နောက်ဆုံးပေါ် Samsung Galaxy A21s စမတ်ဖုန်းအသစ်အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

၂၀၂၀ ခုနှစ် - စွမ်းဆောင်ရည်မြင့်မားသော စမတ်ဖုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရယူသုံးစွဲလိုသူများအတွက်

အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် နောက်ဆုံးပေါ် Galaxy A Series မျိုးဆက်အသစ် A21s စမတ်ဖုန်း အား Samsung Myanmar မှ ယနေ့ စတင် မိတ်ဆက်ခဲ့သည်။ သာမန် mid-range စမတ်ဖုန်းများထက် ပိုမိုအဆင့်မြင့်မားကောင်းမွန်သော လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည့် Galaxy A21s စမတ်ဖုန်း အသစ်တွင် စွမ်းဆောင်ရည်မြင့် ကင်မရာ ၄ လုံး၊ ကြာရှည်ခံ 5000 mAh ပမာဏရှိ ဘက်ထရီနှင့် ကြီးမားကျယ်ပြန့်သော HD+ infinity-O မျက်နှာပြင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

“ကျွန်တော်တို့ Samsung အနေနဲ့ အဆင့်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ အကောင်းမွန်ဆုံး စမတ်ဖုန်းတွေကို သင့်တင့်မျှတမှု အရှိဆုံး နှုန်းထားတွေ၊ အထူးအကျိုးခံစားခွင့်တွေ နဲ့ အတူ သုံးစွဲသူတွေဆီ ပေးအပ် သွားနိုင်ဖို့ အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အခု အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy A21s စမတ်ဖုန်းမှာဆိုရင်လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အသင့်တော်ဆုံး ဖြစ်စေဖို့ အတွက် အဆင့်မြှင့်တင်ထားတဲ့ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့ အပြင် ဘက်ထရီသက်တမ်းကို လည်း ပိုမိုကြာရှည်ခံစေဖို့ လုပ်ဆောင်ပေးထားတာကြောင့် သုံးစွဲသူတွေ အနေနဲ့ အဆင့်မြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံ တွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရယူပိုင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

“အသုံးပြုတဲ့အခါမှာ စတိုင်ကျနလှပစေဖို့အပြင် လုပ်ဆောင်ချက် အများအပြားကို အလွယ်တကူ လုပ်ဆောင်နိုင်စေဖို့နဲ့ အမှတ်ရစရာ အခိုက်အတန့်တွေကို လက်မလွတ်တမ်း ရိုက်ကူးသိမ်းဆည်းထားနိုင်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်အသစ် တွေကို ထည့်သွင်းတည်ဆောက်ပေးထားတဲ့အတွက် ဒီ Galaxy A21s စမတ်ဖုန်းအသစ်ဟာ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့အရာတွေကို အဆင်ပြေလွယ်ကူမှု အပြည့်နဲ့ ဆောင်ရွက်သွားနိုင်စေဖို့ ကူညီပေး သွားနိုင်မှာပါ” ဟု ကိုဇာနည်ဝင်းထက်မှ ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Galaxy A21s

Galaxy A21s စမတ်ဖုန်းအား စွဲမက်ဖွယ် ဒီဇိုင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ၆.၅” HD+ Infinity-O မျက်နှာပြင်၏ ဘယ်ဖက် အပေါ်ထောင့်တွင် pin-hole ကင်မရာထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေနှင့် ဂိမ်းကစားရာတွင် ဖြစ်စေ၊ ဗီဒီယိုများကြည့်ရှုရာတွင် ဖြစ်စေ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ဖြင့် Full HD+ ရုပ်ထွက်အရည်အသွေးရှိ ပုံရိပ်များအား စိတ်ကျေနပ်မှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Rear Fingerprint Scanner (ကျောဖက် လက်ဗွေရာ လုံခြုံရေးစနစ်) နှင့် Face Recognition (မျက်နှာပြင်ဖတ်ရှု လုံခြုံရေးစနစ်) များလည်း ပါရှိသောကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား လုံခြုံမှုအပြည့်ဖြင့် သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။

