မြန်မာ Android App အကြောင်းအချက်များ - ဒေါင်းယူတဲ့ ကြိမ်ရေအရ Top 10 Myanmar Publisher စာရင်းဝင်တွေက ဘယ်သူတွေလဲ

မြန်မာ Android App အကြောင်းအချက်များ  - 

ဒေါင်းယူတဲ့ ကြိမ်ရေအရ Top 10 Myanmar Publisher စာရင်းဝင်တွေက ဘယ်သူတွေလဲ

 

sdks

1 Bagan Innovation Technology

Bagan Innovation Technology က နံပါတ်(၁) နေရာမှာ ရှိနေပါတယ်။

ထင်ရှားတဲ့ အက်ပ်တွေက 

Bagan - Myanmar Keyboard, 

Wun Zinn - Myanmar Book, - 

Shwe Nar Sin Audio Book, 

ရွှေနားဆင် အသံသွင်းစာအုပ် 

 Min Thein Kha Baydin (မင်းသိင်္ခ ဗေဒင်)

စသည်တို့ ဖြစ်ပါတယ်။

အက်ပ် စုစုပေါင်း ၁၇ ခု ပိုင်ဆိုင်ထားပြီး ၎င်းအက်ပ်အားလုံးပေါင်း ဒေါင်းယူကြိမ်ရေက 22.33m+  ဖြစ်ပါတယ်။

 

 

2 Telenor Myanmar Limited

Telenor Myanmar Limited က ဒုတိယ နေရာမှာ ရှိနေပါတယ်။ 

Telenor Myanmar Limited က နော်ဝေးအစိုးရရဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Telenor Groupရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ 

Telenor Myanmar မှ တင်ထားတဲ့ အက်ပ်တွေက 

MyTelenor, 

MyTune - Telenor Myanmar, 

Telenor Myanmar Eagle App

တို့ ဖြစ်ပါတယ်။

အက်ပ် ၃ ခု စုစုပေါင်း ဒေါင်းယူကြိမ်ရေက 11.81m+ ဖြစ်ပါတယ်။ 

 

 

3 Telecom International Myanmar Limited

Telecom International Myanmar Limited က တတိယနေရာမှာ ရှိပါတယ်။ Telecom International Myanmar က  MyID – Your Digital Hub, MytelPay, Mytel mBCCS, Mytel Pay Agent အပါအဝင် အက်ပ် ၁၅ ခု ပိုင်ဆိုင်ပြီး ၎င်းတို့အားလုံးရဲ့ စုစုပေါင်း ဒေါင်းယူကြိမ်ရေက  10.12m+ ဖြစ်ပါတယ်။ 

 

 

4 Ooredoo Myanmar

မြန်မာနိုင်ငံမှာ အကြီးမားဆုံး app publisher တွေထဲမှာ Ooredoo Myanmar က စတုတ္ထနေရာမှာ  ရှိနေပါတယ်။

 Ooredoo Myanmar က My Ooredoo Myanmar, M-Pitesan, Mizzima TV, Ooredoo Sales force တို့ကို ဖန်တီးထားပါတယ်။ အဲဒီအက်ပ် ၃ မျိုး စုစုပေါင်း ဒေါင်းယူကြိမ်ရေက  8.02m+  ရှိပါတယ်။

5 ABC Content Solutions

ABC Content Solutions က ပဉ္စမနေရာမှာ ရှိပါတယ်။ ABC Content Solutions က Mahar Mobile လက်အောက်မှ လုပ်ငန်းဖြစ်ပါတယ်။ ၎င်းရဲ့ အက်ပ်က ရုပ်ရှင်စာကြည့်တိုက် အကြီးစားကို ဈေးကွက်အတွက် ဖန်တီးပေးထားပါတယ်။  ABC Content Solutions မှ ဖွံ့ဖြိုးထုတ်လုပ်ထားတဲ့ အက်ပ်တွေက Mahar, Mahar TV, နဲ့  Mahar TV တို့ ဖြစ်ပါတယ်။ လုပ်ငန်းအနေဖြင့် အက်ပ်နှစ်ခု ပိုင်ဆိုင်ထားပြီး စုစုပေါင်း ဒေါင်းယူကြိမ်ရေက 6.71m+ ဖြစ်ပါတယ်။

 

 

6 Myanma Posts and Telecommunications

Myanma Posts and Telecommunications က ဆဌမနေရာမှာ ရှိနေပါတယ်။ MPT လို့ အတိုကောက်ဖြင့် လူသိများတဲ့ Myanma Posts and Telecommunications ကို  MPT 4 U, MPT Ballone, MPT Lo Ta Ya, MPT MNL - Myanmar National League Official App နဲ့  MPT Books - Read Novels,Comics,Journals,Magazines အက်ပ်တွေ လုပ်ကိုင်ပြီး လုပ်ငန်းက ပိုင်ဆိုင်တဲ့ အက်ပ် ၃ မျိုး စုစုပေါင်း ဒေါင်းယူကြိမ်ရေက 5.98m+  ဖြစ်ပါတယ်။

 

 

7 Wave Money

Wave Money က သတ္တမနေရာမှာ ရှိပါတယ်။ Wave Money က WavePay - Myanmar Money Transfer & Online Payments နဲ့  Shwe Toe တို့ကို ဖန်တီးထုတ်ဝေပါတယ်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအတွက် ဖန်တီးထားတဲ့ အက်ပ်ကို နိုင်ငံတစ်လွှား ကိုယ်စားလှယ်များ ဖြန့်ကျက်ထားရှိပြီး အသုံးပြုပါတယ်။ အက်ပ် နှစ်မျိုးရဲ့ စုစုပေါင်း ဒေါင်းယူကြိမ်ရေက  5.81m+  ဖြစ်ပါတယ်။

 

 

8 Kalock IT Network

Kalock IT Network က အဌမနေရာမှာ ရှိနေပြီး တစ်ခုတည်းသော အက်ပ်ကို ဒေါင်းယူတဲ့ကြိမ်ရေ 4.18m+ ရှိပါတယ်။

 

 

9 Myanmar Keyboard Developer

နဝမနေရာမှာ Myanmar Keyboard Developer ရှိနေပြီး ၎င်းရဲ့ တစ်ခုတည်းသော အက်ပ်ကို ဒေါင်းယူတဲ့ကြိမ်ရေ 3.39m+  ရှိပါတယ်။

 

 

10 TTA dev

ဒသမနေရာမှာ ရှိနေတဲ့ TTA dev mobile app developer နဲ့  publisher ဖြစ်ပြီးTTA MI Finddevice Mi Cloud Lock Check, ဖေ့ဘုတ် စွယ်စုံ နည်းလမ်းများ TTA SAM Myanmar Font 8, TTA Unicode Changer အစရှိတာတွေရဲ့ ဖန်တီးရှင် ဖြစ်ပါတယ်။ အက်ပ် ၁၀ ခု ပိုင်ဆိုင်ထားပြီး စုစုပေါင်း ဒေါင်းယူကြိမ်ရေ 3.07m+ ရှိပါတယ်။

Read times
Rate this item
(1 Vote)