Samsung က LCD ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်း

Samsung က LCD ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်း

 

Samsung က LCD ထုတ်လုပ်မှု ရပ်တော့မယ်လို့ ပြောခဲ့တာ နှစ်အတော်ကြာပါပြီ။ ယခုမှ တကယ်ရပ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂၂ ဇွန်လမှ စပြီး Samsung Display က liquid-crystal displays (LCD) ထုတ်လုပ်မှု အပြီးအပိုင်ရပ်ပါပြီ။

စမတ်ဖုန်းတွေ ကွန်ပျူတာတွေ တခြားအီလက်ထရွန်းနစ်ပစ္စည်းတွေအတွက် LCD panel  ခေတ်ကုန်သွားတာတော့ မဟုတ်ပါဘူး။ တရုတ်နှင့် တိုင်ဝမ်တို့မှ ထုတ်လုပ်သူများက ဆက်လက်ထုတ်လုပ်နေဦးမှာပါ။ 

Samsung က LCD ထုတ်လုပ်တဲ့ လုပ်ငန်းကဏ္ဍ အပိုင်းအကန့်မှ အပြီးအပိုင်နုတ်ထွက်လိုက်တာဟာ တရုတ်နှင့် တိုင်ဝမ်တို့မှ ထုတ်လုပ်သူများကို ဆက်လက် မယှဉ်ပြိုင်တော့ဘဲ ရှောင်ထွက်လိုက်တာ ဖြစ်ပါတယ်။

 

 Samsung Display က  OLED (organic light-emitting diode) နှင့် Quantum Dot (QD) display တို့ကို ဆအားပိုထည့်ပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

ယခုအခါမှာ စမတ်ဖုန်းတွေအတွက် OLED panel က အကောင်းဆုံး ဖြစ်နေပါတယ်။

LCD screen သုံးလက်စဖြင့် ဆက်သုံးနေကြတာ ရှိနေဆဲ ဖြစ်ပေမဲ့ ဂုဏ်ဆောင် flagship၊ ပရီမီယံ အလယ်အလတ် တို့မှာ OLED display ကို သုံးနေကြပါပြီ။

ပီစီတွေ လက်ပ်တော့တွေမှာတော့ LCD ကို အသုံးများနေဆဲ ဖြစ်ပါတယ်။

 

MyanmarICTGuide

 

Additional Info

  • Sidebar Banner: 3076-samsung-lcd
Read times
Rate this item
(0 votes)