Samsung ပရိသတ်တွေမျှော်နေတဲ့ Samsung Galaxy Note 9

Samsung ပရိသတ်တွေမျှော်နေတဲ့ Samsung Galaxy Note 9 Google

ပိုလန်ဝက်ဘ်ဆိုက်တစ်ခုက လာမယ့်သြဂုတ်လ 9 ရက်နေ့မှာ မိတ်ဆက်လာမယ့် Samsung Galaxy Note 9 နှင့်ပတ်သက်ပြီး အရေးပါတဲ့ သတင်းအချက်အလက်အချို့ကို ဖော်ပြလာပါတယ်။

အဆိုပါ ပိုလန်ဝက်ဘ်ဆိုက်က Samsung Galaxy Note 9 ရဲ့ဈေးနှုန်းနှင့် စတင်ရောင်းချမယ့်ရက်ကို ဖော်ပြလာတာ ဖြစ်ပါတယ်။
တကယ်တော့ အထက်ပါသတင်းအချက်အလက်နှစ်ခုက Samsung Galaxy Note 9 ကို စောင့်ဆိုင်းနေသူတိုင်း သိချင်နေကြတဲ့အချက်တွေပါ။
ယင်းဝက်ဘ်ဆိုက်မှာ ဖော်ပြမှုအရ Samsung Galaxy Note 9 ရဲ့ဈေးနှုန်းက ဈေးနှုန်း ဒေါ်လာ 1,158 ဖြစ်လာမှာဖြစ်ကြောင်း သိရပါတယ်။
RAM 8GB နှင့် 128GB ပါဝင်ပါတယ်။
အထက်ပါဈေးနှုန်းက ပိုလန်မှာ ရောင်းချမယ့်ဈေးနှုန်း ဖြစ်ပါတယ်။
အခြားဈေးကွက်များနှင့် ကွာခြားချက် အနည်းငယ် ရှိနိုင်ပါတယ်။
Samsung Galaxy Note 9 ကို ပိုလန်ဈေးကွက်မှာ သြဂုတ်လ 24 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Samsung Galaxy Note 9 ကို မိတ်ဆက်တဲ့ သြဂုတ်လ 9 ရက်နေ့မှ စတင်ပြီး ကြိုတင်အမှာ လက်ခံပါမယ်။
Samsung Galaxy Note 9 က မျက်နှာပြင် 6.4 လက်မရှိပြီး Super AMOLED 18.5:9 သုံးလာပါမယ်။ Exynos 9810 သုံးလာပါမယ်။
အမေရိကန်၊ တရုတ်ဈေးကွက်တို့မှာ ရောင်းချတဲ့ဖုန်းများမှာတော့ Qualcomm Snapdragon 845 SoC သုံးလာမှာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံများအရ Samsung Galaxy Note 9 မှာ လက်ဗွေရာစနစ်ကို ကျောဘက်ကင်မရာနှစ်လုံးအောက်မှာ ထည့်သွင်းလာမှာဖြစ်ကြောင်း တွေ့ရပါတယ်။
ဘက်ထရီ 4000 mAh အထိ ပါဝင်လာပါမယ်။
Samsung Galaxy Note 9 နှင့်ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းကတော့ ဒီဖုန်းရဲ့ပိုစတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါက်ကြားလာတာ ဖြစ်ပါတယ်။
ဓာတ်ပုံမှာပါဝင်တဲ့ဖုန်းက ခရမ်းရောင်ဗားရှင်းဖြစ်ပြီး S Pen က ရွှေရောင် ဖြစ်ပါတယ်။ နားကြပ်ပေါက်ပါဝင်ပြီး မျက်နှာပြင်ထောင့်ကွေး သုံးထားပါတယ်။

Source : NetGuide

Read times
Rate this item
(0 votes)