Google Meet ကို Gmail app နဲ့ တွဲလွှတ်မည်

ဗီဒီယို ကွန်ဖရင့် ပလက်ဖောင်းမှာ Google Meet ဟာ နုနယ်တဲ့သက်တမ်းသာ ရှိနေပေမဲ့

ရှေ့မှ နောင်တော်တွေကို ကျော်တက်ဖို့ ကြိုးပမ်းအားထုတ်မှုတစ်ရပ် အဖြစ် Google Meet ကို Gmail နဲ့ တွဲလွှတ်မည်။

ဘာလို့ Gmail နဲ့ တွဲပြီး လွှတ်ရတာလဲ
Gmail app က Android နဲ့ iOS ကိရိယာတွေမှာ မရှိမဖြစ် အက်ပ်တစ်ခုအဖြစ် သုံးနေကြတယ်။
Android ကိရိယာတွေ အက်ပ် တင်ဖို့ ထားရှိတဲ့ Play Store မှာ Gmail app ရယူတဲ့ကြိမ်ရေက ၅ ဘီလျံအထက်မှာ ရှိနေတယ်။ ဒီတော့ Google Meet ကို Gmail app နဲ့ တွဲလွှတ်တဲ့အခါ Gmail တင်ထားတဲ့ ဖုန်းတွေ၊ တက်ပလက်တွေမှာ Google Meet က အလိုလို တင်ပြီးသား ဖြစ်သွားတော့မှာမို့ Google Meet တင်ထားတဲ့ Android ကိရိယာ အရေအတွက်ကလည်း အလိုလို ဘီလျံချီသွားတော့မှာ ဖြစ်ပါတယ်။
ဘီလျံချီ အရေအတွက် ရှိနေတဲ့ ဖုန်းထဲမှာ Google Meet ရောက်နေပြီဆိုတော့ Google Meet သုံးဖြစ်ကြမယ်။ သုံးစွဲသူဦးရေ ရုတ်ချည်း များသွားမယ်။
တစ်နည်းပြောရရင် Google က ဗီဒီယို ကွန်ဖရင့် ဈေးကွက်တိုက်ပွဲမှာ အနိုင်ရဖို့ တိုက်ကွက်တစ်ခု ဖြစ်ပါတယ်။
ဗီဒီယို ကွန်ဖရင့်မှာ Zoom က ရှေ့မှ ရှိနေနှင့်တဲ့ Microsoft Teams နဲ့ Skype တို့ကို သုံးစွဲသူဦးရေအရ ကျော်တက်သွားခဲ့တယ်။ အဲဒီသုံးခုစလုံး သူ့ပရိသတ်နဲ့သူ ရှိနေကြပြီး သုံးစွဲသူဦးရေတွေလည်း တိုးနေချိန်မှာ Google က နောက်ကျကျန်ရစ်တယ်။ လူအုပ်စုဖြင့် ကျင်းပတဲ့ video conferencing platform မှာ ၂၀၂၀ မေလမှ ဟုတ်တိပတ်တိ နေရာဝင်ယူတာ ဖြစ်တယ်။

ဖုန်းသုံးစွဲသူတွေရဲ့ စမတ်ဖုန်းမှာ အက်ပ်အသစ်တစ်ခု တင်စေဖို့ဆိုတာ အတော်မလွယ်ဘူး။ Google က ဖန်တီးပေးလိုက်တဲ့ အက်ပ် ဆိုတာနဲ့တော့ ဖုန်းမှာ အဲဒီအက်ပ်ကို မတင်ကြဘူး။ Zoom တင်ထားပြီးသား ဖုန်းမှာ Google Meet ကို ထပ်တင်ပြီး အစမ်းသုံးကြည့်ကြမှာ မဟုတ်ဘူး။
ဒီတော့ Google က Gmail ယူထားရင် Google Meet ကိုပါ ယူစေပြီး ဖုန်းတွေထဲ Google Meet ရောက်အောင် လမ်းကြောင်းဖော်လိုက်တာ ဖြစ်ပါတယ်။ Gmail ကို အမြဲလိုလို သုံးစွဲနေသူ ၁ . ၅ ဘီလျံကို Google Meet သုံးကြအောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်ပြည်မှတစ်ပါး အခြားနိုင်ငံတွေမှာ Android စမတ်ဖုန်းမှာ Gmail က အသစ်ဝယ်ကတည်းက ပါလာပြီးသား ဖြစ်ပါတယ်။ preinstalled တင်ကြို တင်ပေးထားပြီးသား ဖြစ်ပါတယ်။ Google ကလည်း တစ်ကမ္ဘာလုံးကို Gmail အခမဲ့ သုံးစွဲခွင့် ပေးထားတဲ့ ရွှေစည်းမျဉ်းကို ဆက်လက် ထိန်းသိမ်းထားတယ်။
Gmail ထဲမှာ Google Meet ပါလာတာမို့ လုပ်ကိုင်မှုအပိုင်းမှာ ဘာမှ ထိခိုက်မှု မရှိဘူး။ ပိုကောင်းသွားဖို့ပဲ ရှိမယ်။ Gmail ထဲမှာ ဗီဒီယို ထည့်လွှတ်လို့ ရသွားနိုင်တယ်။

 

