ဗီယက်တဲလ် အမြတ် ယခင်နှစ်ထက် ၃.၁% ပိုရရှိခဲ့

တယ်လီကွန်း မဟာလုပ်ငန်းကြီး ဗီယက်တဲလ် Viettel က အခွန်မဆောင်ခင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈၆၇.၂ သန်းကို

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ရရှိခဲ့ကြောင်း အစီရင်ခံ ထုတ်ပြန်ပါတယ်။ ယခင်နှစ်ကထက် ၃.၁% ပိုများတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် အရောင်းဌာနတွေ ဟိုချီမင်းမြို့တော်မှာ အားလုံးနီးပါး ပိတ်ထားခဲ့ရပြီး ဟန္နိုင်မြို့တော်မှာတော့ ဆိုင်ခုရေစုစုပေါင်းရဲ ၈၀% ပိတ်ထားခဲ့ရပါတယ်။ မိုဘိုင်းဆင်ကတ် သုံးစွဲသူဦးရေလည်း လျော့ကျခဲ့ပြီး အသုံးပြုမှုလည်း လျော့ကျခဲ့ပါတယ်။

စစ်တပ်မှ ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်ပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး အွန်လိုင်းရောင်းချမှုတွေကို အကျိုးအရှိဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ရလဒ်အဖြစ် ပထမနှစ်ဝက်မှာ ဝင်ငွေ ၆.၈% တိုးခဲ့ပါတယ်။
ဗီယက်တဲလ်ရဲ့ ပြည်ပဈေးကွက်တွေ အားလုံးမှာလည်း ဈေးကွက်ဝေစု တိုးလာခဲ့ပါတယ်။ အများဆုံး တိုးတဲ့ဈေးကွက်တွေကတော့ ဟီတီမှာ ၁.၅% နဲ့ ပီရူးမှာ ၁.၄% တိုးခဲ့ပါတယ်။

အရှေ့တောင်အာရှ ဈေးကွက်တွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနဲ့ ဘရူနိုင်းတို့ ယခင်အတိုင် ဆက်ရှိခဲ့ပြီး မြန်မာမှာတော့ ဈေးကွက်ဝေစု ၃၀.၈% ရရှိထားပြီး အရှေ့တောင်အာရှဈေးကွက်တွေထဲမှာ ဝေစု အများဆုံး ရရှိထားတာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)