Oppo Reno4 Pro ကို အိန္ဒိယတွင် ဇူလိုင် ၂၀ နှင့် ၂၄ ရက်ကြားတွင် ရောင်းချတော့မည်

Oppo Reno4 Pro ကို အိန္ဒိယတွင် ဇူလိုင် ၂၀ နှင့် ၂၄ ရက်ကြားတွင် ရောင်းချတော့မည် Translated By Aung Win

Oppo သည် ပြီးခဲ့သည့်လအစောပိုင်းက Reno4 နှင့် Reno4 Pro တို့ကို တရုတ်နိုင်ငံတွင် ကြေငြာ ခဲ့ပြီး ကုမ္ပဏီသည် Pro version ကို အိန္ဒိယသို့ မကြာမီ ရောက်ရှိလာတော့မည်ဟု သတင်းများထွက်ပေါ်နေပါတယ်။

 

တရုတ်ဖုန်းထုတ်လုပ်သူသည် အိန္ဒိယတွင် Reno4 Pro စတင်မိတ်ဆက်မည့်နေ့ရက်ကို မကြေညာသေးသော်လည်းဇူလိုင်လ ၂၀ ရက်မှစ၍ စမတ်ဖုန်းကိုပွဲထုတ်တော့မယ်လို့ သိရပါတယ်။

 

Reno4 သည် Pro version နှင့်တွဲဖက်မလား၊ အိန္ဒိယယူနစ်များသည် တရုတ်လုပ်ဖော်ကိုင်ဖက်များ၏ သတ်မှတ်ချက်များကို ဆက်လက်ထိန်းထားမည်လား (သို့) မတူကွဲပြားသောသတ်မှတ်ချက်များနှင့် အတူလာမည်လား ဆိုတာကိုတော့ စောင့်ကြည့်နေရဦးးမှာ ဖြစ်ပါတယ်။

 

Reno4 နှင့် Reno4 Pro နှစ်မျိုးလုံးသည် Snapdragon 765G SoC နှင့် 4,000 mAh battey ပါဝင်ပြီး 65W fast charging အသုံးပြုပေးထားတာကို တွေ့ရပါတယ်။ စမတ်ဖုန်းနှစ်ခုလုံးတွင် FullHD + AMOLED မျက်နှာပြင်များပါရှိပြီး vanilla Reno4 သည် ၆.၄၃ လက်မ နှင့် Pro မှာ မျက်နှာပြင် ၆.၅၅ လက်မ နှင့် Refresh Rate 90Hz ရှိပါတာကို တွေ့ရပါတယ်။

 

Oppo Reno 4 နှင့် Oppo Reno 4 Pro တို့၏ အသေးစိတ်အချက်များကို သိရှိလိုပါက အောက်ပါ လင့်ဝင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

Oppo Reno4 5G

Oppo Reno4 5G
MORE PICTURES

 

 

Oppo Reno 4 Pro 5G

Oppo Reno4 Pro 5G
MORE PICTURES

 

Ref:GSM 

Read times
Rate this item
(1 Vote)