iPay မြန်မာနိုင်ငံ၊ ပါကစ္စတန်နှင့်အင်ဒိုနီးရှားသို့ တိုးချဲ့မည်

LOLC က iPay လုပ်ကိုင်မှု နယ်ပယ်ကို မြန်မာနိုင်ငံ၊ ပါကစ္စတန်နှင့်အင်ဒိုနီးရှားနိုင်ငံများသို့ တိုးချဲ့မည်။

iPay သည် သီရိလင်္ကာနှင့်ကမ္ဘောဒီးယား နိုင်ငံများတွင် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ယခုလို တိုးချဲ့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

LOLC Holdings PLC သည်သီရိလင်္ကာနှင့်ကမ္ဘောဒီးယားတွင်အောင်မြင်မှုရပြီးနောက်၎င်း၏ဒစ်ဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်း iPay ကို မြန်မာ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့တွင် စတင်ရန် စီစဉ်ထားသည်။

‘phygital’ ငွေကြေးဝန်ဆောင်မှု သည် ရုပ်ပိုင်းဆိုင်ရာ (physical )
ဖြစ်သော ငွေသားနှင့် ဒစ်ဂျစ်တယ် (digital) လောကတို့အကြား ပေါင်းကူးတံတား ထိုးပေးသည့် ဝန်ဆောင်မှုဖြစ်ပြီး ၎င်းဝန်ဆောင်မှုမျိုးပေးသည့် လုပ်ငန်းများအကြား စိုးမိုးထားသော နေရာတစ်ခု ရယူရန် ရည်ရွယ်ချက် ရှိသည်။

“ဒီနှစ်မှာ iPay ကို ကမ္ဘောဒီးယားမှာလည်း စတင်ခဲ့ပြီး မြန်မာ၊ ပါကစ္စတန်နဲ့အင်ဒိုနီးရှားမှာစတင်အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်။ ဒီဂျစ်တယ်ငွေပေးချေမှု
ပလက်ဖောင်းက LOLC ကို ဖောက်သည်များ ဝယ်ယူရာတွင် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပြီး
ငွေပေးငွေယူပမာဏများကို တိုးများအောင် လုပ်ဆောင်မယ်" ဟု LOLC Holdings PLC ၏ Deputy Chairman ဖြစ်သူ Ishara Nanayakkara က နှစ်ပတ်လည် အစီရင်ခံစာတွင် ပြောပြထားသည်။
အဆိုပါ လုပ်ငန်းစုသည် မြန်မာ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့တွင် အသေးစားငွေကြေးအဖွဲ့အစည်းများ တည်ထောင်ခဲ့သည်။

၀၁၁-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း iPay ပလက်ဖောင်းတွင် ငွေပေးငွေယူပမာဏသည်တစ်နှစ်ထက် တစ်နှစ် ၆၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မှတ်ပုံတင်ထားသော ကုန်သည်ဦးရေတွင် ၃၀၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အသုံးပြုသူများ စာရင်းပေးသွင်း မှတ်ပုံတင်ခြင်းတွင် ၂၁၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

 

Read times
Rate this item
(0 votes)