ရောင်းအားအကောင်းဆုံး စမတ်ဖုန်းများ

ပုံမှန်မိုဘိုင်းဖုန်းများထက် ပိုမိုသောအဆင့်မြင့်ကွန်ပျူတာစွမ်းဆောင်ရည်နှင့် ဆက်သွယ်မှုစွမ်းရည်ရှိသော

စမတ်ဖုန်းများသည် မိုဘိုင်းဖုန်းဈေးကွက်ထဲသို့ ၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ၀င်ရောက်လာခဲ့သည်။ သို့သော် တွင်တွင်ကျယ်ကျယ် မဖြစ်သေးသည်မှာ ၂၀၀၇ ခုနှစ်တွင်အက်ပဲလ်အိုင်ဖုန်းကို စတင်မိတ်ဆက်သည့် အချိန်အထိ ဖြစ်သည်။ အက်ပဲလ်အိုင်ဖုန်းကို တာအထွက်မှာပင် လူကြိုက်များခဲ့သည်။

Android သုံးသည့် touch screen interface နှင့် virtual keyboard ကဲ့သို့သော ပထမဆုံးစမတ်ဖုန်းကို ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် စားသုံးသူဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။

စမတ်ဖုန်းလုပ်ငန်းသည် စျေးကွက်အရရော မော်ဒယ်များနှင့်ပေးသွင်းသူများတွင်ပါ တိုးတက်လာသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းတင်ပို့ရောင်းချမှု သည် ၁.၄၈ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ကမ္ဘာ့လူဦးရေ၏ ၄၄.၉ ရာခိုင်နှုန်းသည် စမတ်ဖုန်း ပိုင်ဆိုင်ကြလိမ့်မည်ဟု ခန့်မှန်းထားသည် ။
Samsung
၂၀၂၀ ၏ပထမသုံးလပတ်တွင် Samsung သည် တင်ပို့ရောင်းချမှု ခုရေအရ ကမ္ဘာပေါ်တွင် စမတ်ဖုန်းရောင်းချသူအများဆုံးဖြစ်ပြီး စုစုပေါင်းယူနစ် ၅၈.၃ သန်းကျော်တင်ပို့ခဲ့သည်။ ၂၀၁၉ ခုနှစ်၏စတုတ္ထသုံးလပတ်တွင် Samsung သည် စမတ်ဖုန်းဈေးကွက်၏ ရှယ်ယာ ၁၈.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ဈေးကွက်တွင်ကုမ္ပဏီ၏သြဇာအမြင့်ဆုံးရောက်ရှိခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ တတိယသုံးလပတ်အတွင်း ဖြစ်ပြီး စမတ်ဖုန်းတင်ပို့မှုအားလုံး၏ ၃၂.၅ ရာခိုင်နှုန်းသည် Samsung ဖုန်းများ ဖြစ်ခဲ့သည်။ စုစုပေါင်းယူနစ် ၈၅ သန်း တင်ပို့ခဲ့သည်။

Nokia
၂၀၁၁ ခုနှစ် ပထမသုံးလပတ်အထိ Nokia သည် စျေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းဖြင့် ကမ္ဘာအနှံ့တွင် စမတ်ဖုန်းအများဆုံးရောင်းချသူ ဖြစ်ခဲ့သည်။ သို့သော် ယနေ့ Samsung သည်ကမ္ဘာပေါ်၌ တင်ပို့ရောင်းချမှု၏ ငါးပုံတစ်ပုံခန့်နှင့်အတူ သိသာထင်ရှားစွာ ဦးဆောင်နေသည်။

Apple
Apple သည်ကမ္ဘာပေါ်တွင် စမတ်ဖုန်းရောင်းချမှုတွင် ဒုတိယအများဆုံးဖြစ်သည်။ ၂၀၁၆ တစ်နှစ်တည်းမှာပဲ Apple သည် ကမ္ဘာတစ်၀န်း အိုင်ဖုန်းပေါင်းသန်း ၂၁၀ ကျော် ရောင်းချခဲ့သည်။

တရုတ် စမတ်ဖုန်းများ
အခြားထင်ရှားသေ ာစမတ်ဖုန်းရောင်းချသူများမှာ တရုတ်နည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Huawei, Lenovo နှင့် Xiaomi တို့ဖြစ်သည်။

operating systems အရ ကြည့်လျှင် Android စမတ်ဖုန်းများသည် ၂၀၁၀ ခုနှစ် စတုတ္ထ သုံးလပတ်မှ စ၍ ဈေးကွက်ကို အပြတ်အသတ် အသာစီးဖြင့် ဦးဆောင်လာခဲ့ရာ ယခုအချိန်အထိ ဖြစ်သည်။

 

ကမ္ဘာတစ်ဝှမ်း သုံးစွဲနေသော စမတ်ဖုန်းမည်မျှရှိသနည်း။ 

 

ယနေ့ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုနေသော စမတ်ဖုန်း ခုရေသည် သုံးဘီလီယံကျော်လာပြီး လာမည့် နှစ်အနည်းငယ်အတွင် းသန်းရာပေါင်းများစွာ ထပ်မံတိုးပွားလာမည်ဟု ခန့်မှန်းရသည်။ တရုတ်၊ အိန္ဒိယနှင့်အမေရိကန်တို့သည် စမတ်ဖုန်းအသုံးပြုသူ အများဆုံးသောနိုင်ငံများဖြစ်ပြီးနိုင်ငံ တစ်နိုင်ငံချင်းစီသည် သန်း ၁၀၀ သုံးစွဲသူအမှတ်အသားကို အလွယ်တကူ ကျော်လွန်နိုင်သည်။ 

 

Statistic: Number of smartphone users worldwide from 2016 to 2021 (in billions) | Statista

စမတ်ဖုန်းယူနစ်ရောင်းအားသည် ယခုအခါ တန့်နေသည်။ လွန်ခဲ့သောငါးနှစ်အတွင် းနှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် စမတ်ဖုန်း ၁.၄ ဘီလီယံခန့် ရောင်းအားရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း စမတ်ဖုန်းဈေးကွက်တွင် ရောင်းအားနှေးသွားသော်လည်း စမတ်ဖုန်းဈေးကွက်သည်တိုးတက်မှုအလားအလာကောင်းများ ရှိနေဆဲဖြစ်သည်။

 လူဦးရေအလွန်များသောနိုင်ငံများ၊ အထူးသဖြင့် တရုတ်နှင့်အိန္ဒိယတို့တွင် စမတ်ဖုန်းထိုးဖောက်နှုန်းသည် ၇၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေသေးသည်။ စမတ်ဖုန်းများ၏ ပျမ်းမျှရောင်းဈေးကမြင့်တက်နေခြင်းကြောင့် ရောင်းအားကျဆင်းနေသော်လည်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၏ ၀င်ငွေသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဆက်လက်မြင့်တက်ခဲ့သည်။  ယနေ့စမတ်ဖုန် းအရောင်းရဆုံးကုမ္ပဏီများမှာ Samsung၊ Apple နှင့် Huawei တို့ဖြစ်ပြီး ယင်းတို့၏ တင်ပို့ရောင်းချသည့် ပမာဏသည် ကမ္ဘာတစ်ဝှမ်းရှိစမတ်ဖုန်းတင်ပို့မှုအားလုံး၏ ထက်ဝက်ခန့်ရှိသည်။

 

 

 

 

 

 

Read times
Rate this item
(1 Vote)