TikTok ကို ယှဉ်ပြိုင်မယ့် YouTube Shorts

YouTube Shorts ကို လအတန်ကြာ စမ်းသပ်ခဲ့ပြီးနောက် ယခုအခါ YouTube Shorts beta ကို စမ်းသပ်ရန် ဖြန့်ချိခဲ့ပါတယ်။

ယခုအခါ အမေရိကန်နဲ့ ဗြိတိန်တို့မှာ မည်သူမဆို ဆန္ဒရှိပါက ရယူဖို့ YouTube Shorts ကို ဖြန့်ဖြူးလိုက်ပြီ ဖြစ်ပါတယ်

YouTube Shorts က အပျော်တမ်း ဗီဒီယို အတိုတွေ ဖန်တီးချင်တဲ့ ပရိသတ်အတွက် အက်ပ် ဖြစ်တဲ့ TikTok ကို ယှဉ်ပြိုင်မှာဖြစ်ပြီး

TikTok ကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ အစားထိုးအဖြစ် YouTube Shorts ကို သုံးစွဲကြမယ်လို့ မျှော်လင့်ထားပါတယ်။

TikTok က သီးခြားရပ်တည်တဲ့ ဝန်ဆောင်မှု standalone service ပေးတဲ့အက်ပ် ဖြစ်ပါတယ်။ YouTube Shorts ကတော့ သီးခြားရပ်တည်ခြင်း မရှိတာကြောင့် YouTube Shorts အက်ပ်ကို ရှာရင် တွေ့မှာ မဟုတ်ဘူး။ YouTube အက်ပ်ထဲမှာ ဝင်အုထားတာ ဖြစ်ပါတယ်။ YouTube အက်ပ်ကို Google Play မှာဖြစ်ဖြစ် App Store မှာဖြစ်ဖြစ် update ယူတဲ့အခါ တစ်ပါတည်း ပါလာမှာ ဖြစ်ပါတယ်။

"Shorts" section ကို စခရင်မှာ တွေ့ရမယ်။

 

images-24.fit_lim.size_2000x.v1623361984.png

Credit: Youtube

စခရင်အောက်ဆုံးမှာ "Home," "Subscriptions," "Library," တို့နဲ့ အတူ ရှိနေကျ "Explore" အစား "Shorts" က နေရာဝင်ယူထားလိမ့်မယ်။ လောလောဆယ် မပေါ်သေးရင် မကြာခင်မှာ update ရတဲ့အခါ ပေါ်လာပါလိမ့်မယ်။ "Explore" က အပေါ်တန်းကို နေရာပြောင်းသွားတယ်။

 

 sample.png

 

Youtube မိုဘိုင်းအက်ပ်ရဲ့ YouTube Shorts မှာ ကဏ္ဍနှစ်ခု ရှိတယ်။ တစ်ခုက ဗီဒီယိုအတိုတွေကို ကြည့်ရှုဖို့ ဖြစ်ပြီး ကျန်တစ်ခုက ဗီဒီယိုအတို ဖန်တီးဖို့ ဖြစ်ပါတယ်။

YouTube Shorts ဗီဒီယိုအတိုက အများဆုံး စက္ကန့် ၆၀ အထိ ခွင့်ပြုပါတယ်။
YouTube Shorts က စီစဉ်ပေးထားတဲ့ သီချင်းတွေ ၊ ဂီတသံတွေကို အသုံးပြုလို့ ရတယ်။ တခြားသူရဲ့ သီချင်းဂီတကို သုံးစွဲထားရင် အများဆုံး ၁၅ စက္ကန့်အထိသာ ခွင့်ပြုမှာ ဖြစ်ပါတယ်။
ကိုယ်ဖန်တီးထားတဲ့ ဗီဒီယိုအတိုကို တင်ထားပြီးတဲ့အခါ တခြားသူတွေ ရှာတွေ့ဖို့အတွက် ဟက်ရှ်တက်တွေ ထည့်ပေးတာမှာ "#shorts" ကို ပါအောင် ထည့်သုံးသင့်တယ်လို့ ဆိုကြပေမဲ့ မသုံးရင်လည်း YouTube က ရှာဖွေသူတွေ တွေ့အောင် ထုတ်ပြပေးမှာ ဖြစ်ပါတယ်။ စက္ကန့် ၆၀ နဲ့အောက် ဗီဒီယိုတွေ တန်းစီပြီး ထုတ်ပြပေးလိုက်မှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)