဲ့တဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၀ ရဲ့ ပထမနဲ့ဒုတိယ သုံးလပတ်ကာလတွေဟာဆိုရင် COVID 19 ကပ်ရောဂါကြောင့် အပြင်သွားတာတွေလျော့ချပြီး အိမ်မှာနေဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ကာလအတောအတွင်းမှာ online ကနေတစ်ဆင့် online-business meeting တွေ၊ online learning တွေ၊ E-commerce နဲ့ အခြား online လုပ်ငန်းလုပ်ဆောင်မှုတွေအပြင် ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီ ဖတ်ရှုဖလှယ်မှုများကြောင့် အင်တာနက် အသုံးပြုမှုဟာ ယခင်ကထက် အဆများစွာမြင့်တက်ခဲ့ပါတယ်။ ဒီလိုလူအများက တစ်ပြိုင်နက်တည်း အသုံးပြုနေတဲ့အချိန်မှာတောင် အမြန်ဆုံးအင်တာနက်မြန်နှုန်းကို ထိန်းသိမ်းထားနိုင်ခြင်းဟာ Mytel ရဲ့ ဆက်သွယ်ရေးအ​ခြေခံအဆောက်အဦးတွေကို ခေတ်မီဆန်းသစ်တဲ့နည်းပညာတွေနဲ့ တည်ဆောက်ထားပြီး သုံးစွဲသူတွေအတွက် အရည်အသွေးမြင့်မားတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်လို့ဖြစ်ပါတယ်” ဟု Mytel မြန်မာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူပေါင်းများစွာကို မြန်နှုန်းမြင့် 4.5 G ကွန်ရက်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော Mytel သည် ၂၀၂၀ ခုနှစ်အတွင်းပျှမ်းမျှ download speed 31.38 Mbps၊ upload speed 16.07 Mbps နှင့် အင်တာနက်အမြန်နှုန်းရမှတ် (speed test score) 36.58 ဖြင့် အမြန်ဆုံးတယ်လီကွန်းကွန်ရက်ဆုဖြင့် မြန်မာနိုင်ငံ၏ နံပါတ်(၁)နေရာကို ရရှိခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသော တယ်လီကွန်းကွန်ရက်၏ အင်တာနက်အမြန်နှုန်း ရမှတ်ထက် ၁၀ မှတ်နီးပါး ကျော်လွန်ခဲ့ပါသည်။ Ookla-Speedtest အဖွဲ့အစည်းမှ ထုတ်ပြန်သော ဤရလဒ်သည် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ သန်းပေါင်းများစွာသော သုံးစွဲသူများ၏ စမ်းသပ်ချက်များမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။

Mytel အကြောင်း
Mytel ကုမ္ပဏီသည် နိုင်ငံတကာ ဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသော Mytel မိတ်ဘက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5 G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ဒီဂျစ်တယ်စနစ်ကူးပြောင်းနိုင်ရန် ဆောင်ရွက် ပေးနေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
Mytel သည် မြန်မာနိုင်ငံတွင် 4.5 G ကွန်ရက်ကို ထောက်ပံ့ပေးသော ပထမဆုံး အော်ပရေတာဖြစ်ရုံသာမက မြန်မာလူထုကို 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်း ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် www.mytel.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Read times
Rate this item
(0 votes)