စီးပွားရေး အောင်မြင်မှုရဲ့ အဓိကသော့ချက်ကို Huaweiက အသုံးချတော့မှာလား

ဆက်သွယ်ရေး နည်းပညာများနှင့် စမတ်စက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသော ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huaweiကို ၁၉၈၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။

 

ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆက်သွယ်ရေး၊ နည်းပညာ အသစ်တွေနဲ့ တိုးတက်တဲ့ ကမ္ဘာကြီးဖြစ်လာစေရန် ဒစ်ဂျစ်တယ်လ် နည်းပညာများကို ယူဆောင်ပေးနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

 

Huaweiရဲ့ ဆန်းသစ်တီထွင်မှုများ၊ ထုတ်ကုန်များ နှင့် ၎င်းတို့ရဲ့ဝန်ဆောင်မှုတွေကြောင့် သုံးစွဲသူများအတွက် လုံခြုံစိတ်ချရတဲ့ ရေရှည်တည်တံ့မည့် တန်ဖိုးတစ်ခုကို ဖန်တီးပေးပြီး ခေတ်ရေစီးကြောင်းနည်းပညာများဖြင့် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

Huaweiက သုံးစွဲသူ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို အမြဲလေ့လာပြီး အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ Huawei လုပ်ငန်းကြီးမှာ ဝန်ထမ်းပေါင်း ၁၉၄,၀၀၀ ကျော်ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၇၀ကျော်ရဲ့ လူဦးရေ(၃) ဘီလျံအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ယခုအခါ Huaweiက ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ အွန်လိုင်း Better World Summit 2020ကို တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ ကျင်းပခဲ့ပြီး နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်တဲ့ 3GPP/ETSI၊ MTN၊ Etisalat၊ GSMA နှင့် China Telecom တို့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 

ထိုအွန်လိုင်းပွဲကို နိုင်ငံပေါင်း ၈၀ ကျော်မှ လူထောင်ပေါင်းများစွာက တက်ရောက်ခဲ့ကြပါတယ်။

 

၎င်းအွန်လိုင်းပွဲမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတွေရဲ့ လက်ရှိ အနေအထားနှင့် ကမ္ဘာ့ စီးပွားရေး အခြေအနေတွေကို အွန်လိုင်းမှ အတူတကွ လေ့လာခဲ့ကြပါတယ်။

 

အွန်လိုင်း Better World Summitတွင် Huaweiရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ Guo Pingက အဓိက နည်းပညာ နယ်ပယ်ကြီး(၅)ခု၏ ပေါင်းစည်းမှုအင်အားဖြစ်တဲ့ 5Gရဲ့ပြည့်ဝသော အလားအလာက စီးပွားရေး အောင်မြင်မှုကို အရှိန်အဟုန်နဲ့မောင်းနှင်နိုင်မည့် သော့ချက်ဖြစ်ကြောင်းကို အသေးစိတ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် Corporate Senior Vice President နှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် Catherine Chenကလည်း COVID-19ကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို အတူတူရင်ဆိုင်ဖြေရှင်းပြီး ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးနိုင်ဖို့အတွက် နယ်ပယ်အသီးသီး၊ နိုင်ငံအသီးသီးမှ Telecom Regulatorsများ လက်တွဲသင့်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

 

ကမ္ဘာပေါ်မှာ 5Gအသုံးပြုသူ သန်းပေါင်း (၉၀)ကျော် ရှိပါတယ်။ "ကမ္ဘာလုံးဆိုင်ရာ 5G ကွန်ရက် ဖြန့်ကျက်မှုကို စတင် လာတာနဲ့ အမျှ ကျွန်တော်တို့တွေဟာ စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ အသုံးချမှုကို ပိုပြီး အာရုံစိုက်ကြဖို့ လိုအပ်လာပါတယ်။ ဒီအချက်က 5G ရဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ Huawei မှာတော့ ၎င်းနယ်ပယ်တစ်ခုချင်းစီအတွက် နက်ရှိုင်းတဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်"

 

"ကျွန်တော်တို့ တွေက ဒါတွေကို စမ်းသပ်တီထွင်ပြီး ကိုက်ညီတဲ့ အရာတွေနဲ့ ကျွန်တော်တို့ သုံးစွဲသူတွေ၊ မိတ်ဖက်တွေရဲ့ ထူးခြားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မည့် အခြေခံ နည်းလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါဟာ 5G ရဲ့ အလားအလာကို အပြည့်အဝ ဖွင့်ဟနိုင်ပြီး စီးပွားရေးအရ အောင်မြင်မှုတွေကို မောင်းနှင်နိုင်မယ့် အဓိက သော့ချက်လည်း ဖြစ်ပါတယ်"

 

"ရှေ့ဆက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ဖို့ Huawei ရဲ့ ကြိုးပမ်းမှုတွေကို (၂)ဆ အားစိုက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပူးပေါင်းတီထွင်မှုတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး လူတိုင်းအတွက် တိုးတက်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ" လို့ Guo Pingက ပြောကြားခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်ကစတင်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသည် အရှိန်အဟုန်မြင့်တိုးတက်လာခဲ့ပြီး လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းခွင်တွေကို ပိုမို လွယ်ကူစေခဲ့ပါတယ်။


သို့သော် International Telecommunication Union (ITU)အရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်က အင်တာနက်နှင့် အချို့သော ဒစ်ဂျစ်တယ်လ် နည်းပညာတွေကို အသုံးပြုလို့ မရနိုင်သေးပါဘူး။

 

A screen shot of a person

Description automatically generated

 

"ပိုပြီး သာလွန်ကောင်းမွန်ကာ ထက်မြက် ဆန်းသစ်တဲ့ အနာဂတ်တွေအတွက် ကျွန်မတို့တွေ အားလုံး ရေရှည် လက်တွဲပြီး ပါဝင်ကြရပါမယ်"

 

"စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ဖို့ဆိုရင် အထက်ကနေ အောက်ခြေအဆင့်ထိ ဆောင်ရွက်ရမယ့် လမ်းကြောင်းတွေ ချမှတ်ရေးဆွဲပေးတာ၊ အောက်ခြေကနေ အထက်ကို တင်ပြတဲ့ ဖန်တီးနိုင်စွမ်းနဲ့ တက်တက်ကြွကြွ ဆောင်ရွက်တာတွေ လိုအပ်ပါတယ်။ နယ်ပယ်တစ်ခုလုံးရဲ့ အစိုးရ မူဝါဒတွေကို ဒစ်ဂျစ်တယ်လ်ပြောင်းလဲမှုတွေနဲ့အတူ ထောက်ပံ့ပေးတာက စက်မှုလုပ်ငန်းများအားလုံးအတွက် အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်ပြီး လုပ်ငန်းတွေ ပြန်လည်ကြီးထွားလာဖို့အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်" လို့ Huawei ၏ Corporate Senior Vice President နှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် Catherine Chenက ပြောကြားခဲ့ပါတယ်။

 

By Myanmar ICT Guide

Read times
Rate this item
(0 votes)