Telenor မှ E-Top Up ဖြင့် ငွေဖြည့်ပါက ၅၀% အပိုဆုရမည့် အစီအစဉ်

Telenor မှ E-Top Up ဖြင့် ငွေဖြည့်ပါက ၅၀% အပိုဆုရမည့် အစီအစဉ် Google

ဗုဒဟူးနေ့တိုင်း Easy Bill (E-Load Top Up) ဖြင့် ငွေ ၁၀,၀၀၀/-ကျပ်နှင့်အထက် ဖြည့်သွင်းပါက ၅၀% အထိ အပိုဆုရရှိမည် ဖြစ်ကြောင်းကို တယ်လီနော မြန်မာမှ သိရသည်။

၂၀၁၇ ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ ပရိုမိုးရှင်း အစီအစဉ်ကို စတင့်ခဲ့ပြီး အပိုဆုကြေးကို ၃ရက်အတွင်း အသုံးပြုရမည်ဖြစ်ကြောင်းကို ကြေညာထားသည်။

ငွေဖြည့်ပမာဏအလိုက် ရရှိသည့် အပိုဆုကြေးကို မြန်မာနိုင်ငံအတွင်း တယ်လီနော ဖုန်းအချင်းချင်း ခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် Internet အသုံးပြုခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

သို့သော် Data Package ဝယ်ယူအသုံးပြုမှုနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းလည်း သိရှိရပါသည်။

ပုံမှန် ဗုဒဟူးနေ့ ငွေဖြည့်အစီအစဉ်တွင် ၃၀၀၀ကျပ် ဖြည့်သွင်းပါက ၁၀% သာ အပိုဆုရရှိမည် ဖြစ်သည်။ ယခုတွင် ၁၀၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းလျှင် ၅၀% အပိုဆုရမည် ဖြစ်ပါသည်။

တယ်လီနော်မြန်မာ၏ ပရိုမိုးရှင်း အစီအစဉ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သောကြာနေ့ ပရိုမိုးရှင်းအစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးထားသည်။

စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုများကို Ooredoo မှ ၂၀၁၇ အတွင်း ဈေးနှုန်းလျှော့ချ၍ ပြိုင်ဆိုင်ခဲ့ပြီး Telenor မှ Internet Package ဝယ်ယူအသုံးပြုခြင်းမှ သတ်မှတ်ရက်အတွင်း အသုံးပြုရန်ကျန်ရှိသည့် Data များကို “ပါဆယ်” ဟူသော အမည်ဖြင့် ရက်ပေါင်း ၉၀ ဆက်လက်အသုံးပြုနိုင်သည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့သည်။

Source: 7 Days Journal

Read times
Rate this item
(2 votes)