ခရီးထွက်မယ်ဆိုရင် သုံးဖို့ Myanmar Be Enchanted

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်

အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်သော သတင်း အချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီးလုံခြုံမှုရှိသည့် ကောင်းမွန် သော ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမို ထင်ရှားလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝ အလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊တိုင်းရင်းသား ရိုးရာဓလေ့စရိုက်များ၊ (၁၂)လရာသီ ပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည် ပတ်စေရေး ဆွဲဆောင်ရန်စသည့် ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ထားသော Myanmar Be Enchanted အမည်ရှိ Mobile Application ကို Google Play Store တွင် လည်းကောင်း၊ 

https://bit.ly/2AscTzi

တွင်လည်းကောင်း Download ရယူနိုင်ပါသည်။ ထို့အပြင် iOS Device များအတွက် Apple Store တွင်လည်း မကြာမီလွှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။
Source: MOHT

Read times
Rate this item
(0 votes)