မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှုအများဆုံး နိုင်ငံတကာကုမ္ပဏီများ စာရင်းတွင် Mytel ပါဝင်

မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၉ စည်းကြပ်နှစ်အတွက် တစ်နှစ်တာအတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီများစာရင်းတွင်  Mytel က နံပါတ် ၈ နေရာ၌ ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 

 

Mytel သည် မြန်မာနိုင်ငံဆက်သွယ်ရေးစျေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော်လည်း အချိန်တိုအတွင်းတွင်ပင် ထိပ်တန်းအခွန်ထမ်းဆောင်သည့် ပုဂ္ဂလိက-နိုင်ငံခြား လုပ်ငန်းရှင် ၁၀၀ အနက် တစ်ခုအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

 

“အခွန်ပေးဆောင်မှုဟာ နိုင်ငံအတွက်ရော ပြည်သူအတွက်ပါ အလွန်အရေးပါတဲ့အတွက် လုပ်ငန်းတိုင်း မပျက်မကွက် ပြုလုပ်ရမဲ့ အရေးကြီးတာဝန်တစ်ခုဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုပဲဖြစ်ဖြစ်  မိမိတို့ပေးဆောင်ရမဲ့အခွန်ကို တာဝန်ကျေပွန်စွာ နဲ့ ပေးဆောင်ဖို့လိုပါတယ်။ Mytel ဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းအနေနဲ့ တာဝန်ကျေပွန်စွာပဲ ပေးဆောင်ဖို့ လိုအပ်တဲ့ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်စေရန် အခွန်တွေကို ပေးဆောင်ခဲ့ပါတယ်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုအများဆုံးစာရင်းမှာ ပါဝင်တဲ့အတွက် ဝမ်းမြောက်မိသလို တစ်ဖက်မှာ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝင်ငွေတိုးတက် စေခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာနီလာအေးမှ  ပြောသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် အဆိုပါ စာရင်းဇယားများအရ Mytel သည် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှု အများဆုံး ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီများ စာရင်း၏ နံပါတ် ၈ နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်ကာ ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ များမှာ အခြားကုမ္ပဏီများနှင့်အတူ Mytel သည် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့် ထိပ်တန်းလုပ်ငန်း ရှင် ၁၀ ဦး စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Transcom News Journal

 · 

Read times
Rate this item
(1 Vote)