Google Meet ကို Gmail app နဲ႔ တြဲလႊတ္မည္

ဗီဒီယို ကြန္ဖရင့္ ပလက္ေဖာင္းမွာ Google Meet ဟာ ႏုနယ္တဲ့သက္တမ္းသာ ရွိေနေပမဲ့ ေရွ႕မွ ေနာင္ေတာ္ေတြကို ေက်ာ္တက္ဖို႔ ႀကိဳးပမ္းအားထုတ္မႈတစ္ရပ္ အျဖစ္ Google Meet ကို Gmail နဲ႔ တြဲလႊတ္မည္။

ဘာလို႔ Gmail နဲ႔ တြဲၿပီး လႊတ္ရတာလဲ
Gmail app က Android နဲ႔ iOS ကိရိယာေတြမွာ မရွိမျဖစ္ အက္ပ္တစ္ခုအျဖစ္ သုံးေနၾကတယ္။
Android ကိရိယာေတြ အက္ပ္ တင္ဖို႔ ထားရွိတဲ့ Play Store မွာ Gmail app ရယူတဲ့ႀကိမ္ေရက ၅ ဘီလ်ံအထက္မွာ ရွိေနတယ္။ ဒီေတာ့ Google Meet ကို Gmail app နဲ႔ တြဲလႊတ္တဲ့အခါ Gmail တင္ထားတဲ့ ဖုန္းေတြ၊ တက္ပလက္ေတြမွာ Google Meet က အလိုလို တင္ၿပီးသား ျဖစ္သြားေတာ့မွာမို႔ Google Meet တင္ထားတဲ့ Android ကိရိယာ အေရအတြက္ကလည္း အလိုလို ဘီလ်ံခ်ီသြားေတာ့မွာ ျဖစ္ပါတယ္။
ဘီလ်ံခ်ီ အေရအတြက္ ရွိေနတဲ့ ဖုန္းထဲမွာ Google Meet ေရာက္ေနၿပီဆိုေတာ့ Google Meet သုံးျဖစ္ၾကမယ္။ သုံးစြဲသူဦးေရ ႐ုတ္ခ်ည္း မ်ားသြားမယ္။
တစ္နည္းေျပာရရင္ Google က ဗီဒီယို ကြန္ဖရင့္ ေဈးကြက္တိုက္ပြဲမွာ အႏိုင္ရဖို႔ တိုက္ကြက္တစ္ခု ျဖစ္ပါတယ္။
ဗီဒီယို ကြန္ဖရင့္မွာ Zoom က ေရွ႕မွ ရွိေနႏွင့္တဲ့ Microsoft Teams နဲ႔ Skype တို႔ကို သုံးစြဲသူဦးေရအရ ေက်ာ္တက္သြားခဲ့တယ္။ အဲဒီသုံးခုစလုံး သူ႔ပရိသတ္နဲ႔သူ ရွိေနၾကၿပီး သုံးစြဲသူဦးေရေတြလည္း တိုးေနခ်ိန္မွာ Google က ေနာက္က်က်န္ရစ္တယ္။ လူအုပ္စုျဖင့္ က်င္းပတဲ့ video conferencing platform မွာ ၂၀၂၀ ေမလမွ ဟုတ္တိပတ္တိ ေနရာဝင္ယူတာ ျဖစ္တယ္။

ဖုန္းသုံးစြဲသူေတြရဲ႕ စမတ္ဖုန္းမွာ အက္ပ္အသစ္တစ္ခု တင္ေစဖို႔ဆိုတာ အေတာ္မလြယ္ဘူး။ Google က ဖန္တီးေပးလိုက္တဲ့ အက္ပ္ ဆိုတာနဲ႔ေတာ့ ဖုန္းမွာ အဲဒီအက္ပ္ကို မတင္ၾကဘူး။ Zoom တင္ထားၿပီးသား ဖုန္းမွာ Google Meet ကို ထပ္တင္ၿပီး အစမ္းသုံးၾကည့္ၾကမွာ မဟုတ္ဘူး။
ဒီေတာ့ Google က Gmail ယူထားရင္ Google Meet ကိုပါ ယူေစၿပီး ဖုန္းေတြထဲ Google Meet ေရာက္ေအာင္ လမ္းေၾကာင္းေဖာ္လိုက္တာ ျဖစ္ပါတယ္။ Gmail ကို အၿမဲလိုလို သုံးစြဲေနသူ ၁ . ၅ ဘီလ်ံကို Google Meet သုံးၾကေအာင္ လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။

တ႐ုတ္ျပည္မွတစ္ပါး အျခားႏိုင္ငံေတြမွာ Android စမတ္ဖုန္းမွာ Gmail က အသစ္ဝယ္ကတည္းက ပါလာၿပီးသား ျဖစ္ပါတယ္။ preinstalled တင္ႀကိဳ တင္ေပးထားၿပီးသား ျဖစ္ပါတယ္။ Google ကလည္း တစ္ကမာၻလုံးကို Gmail အခမဲ့ သုံးစြဲခြင့္ ေပးထားတဲ့ ေ႐ႊစည္းမ်ဥ္းကို ဆက္လက္ ထိန္းသိမ္းထားတယ္။
Gmail ထဲမွာ Google Meet ပါလာတာမို႔ လုပ္ကိုင္မႈအပိုင္းမွာ ဘာမွ ထိခိုက္မႈ မရွိဘူး။ ပိုေကာင္းသြားဖို႔ပဲ ရွိမယ္။ Gmail ထဲမွာ ဗီဒီယို ထည့္လႊတ္လို႔ ရသြားႏိုင္တယ္။

Read times
Rate this item
(0 votes)