အနိမ့်ဆုံး 128GB Storage နဲ့ ထွက်လာမယ့် iPhone 12 Pro Models များ

Apple အနေနဲ့ သူတို့ရဲ့ iPhone 12 Series ကို ဘာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာမိတ်ဆက်လာတော့မ‌ှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple ဘက်ကတော့ ဖုန်းတွေမိတ်ဆက်လာမယ့်ရက်ကို တရား၀င်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ထုံးစံအတိုင်း ဖုန်း‌ေတွမထွက်လာသေးခင်မှာ သတင်းတွေကတော့ထပ်ထွက်လာခဲ့ပါပြီ။

 

အခုထပ်ထွက်လာတဲ့ သတင်းအရ Entry Level iPhone 12 Mini ဟာ 64GB Internal Storage နဲ့ စထွက်လာဖို့ရှိနေပြီး တစ်ခြား Pro Models တွေမှ‌ာတော့ အနိမ့်ဆုံး 128GB ကနေစထွက်လာမယ်လို့သိရပါတယ်။နောက်ထပ် Apple iPhone 12 မှာ Black, White, Blue, Red, Yellow, Coral စုစုပေါင်း အရောင် ၆ရောင်အထိရွေးချယ်လို့ရလာမှာဖြစ်ပြီး Pro Models တွေမှာတော့ Black, White, and Silver သုံးရောင်ပဲရွေးချယ်လို့ရမယ်လို့သိရပါတယ်။

 

ဒီ iPhone 12 Series ကို‌‌ေတာ့ အောက်တိုဘာ ၅ ရက်နေ့မှာ နိုင်ငံတကာက ဖုန်း ဆိုင်တွေဆီကို ပို့ဆောင်ပေးသွားတော့မှာပါ။

 

ဒီပထမအသုတ်မှာတော့ iPhone 12 Mini and iPhone 12 ပဲပါဦးမှာပါ။ Pro Models တွေကတော့ အောက်ဆိုဘာလကုန်လောက်မှသာ ဆိုင်တွေကိုရောက်လာနိုင်ပါတယ်။

 

iPhone 12 Series နဲ့ပတ်သက်ပြီး iPhone 12 Mini နဲ့ 12 တို့ မှာ 5.4 Display ပါလာဖို့ရှိနေပြီးiPhone 12 Pro နဲ့ Pro Max မှာတော့ 6.1-inch ၊ 6.4-inch displayဆိုပြီး အသီးသီးပါလာဖို့ရှိနေပါတယ်။ နောက်ထပ် ဒီဖုန်းအားလုံးမှာ Apple ရ‌ဲ့ 5nm A14 Bionic Chipset နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ် ။

 

iPhone 12 Series အတွက် ‌ဘယ်လို Surprise တွေကို Apple ဘက်‌ကနေပေးသွားဦးမလဲ ?

တစ်ဖြည်းဖြည်းနီးလာပြီဖြစ်တဲ့ Launch Event ကိုရင်တလှပ်လှပ်နဲ့စောင့်မျှော်ကြည့်ရှုရအုံးမှာပါ Apple ချစ်သူတို့ရေ........

 

Any Call Mobile

Read times
Rate this item
(1 Vote)