Snapdragon 855 နဲ့ S10e ထက် ဈေးသက်သာမယ့် Galaxy A90

Snapdragon 855 နဲ့ S10e ထက် ဈေးသက်သာမယ့် Galaxy A90 google

Samsung က ဒီနှစ်မှာတော့ Flagship Processor ဖြစ်တဲ့ Snapdragon 855 Processor ကို ပုံမှန်ထွက်နေကြ Galaxy S Series ဖုန်းတွေနဲ့ Note Series ဖုန်းတွေတင်မဟုတ်ဘဲ Mid Range A Series ဖုန်းမှာပါ သုံးလာမယ်လို့ သိရပါတယ်။


အခုသတင်းကလုံးဝသေချာနေတာတော့မဟုတ်သေးပေမယ့် Samsung က Flagship Series တွေမဟုတ်ဘဲ စွမ်းဆောင်ရည်မြင့်ပြီး ဈေးသက်သာတဲ့ ဖုန်းအသစ်တစ်ခုထပ်ထုတ်လုပ်မယ်ဆိုတာကတော့ သေချာသလောက်ဖြစ်နေပါတယ်။ အဲ့ဒီအတွက် အဆိုပါ Snapdragon 855 Processor နဲ့ စမတ်ဖုန်းသစ်က လက်ရှိမှာသတင်းတွေပေါက်ကြားနေတဲ့ Galaxy A90 ဖုန်းဖြစ်လာဖို့ပိုပြီး အခွင့်အလမ်းတွေများနေတာပါ။


လက်ရှိသိထားတဲ့ သတင်းတွေအရတော့ Samsung Galaxy A90 စမတ်ဖုန်းဟာ လက်ရှိထွက်ထားတဲ့ A Series စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမှာဖြစ်ပြီးတော့ Snapdragon 855 Processor ၊ AMOLED Display ၊ Under-Display Fingerprint Scanner နဲ့ Selfie အနေနဲ့ပါ လှည့်ပြီးအသုံးပြုနိုင်မယ့် 48MP Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။


ဘာပဲဖြစ်ဖြစ် ဒီ Samsung ရဲ့ Galaxy A90 စမတ်ဖုန်းက ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ ဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် OnePlus နဲ့ Xiaomi တွေအတွက် စိုးရိမ်စရာပြိုင်ဘက်တစ်ခုဖြစ်လာတော့မှာပါ။

 


Credit;Akhayar

Read times
Rate this item
(1 Vote)