Galaxy A21s စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့်မားသော ကင်မရာ ၄ လုံးအား ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့အတွက် အမှတ်ရဖွယ် အခိုက်အတန့်များအား ရှုထောင့်အမျိုးမျိုးမှနေ၍ စိတ်တိုင်းကျ ရိုက်ကူးသိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ အနေနှင့် 48 MP Main Camera၊ 8 MP Ultra Wide lens၊ Macro lens နှင့် Depth Camera များ ပါဝင်သည့် Galaxy A21s စမတ်ဖုန်းအား အသုံးပြု၍ မည်သည့်နေရာ၊ မည်သည့် အချိန်တွင်ဖြစ်စေ ကြည်လင်ပြတ်သားမှု အပြည့်ရှိသည့် ပုံရိပ်များနှင့် ဗီဒီယိုများအား ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် ရုပ်ရှင်နှင့် ဗီဒီယို ကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ဂိမ်းကစားခြင်းများအား အပူအပင် မရှိ လုပ်ဆောင်နိုင် ရန်အတွက် ၂၁ နာရီအထိ အသုံးခံမည့် 5000 mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့် အပြင် 15 W fast charging စနစ်လည်း ပါရှိသည့် အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့ အနှစ်သက်ဆုံး လုပ်ဆောင်ချက်များအား တစ်စုံတစ်ရာ စိတ်ပူပန်စရာ မလိုပဲ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် နောက်ဆုံးပေါ် Exynos 850 chipset နှင့်အတူ အဆင့်မြှင့်တင်ထားသော AI-powered Game Booster 2.0 စနစ်ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အကောင်းမွန်ဆုံးသော မိုဘိုင်းဂိမ်းကစားမှု အတွေ့အကြုံများ ကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

သုံးစွဲသူများ၏ ကိုယ်ပိုင် အချက်အလက်များ လုံခြုံစိတ်ချမှု အပြည့်အဝ ရှိစေရန်အတွက် Samsung သည် Galaxy A21s စမတ်ဖုန်းတွင် ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ် Samsung Knox ကိုလည်း ထည့်သွင်းပေးထားသည်။ သို့ဖြစ်၍ သုံးစွဲသူများ အနေနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒေတာချိုးဖောက်ရယူမှုများနှင့် အခြားသော လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် တစ်စုံတစ်ရာ စိုးရိမ်ပူပန်ရန် လိုအပ်တော့မည် မဟုတ်ပေ။

တောက်ပဆန်းသစ်၍ လူကြိုက်များသော အနက်၊ အဖြူနှင့် အပြာ အရောင် ၃ မျိုးဖြင့် ရရှိနိုင်သည့် Galaxy A21s စမတ်ဖုန်း အသစ်အား မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A21s စမတ်ဖုန်းအား 3GB RAM/32GB ROM နှင့် 6GB RAM/64GB ROM ဟူ၍ version ၂ မျိုးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည့်အတွက် အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ လိုအပ်ချက်များအပေါ်မူတည်၍ ရွေးချယ် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ ‌နှုန်းထားအရမှု 3GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၂၆၉,၀၀၀ နှင့် 6GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၃၂၉,၀၀၀ ဟူ၍ သတ်မှတ်ထားသည်။

A21s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအတွက် အထူးအခွင့်အရေးများ

Galaxy A21s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုအပြင် ထပ်ဆောင်း အင်တာနက် အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း အပိုလက်ဆောင်အဖြစ် ခံစားရရှိသွားနိုင်မည် ဖြစ်သည်။ ဝယ်ယူအားပေးသူများ အနေနှင့် 6 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၆၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိသွားမည် ဖြစ်သည်။ No Worry Crack ဝန်ဆောင်မှုအတွက်မူ Galaxy A21s အသုံးပြုသူများ အနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၆ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

 

 

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်

 

 

Read times
Rate this item
(0 votes)