Google က Android ဖုန်းတွေကို update အသစ်တွေ ရမယ်လို့ ကြေညာ

Google က Android ဖုန်းတွေကို update အသစ်တွေ တသီတတန်း ရလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်။

 Gboard, Google Play Books, Voice Access, Google Maps, Android Auto နဲ့ Nearby Share အစရှိတဲ့ အက်ပ် တွေအတွက် တိုးတက်ကောင်းမွန်မှုတွေ ဆောင်ယူလာမယ့်  update အသစ်တွေ ဖြစ်ပါတယ်။

ပျော်မြူးစရာကောင်းမယ့်တစ်မျိုးကတော့ Gboard keyboard အက်ပ်အတွက် “Emoji Kitchen” အပြောင်းအလဲ ဖြစ်ပါလိမ့်မယ်။ 

“Emoji Kitchen”မှာ ကိုယ်သဘောကျတဲ့ emoji တွေကို ပေါင်းစပ်ပြီး စတစ်ကာတစ်ခု စိတ်ကြိုက် ဖန်တီးပြီး ရှယ်လို့ ရစေပါတယ်။ လုပ်ပေးပြီးသား emoji တွေကိုပဲ သုံးနေရတာ ကြာပါပြီ။ အခုတော့ ကိုယ်တိုင် emoji တွေ လုပ်ခွင့်ရစေပါတယ်။

ပေါင်းစပ်လို့ရတဲ့ ဒီဇိုင်း ရာဂဏန်းကို ပေးထားတာ ချဲ့ထွင်ပြီး ၁,၄၀၀၀ အထိ ပေးအပ်မှာ ဖြစ်ပါတယ်။

ပေါင်းစပ်ချင်တဲ့ emoji  နှစ်မျိုးကို တို့ထိရွေးချယ်လိုက်ပြီး ပေါင်းစပ်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ အီမိုဂျီကို နှစ်ချက်ဆင့် ထိလိုက်ပြီး ဘာနဲ့ ပေါင်းရင်ကောင်းမလဲ အကြံပြုချက်ကို တောင်းခံနိုင်ပါတယ်။

 

Gboard ကို ပလေးစတိုးမှာ ရယူချင်ရင် ဖော်ပြပါပုံကိုထိပြီး သွားယူနိုင်ပါတယ်။

 

Google Keyboard ဖြစ်တဲ့ Gboard ရဲ့ testing program မှာ ပါဝင်ပြီး နောက်နောင် ရောက်လာမယ့်  update အသစ်တွေ မြည်းစမ်းချင်တယ်ဆိုရင် အောက်ပါလင့်ကို သွားလိုက်ပါ။ 

Gboard beta app

 

ဖုန်းကို နှုတ်စကားဖြင့် စေခိုင်းဖို့ လုပ်ပေးထားတဲ့ Voice Access ကို ပိုကောင်းအောင် လုပ်ပေးထားတဲ့ update ကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။ Android 6.0  နဲ့ အထက် ဖုန်းတွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

 

Voice Access ကို ပလေးစတိုးမှာ ရယူချင်ရင် ဖော်ပြပါပုံကိုထိပြီး သွားယူနိုင်ပါတယ်။ 

 

Google Maps က Facebook လိုမျိုး ကိုယ်ပိုင် newsfeed စတင်မှာ ဖြစ်ပါတယ်။ ယခင်ဖော်ပြထားတဲ့ ဆောင်းပါး ဖတ်ရှုချင်ရင် ပုံကို ထိပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 “Go Tab ”  ဆိုတာ ထပ်ဖြည့်ထည့်ပေးမှာ ဖြစ်ပြီး သွားချင်တဲ့နေရာဆီ ဘယ်လမ်းတွေက သွားလို့ ရမလဲ၊ လမ်းခရီး ဘယ်လောက်ဝေးသလဲ။ ယာဉ်ကြောအခြေအနေတွေ ဘယ်လို ရှိသလဲ။ ခန့်မှန်းကြာချိန် စတာတွေကို အလွယ်တကူ ကြည့်လို့ရအောင်  “Go Tab ”  ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

 

ကားပေါ်မှာ သုံးဖို့ Android Auto ကိုလည်း အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ အစက နိုင်ငံပေါင်း ၃၆ နိုင်ငံအထိ ဘာသာစကားတွေနဲ့အတူ ပေးအပ်မယ်လို့ ကြေညာဖူးတယ်။ အခု ပေးမယ့် update မှာ ပါလာမှာလားဆိုတာကိုတော့ အတိအကျ မပြောသေးပါဘူး။

လေ့လာချင်ရင် အမည်စာသားကို ထိပါ။

Android Auto

 

နောက်ထပ် update က Nearby Share  ဖြစ်ပါတယ်။ ဖုန်းတစ်လုံးနဲ့ တစ်လုံး အက်ပ်တွေ ဖိုင်တွေ ကူးဖို့အတွက် အက်ပ် ဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကူးဖို့ ဖြစ်ပါတယ်။ Google Play မှ ယူထားတဲ့ အက်ပ် ဂိမ်းအက်ပ်တွေလည်း ကူးလို့ရတယ်။ 

 

 

 

 

 

Read times
Rate this item
(0 votes)