Apple က ဘက်ထရီ ပြဿနာအတွက် ‌ဒေါ်လာ ၁၁၃ သန်းပေးလျော်ပြီး ကြေအေးမှု ရယူ

အမေရိကန်ပြည်ထောင်စုမှ ပြည်နယ် ၃၃ ခုက Apple သည် သုံးစွဲသူများအား အိုင်ဖုန်းအသစ်များဝယ်ယူရန်

ဘက်ထရီ နှေးအောင် လုပ်ပြီး တွန်းအားပေးခဲ့သည်ဟု ပြောဆိုခဲ့သည်။

၂၀၁၆ တွင် iPhone 6 နှင့် 7 နှင့် SE တို့ကို သုံးစွဲလျက်ရှိသော လူသန်းပေါင်းများစွာသည် batterygate ဟုခေါ်ဆိုသော ဘက်ထရီပြဿနာတက်ခြင်းကြောင့် နစ်နာခဲ့ရသည်။

Apple က ဖုန်းမော်ဒယ်အဟောင်းများမှ အိုမင်းနေသည့်ဘက်ထရီများ၏ သက်တမ်းကိုကြာရှည်ခံစေဖို့ နှေးကွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။

၂၀၁၆ တွင် Apple သည် iPhone 6, 7 နှင့် SE တို့တွင် software ကို update လုပ်ခဲ့ရာ ဟုန်းအဟောင်းများ၏ ချစ်ပ် အလုပ်လုပ်သည့် အမြန်နှုန်းကို ဒုက္ခရောက်စေခဲ့သည်။

၂၀၁၇ တွင် ပုံမှန်မဟုတ်သော နှေးကွေးမှု ဖြစ်ပေါ်ကြောင်း သုတေသီတို့က တွေ့ရှိပြီးသည့်အခါကျမှ Apple က update ကြောင့် ယခုလို ဖြစ်ရပါကြောင်း အသိအမှတ်ပြုပေးခဲ့သည်။
သန်းချီသော အိုင်ဖုန်းသုံးစွဲသူများသည် ဖုန်း ပါဝါ အလိုလို ပိတ်သွားသည်အထိ ကြုံကြရသည်။
ဖုန်းအဟောင်းကို စိတ်ပျက်ပြီး ဖုန်းမော်ဒယ်အသစ်ကို ဝယ်မှသာလျှင် ဘက်ထရီ ပါဝါပြဿနာ ကင်းနိုင်မည် ဖြစ်ရာ ဖုန်းအသစ်ဝယ်အောင် တမင်လုပ်သည်ဟု အိုင်ဖုန်းသုံးစွဲသူ အများပြားတို့က ယူဆကြသည်။ လူအများအတွက် ကိုယ်စားပြုပြီး တရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ပြီး Apple က ‌အိုင်ဖုန်း သုံးစွဲသူများကို ဒေါ်လာ ၁၁၃ သန်းပေးလျော်ရန် သဘောတူပြီး ကြေအေးမှု ရယူခဲ့သည်။
ထိုသို့ ပေးလျော်ခဲ့သော်လည်း Apple က ဥပဒေချိုးဖောက်သည့် အမှားပြုမိခြင်းကို ဝန်ခံခြင်း မပြုခဲ့ပေ။

washingtonpost.com

Read times
Rate this item
(0 votes)