နာမည်ကြီးနေတဲ့ Galaxy S21 Ultra ရဲ့ အရမ်းမိုက်နေတဲ့ Display ပိုင်းလျို့ဝှက်ချက်တစ်ခု

Samsung ဟာသူ့ရဲ့ ဒီရက်ပိုင်းရောင်းအားသွက်နေတဲ့ Samsung Galaxy S21 Ultraမှာအသုံးပြုထားတဲ့ Display ပိုင်းဆိုင်ရာ နည်းပညာတစ်ချို့ကို ချပြလာပါတယ်။

OLED လို့ခေါ်တဲ့ Display Panel နည်းပညာဟာ စွမ်းအင်ထုတ်လုပ်မှုပိုင်းမှာ New Generation တစ်ခုလို့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ OLED ကို အခု Galaxy S21 Ultra မှာ အသုံးပြုထားတာဖြစ်ပြီး၊ စွမ်းအင်ထုတ်လုပ်မှု ပိုပြီးကောင်းသလို ပိုပြီး Brightness ဖြစ်တဲ့ Display ကိုပေးပါတယ်။

OLED အနေနဲ့ Brightness ကို မြှင့်ထားတဲ့ အခြေအနေတွေမှာ Power Supply ရဲ့ ၁၆ရာခိုင်နှုန်းကို ဖြတ်တောက်ပေးထားမှာကလည်း အရမ်းမိုက်ပါတယ်။ Galasy S21 Ultra ရဲ့ Display ပိုင်းကို Testingလုပ်ထားမှုတွေအရ Display ပိုင်း Brightnessဖြစ်နေချိန် Battery Run Timeမှာ အဓိကကျလာမယ့် Power Supply ကို Panelက အကောင်းဆုံးဖြတ်တောက်ပေးထားမှာ ဖြစ်လို့ ပိုပြီးထိရောက်လာမှာဖြစ်ပါတယ်။

gsmarena_000.jpg

ကျွန်တော်တို့ သိထားတဲ့အတိုင်း OLEDs တွေမှာ Organic Light-Emitting Diodes တွေကို သုံးထားတာဖြစ်ပြီး Samsung အနေနဲ့ ၊ Brightness ကို ဖြစ်စေတဲ့ Electrons ပွတ်တိုက်မှု speed ကို တိုးမြှင့်ပေးသော Material အသစ်တစ်ခုကို မိတ်ဆက်နိုင်ခဲ့တယ်ပဲ ဆိုရမှာပါ။

Samsung အနေဖြင့် OLED နည်းပညာသစ်တစ်ရပ်ကို စျေးကွက်ထဲမှာ သွယ်ဝိုက်စွာချပြတဲ့အနေနဲ့ Consumer-Ready Productအဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့နည်းပညာအသစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ အခုပဲ Galaxy S21 Ultra ကိုသွားရောက်ဝယ်ယူလိုက်ပါ။

GSmarena ရဲ့ Week 3 မှာလည်းထိပ်ဆုံးရောက်နေတဲ့ Galaxy S21 Ultra အပြင် တခြားဖုန်းတွေအကြောင်းသိချင်ရင် အောက်ကလင့်ခ်ကို နှိပ်ပါ။

>>> Week3 အတွက်trending ဖုန်း၁၀မျိူး <<<

Ref: GSmarena

Read times
Rate this item
(0 votes)