Xiaomi ၏ စမတ်ဖုန်းများတွင် ဆင်ဆာဖြတ်ခြင်း မတွေ့ဟု ဂျာမန်စောင့်ကြည့်ရေးအဖွဲ့က ပြောကြား

Xiaomi ၏ စမတ်ဖုန်းများတွင် ဆင်ဆာဖြတ်ခြင်း မတွေ့ဟု ဂျာမန်စောင့်ကြည့်ရေးအဖွဲ့က ပြောကြား

Xiaomi ၏ စမတ်ဖုန်းများတွင် ဆင်ဆာဖြတ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက် အထောက်အထားများ မရှိကြောင်း ဂျာမန်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ထိုပြောကြားချက်က ၂၀၂၁ ခုနှစ်တွင် လစ်သူ‌ေဝးနီးယားမှ အဝေးထိန်း ဆင်ဆာဖြတ်တောက်မှုပြုသည်ဟူသော စွပ်စွဲချက်ကို ချေဖျက်လိုက်သည်။

ဂျာမန်အိုင်တီစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က Xiaomi စမတ်ဖုန်းများတွင် ဆင်ဆာဖြတ်တောက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက် အထောက်အထားတစ်စုံတစ်ရာ မတွေ့ရှိရပါဟု ထုတ်ပြန်ကြေညာပါသည်။

၎င်းအဖွဲ့က ဆင်ဆာကိစ္စရပ်ကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ မလိုကြောင်းလည်း ယတိပြတ် ပြောကြားသည်။

Xiaomi သည် ၎င်း၏ဖုန်းများကို ဆင်ဆာဖြတ်နိုင်စွမ်းရှိနေသည်ဟု လစ်သူ‌‌ေးနီးယားက စွပ်စွဲပြီးနောက် ဂျာမနီမှ အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် လစ်သူ‌ေဝးနီးယားနိုင်ငံသည် တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ကို ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ရာ၌ Xiaomi စမတ်ဖုန်းများတွင် သတ်မှတ်ထားသော ဝေါဟာရများကို ဆင်ဆာဖြတ်တောက်ရန် လုပ်ဆောင်ချက် ပါရှိသည်။ သတ်မှတ်ဝေါဟာရများကို အဝေးမှ လိုအပ်သလို ပြင်ဆင်ပြဌာန်း နိုင်သည်ဟု ဆိုထားသည်။
ထိုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း Xiaomi က ငြင်းဆိုခဲ့သော်လည်း မလိုလားအပ်သော ကြောမငြာများ ပြသခြင်း မပြုနိုင်အောင် ပိတ်ပင်ထားခြင်းသာ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ဂျာမန်အိုင်တီစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကုိ ငှားရမ်းပြီး စူးစမ်းစစ်ဆေးစေခဲ့ရာ Xiaomi ဆင်ဆာဖြတ်သည့် တန်ဆာပလာများကို Xiaomi ၏ ကိရိယာများတွင် အထောက်အထား မတွေ့ရှိကြောင်း အဖြေ ထွက်ပေါ်ခဲ့သည်။

"ရလဒ်အရ နောက်ထပ် စုံစမ်းစစ်ဆေးမှု ဒါမှမဟုတ် တခြားအစီအမံတွေ လိုအပ်မယ့် မူမမှန်တာတွေ တစ်ခုမျှ ဖော်ထုတ်သတ်မှတ်ပေးနိုင်ခြင်းမရှိပါဘူး" ဟု ကြေညာချက်ကို ရိုက်တာ သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ဂျာမန်အိုင်တီစောင့်ကြည့်ရေးအဖွဲ့သည် လစ်သူဝေးနီးယား၏ စွပ်စွဲချက်များကို ကျောထောက်နောက်ခံ ပြုပေးနိုင်သည့် အခြင်းအရာ ဟူ၍ မည်သည့်အရာမျှ မတွေ့ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

androidauthority.com

Read times
Rate this item
(0 votes)