MPT Money အမှတ်တံဆိပ်အမည်ကို MPT Pay အမည်ဖြင့် ပြောင်းလဲ အသုံးပြုသွားမည်

ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် ယနေ့မှစတင်၍ “MPT Pay” အမည်သစ်သို့ ပြောင်းလဲပြီး လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်သည်။

 

အသုံးပြုသူများအနေဖြင့် သုံးစွဲပုံ နည်းလမ်းများ၊ အစီအစဉ်များနှင့် လက်ရှိပေးအပ်ထားသော ပရိုးမိုးရှင်းများကို ပြောင်းလဲခြင်းမရှိ ဆက်လက်ရယူသုံးစွဲနိုင်မည် လည်းဖြစ်ပြီး “MPT Pay” အက်ပလီကေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးစွဲသူ အက်ပလီကေးရှင်းအသွင်အပြင် ၊ ကိုယ်စားလှယ် များအတွက် အသိပေးကြေညာချက်များ၊

 

အရောင်းဆိုင်များနှင့်ဆက်သွယ်မှုများ၊ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်များ၊ ဖေ့စ်ဘုတ်ခ် စာမျက်နှာ၊ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ၊ အက်ပလီကေးရှင်း အတွင်း အသိပေးချက်များ၊ စာတိုပေးပို့ခြင်းများနှင့် Call Center လုပ်ငန်းဆောင်ရွက်မှု များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆောင်ရွက်ထားသည်။


“MPT Pay” (ယခင် MPT Money) သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ်လျက်ရှိသည်။

 

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် “MPT Pay” ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက်ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင်မှုများပေးချေ ဆောင်ရွက်နိုင်သည်။

 

ထို့ပြင် Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေး ချေ ခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ “MPT Pay” ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ်ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

 

“MPT Pay” နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက “MPT Pay” ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး “MPT Pay” အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် Apple Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်သည်။

 

Transcom News Journal

Read times
Rate this item
(0 votes)