Huawei က Datacom ကျွမ်းကျင်လက်မှတ် အစီအစဉ် ကမ္ဘာအနှံ့တွင် စတင်

Huawei က လာမည့် သုံးနှစ်အတွင်း Datacom ကျွမ်းကျင်သူဦးရေ ၁၅၀,၀၀၀ ဦးကို မွေးထုတ်ပေးနိုင်မည့် Datacom ကျွမ်းကျင်လက်မှတ်

အစီအစဉ်ကို ကမ္ဘာအနှံ့တွင် စတင်သည်။

၂၀၁၉-၂၀၂၀ ကမ္ဘာ့အဆင့် Huawei ICT ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် Huawei က “အနာဂတ်ကို ချိတ်ဆက်မည့် Datacom” အမည်ဖြင့် Datacom ကျွမ်းကျင်လက်မှတ်အစီအစဉ် ကမ္ဘာ့အဆင့်မိတ်ဆက်ပွဲအခမ်းအနားကို တုံးကွမ်း၊ စုံရှန်ရေကန်ရှိ Huawei အခြေစိုက်ရုံးတွင် နိုဝင်ဘာလဒုတိယပတ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Huawei Datacom ကျွမ်းကျင်လက်မှတ်အစီအစဉ်က Datacom ကျွမ်းကျင်သူများကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကာ သုံးစွဲသူများ၊ မိတ်ဖက်များနှင့် ပူးပေါင်း၍ အောင်မြင်သည့် Datacom ကွန်ရက်ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တည်ဆောက်နိုင်ရန်အတွက် လာမည့် သုံးနှစ်တာအတွင်း Huawei က Datacom ပြိုင်ပွဲ ၁၀ ခု၊ ထူးခြားကောင်းမွန်သည့် အွန်လိုင်းသင်တန်း အခု ၃၀နှင့် Datacom ကွန်ရက်များဆိုင်ရာ ဖတ်စာအုပ်များ၊ အွန်လိုင်း ဆွေးနွေးပွဲ အခု ၃၀ တို့ကို ပံ့ပိုးတင်ဆက်သွားမည် ဖြစ်သည်။
ထို့ပြင် Datacom အင်ဂျင်နီယာ ၁၅၀,၀၀၀ ကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကာ Datacom ကွန်ရက်ကျွမ်းကျင်သူ ဂေဟစနစ်ကို ချဲ့ထွင်ရင်း အသိဉာဏ်မြင့် IP ကွန်ရက်များ၏ အနာဂတ်ကို ပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
Huawei Data Communication Product Line ၏ ဥက္ကဌ Kevin Hu က “Huawei က အသိဉာဏ်မြင့် IP ကွန်ရက် solution ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ hardware ပိုင်း၊ software ပိုင်းတွေကို ပြန်တည်ဆောက်ထားပြီး ဖြစ်သလို အဆင့်သုံးဆင့်ပါ ဆောက်လုပ်မှု (အထူးစွမ်းဆောင်နိုင်စွမ်း၊ အထူးချိတ်ဆက်နိုင်စွမ်း၊ အသိဉာဏ်မြင့် O & M)ကိုလည်း အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအပြင် (CloudEngine switch တွေ၊ NetEnginge routerတွေ၊ AirEngine Wi-Fi 6 AC နဲ့ AP တွေ၊ HiSecEngine security gatewayတွေ စတဲ့) “အင်ဂျင်လေးလုံး” brand မဟာဗျူဟာကိုလည်း မိတ်ဆက်ထားပါတယ်။ဂေဟစနစ်ဖွံ့ဖြိုးဖို့နဲ့ အသိဉာဏ်မြင့် IP ကွန်ရက်တွေအတွက် အနာဂတ်သစ်တစ်ခုကို တည်ဆောက်ဖို့အတွက် Datacom ကွန်ရက်စံနှုန်းသစ်စုစည်းမှုတစ်ခုကိုလည်း ဖန်တီးမိတ်ဆက်ထားပါတယ်” ဟု ပြောသည်။
Huawei Datacom အသိအမှတ်ပြုလက်မှတ်အစီအစဉ်ကို HCIA-Datacom ၊ HCIP-Datacomနှင့် HCIE-Datacom ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားပြီး အခြားအစီအစဉ်များကို ၂၀၂၁ ခုနှစ်တွင် စတင်သွားမည်ဖြစ်ပြီး ၂၀၂၁၊ စတုတ္ထ သုံးလပတ် (Q4)တွင် Huawei Datacom အသိအမှတ်ပြုလက်မှတ်စနစ်က လက်ရှိ Routing နှင့် Switching လက်မှတ်အစီအစဉ်နေရာတွင် အပြည့်အဝ အစားထိုးသွားမည် ဖြစ်သည်။
Huawei Datacom အသိအမှတ်ပြု လက်မှတ်အစီအစဉ် ကမ္ဘာ့အဆင့်မိတ်ဆက်ပွဲအခမ်းအနားအကြောင်းနှင့် Huawei ICT ပြိုင်ပွဲ ၂၀၁၉-၂၀၂၀ ကမ္ဘာ့ဗိုလ်လုပွဲအကြောင်း ပိုမို သိရှိလိုပါက

https://e.huawei.com/.../ict-competition-2020/en/index.html

တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)