တရုတ်ပြည် လော့ဒေါင်း iPhone iPad MacBook ထုတ်လုပ်မှုအချို့ ရပ်နားထား

တရုတ်ပြည် လော့ဒေါင်း iPhone iPad MacBook ထုတ်လုပ်မှုအချို့ ရပ်နားထား

တရုတ်နိုင်ငံမှာ ကိုဗစ်‌ေလာ့ဒေါင်း စီမံချက် တင်းကျပ်ပြင်းထန်တာ‌ေကြာင့် Apple ထံသို့ ပစ္စည်းပေးသွင်းတဲ့ အချို့လုပ်ငန်းများ အလုပ်ရပ်နားထားရပါတယ်။

iPhone တပ်ဆင်ထုတ်လုပ်ရေး လုပ်ကိုင်တဲ့ Pegatron က ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင် နှစ်ခုကို အာဏာပိုင်မျးက ပြဋ္ဌာန်းတဲ့ လော့ဒေါင်းကြောင့် ရပ်ဆိုင်း ထားရပါတယ်။ ကွမ်ရှန်မြို့မှာ တည်ရှိတဲ့ စက်ရုံကိုလည်း လော့ဒေါင်းကြောင့် ရပ်ထားရကြောင်း စတော့အိပ်ချိန်းကို အစီရင်ခံပါတယ်။

Pegatron မှာ iPhone ထုတ်လုပ်ရေးအတွက် သုံးစွဲတဲ့ လုပ်ငန်းခွင် ၃ ခု ရှိပြီး ၃ ခုစလုံး လော့ဒေါင်းကျလို့ အလုပ်ရပ်ဆိုင်းထားပါတယ်။ Pegatron မှာ iPhone ထုတ်လုပ်ရေးအတွက် အိန္ဒိယမှာ စက်ရုံအသစ်တစ်ရုံရှိသော်လည်း လုပ်ငန်းလည်ပတ်မှု မစတင်ရသေးပါဘူး။
Apple ရဲ့ တစ်နှစ်တာ ကာလ iPhone ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၀ မှ ၃၀% အထိ Pegatron က ထုတ်လုပ်ပေးပါတယ်။

notebook ကို ကန်ထရိုက်ယူပြီး ထုတ်လုပ်ပေးတဲ့ လုပ်ငန်းများအနက် အကြီးဆုံးလုပ်ငန်းတစ်ခု ဖြစ်တဲ့ Quanta က Apple ရဲ့ MacBook အဓိက ထုတ်လုပ်ပေးတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ တည်ရှိတဲ့ ၎င်းရဲ့ ကုန်ထုတ်လုပ်ငန်း လော့ဒေါင်းချထားလို့ အလုပ် ရပ်ဆိုင်းထားရပါတယ်။
Quanta က ကန်ထရိုက်ရယူပြီး ထုတ်လုပ်ပေးတဲ့ brand တွေထဲမှာ Dell နှင့် HP တို့လည်းပါဝင်ပြီး ရှန်ဟိုင်းရှိ ၎င်းရဲ့စက်ရုံ ထုတ်လုပ်နိုင်စွမ်း ၂၀% ကို Dell နှင့် HP တို့အတွက် ထုတ်လုပ်ပေးလျက် ရှိတာကို ယခုအခါ ရပ်ဆိုင်းထားရပါတယ်။

iPad နှင့် notebook တပ်ဆင်ထုတ်လုပ်ပေးတဲ့ လုပ်ငန်း Compal Electronics ရဲ့ ကွမ်ရှန်မြို့မှာ တည်ရှိတဲ့ စက်ရုံ အလုပ်ရပ်ထားရပါတယ်။

ရှန်ဟိုင်းမှ နည်းပညာပစ္စည်း၊ အင်တာနက်ဆိုင်ရာပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအားလုံး လော့ဒေါင်းကြောင့် အလုပ်ရပ်ထားကြရတာ ၂၀၂၂ ဧပြီလ ၂ ရက် ကတည်းက ဖြစ်ပါတယ်။ BizLink , Unimicron, Nan Ya Printed Circuit Board တို့လည်း ပါဝင်ပါတယ်။

Taiwan Financial Supervisory Commission မှ ပြုလုပ်တဲ့ စစ်တမ်းအရ တိုင်ဝမ် ကုမ္ပဏီစာရင်းဝင် လုပ်ငန်း စုစုပေါင်း ၁၆၁ ခု တရုတ်ပြည်မှာ လော့ဒေါင်းချထားတာ ခံနေရပါတယ်။အများစုက အီလက်ထရွန်းနစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ရှန်ဟိုင်းနှင့် ကွမ်ရှန်တို့ဟာ အီလက်ထရွန်းနစ် ပစ္စည်း အမျိုးမျိုး ထုတ်လုပ်တဲ့ အကြီးမားဆုံးအချက်အချာများ ဖြစ်ပါတယ်။

စူကျိုမှာ လုပ်ကိုင်နေတဲ့ အီလက်ထရွန်းနစ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရေး လုပ်ငန်းများလည်း လော့ဒေါင်းကျနေပါတယ်။

iPhone တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်း Luxshare Precision Industry ကို Luxshare-ICT လို့ လူသိများပါတယ်။ ၎င်းမှာ စက်ရုံ တစ်ရုံသာ ရှိပြီး ကွမ်ရှန်မှာ တည်ရှိတာကြောင့် လော့ဒေါင်းချခံထားရထားပေမဲ့ စက်ရုံမှာ အဝင်အထွက် ပိတ်ပင်ပြီး လုပ်ငန်း လည်ပတ်နေပါတယ်။ လုပ်သားများအိမ်မပြန်ဘဲ စက်ရုံအတွင်းမှာပဲ နေထိုင်ပြီး အလုပ်လုပ်ကြရပါတယ်။ တပ်ဆင်စရာလက်ကျန်ပစ္စည်း ကုန်သွားခဲ့ရင်တော့ အလုပ်ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)