Viber သည် GIF ဖန်တီးမှုအင်္ဂါရပ်များကို ထပ်မံဖြည့်စွက်

Viber က feature အသစ်တွေ ဖြည့်ထပ်ပေးနေတယ်။ အဆင့်မြှင့်တင်တာတွေလည်း လုပ်နေတယ်။

group call ဦးရေကန့်သတ်ချက်ကိုလည်း တိုးမြှင့်ပေးခဲ့တယ်၊ မှတ်စုနဲ့ လုပ်ဆောင်ရန် များ မှတ်သားထားလို့ ရအောင် လုပ်ပေးတယ်။

အခု ဗိုက်ဗာသုံးရင် ပိုပျော်စရာကောင်းအောင် ပုံအလှုပ် GIF ဖန်တီးလို့ရမယ့် feature အသစ် ဖြည့်စွက်ပေးလိုက်တယ်။ လောလောဆယ်မှာတော့ အိုင်ဖုန်း iOS. မှာ ရမယ်။ များမကြာခင်မှာ Android ဖုန်းတွေအတွက်လည်း ရလိမ့်မယ်လို့ ဆိုပါတယ်။
message လုပ်တဲ့အခါ ပိုပျော်စရာကောင်းသွားအောင် အခုလို စီမံပေးလိုက်တာဖြစ်တယ်လို့ Viber က ဆိုပါတယ်။ app ရဲ့ camera mode အသစ်ထဲမှာ အလွယ်တကူ ရယူသုံးစွဲလို့ရအောင် စီစဉ်ပေးထားတယ်။ ပုံအလှုပ် GIF လုပ်ဖို့ ဗီဒီယို အသစ်တစ်ခု ရိုက်ပြီး လုပ်လို့ ရသလို ဖုန်းထဲမှာ ရှိနေတဲ့ ဗီီဒီယိုနဲ့လည်း လုပ်ကိုင်လို့ ရတယ်၊ ပုံအလှုပ်ကို အနှေးအမြန် ချိန်လို့ရတယ်။ တစ်ကျော့ပြီး တကျော့ လုပ်လို့ရသလို ပြောင်းပြန် ပြန်သွားတာလည်း လုပ်လို့ ရတယ်။ slow-motion အနှေးပြကွက်လည်း ဖန်တီးလို့ ရမယ်။

 

Read times
Rate this item
(0 votes)