OPPO မှ ကမ္ဘာလုံးဆိုင်ရာ ColorOS 11 Public Beta မိတ်ဆက်မည့်နေ့ကို ထုတ်ပြန်ကြေညာ

ာOPPO သည် Google မှ Android 11 ကို ထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်ပြီး Android 11 အခြေခံထားသည့်

ColourOS 11 Public Beta Version ကို စတင်အသုံးပြုသော OEM ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

Public Beta သည် စမ်းသပ်နှင့်ပြီးဖြစ်သော Find X2 Series နှင့် Reno 3 Series (4G) အသုံးပြုသူများအတွက် ရရှိနိုင်မည်ဖြစ်သည်။ OPPO သည် OS 7 ပြီးနောက် Color OS 11 ကို ထပ်မံ၍ ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး Google နှင့် အတူ ပူးပေါင်း၍ ဆော့ဖ်ဝဲများ ထုတ်လုပ်ဖန်တီးရန်နှင့် Android နှင့် ပိုမိုကိုက်ညီမှုရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

OPPO သည် ColorOS11 ၏ ကမ္ဘာလုံးဆိုင်ရာ Virtual Launch Event ကို စက်တင်ဘာလ (၁၄) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် Android အတွေ့အကြုံကို ကောင်းမွန်စွာ ဖြည့်စွက်ပေးသွားမည့် ColourOS ၏ ပြည့်စုံကောင်းမွန်သော Feature များကို ဖော်ထုတ်ပြသပေးသွားမည်သာမက OPPO သုံးစွဲသူများအတွက် အဆင့်မြင့် Public Beta Version ကိုပါ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

စက်တင်ဘာလ (၁၄) ရက်နေ့ 3:30 PM တွင် ပြုလုပ်သွားမည့် ColorOS 11 Global Launch Event ကို အောက်ဖော်ပြပါ လင့်များမှ တိုက်ရိုက်စောင့်မျှော်ကြည့်ရှုနိုင်သည်။

ColorOS 11 Global Launch Event Stream Links:

Facebook - http://bit.ly/ColorOS11GlobalLaunchFB

Twitter - http://bit.ly/ColorOS11GlobalLaunchTW

YouTube - http://bit.ly/ColorOS11GlobalLaunchYT

*****

ColorOS အကြောင်း

ColorOS သည် OPPO မှ အထူးစိတ်ကြိုက် ပြုလုပ်ထားသာ အသိဉာဏ်ကြွယ်ဝ ထိရောက်၍ ကောင်းမွန်စွာ ဖန်တီးပြုလုပ်ထားသော Android အခြေခံပြုလုပ်ထားသည့် Mobile OS ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာသုံးစွဲသူ သန်း ၃၇၀ ကျော်ရှိသော ColorOS သည် အင်္ဂလိပ်၊ Bahasa နှင့် ထိုင်း အပါအဝင် ဘာသာစကားပေါင်း ၈၀ ကျော်ကိုထောက်ပံ့သည်။

OPPO အကြောင်း

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဥ်မပြတ် ကြိုးပမ်း လာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

Read times
Rate this item
(0 votes)