iPhone ကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် ဘယ်လို စနစ်တကျ ထုတ်လုပ်ထားလဲ

အကောင်းဆုံး Product တွေကို ထုတ်လုပ်တဲ့အခါ အခြားတစ်ဘက်မှာ ထိခိုက်မှု မရှိအောင်လည်း Apple က အထူးဂရုစိုက်ပါတယ်။

အထူးသဖြင့် ထုတ်လုပ်မှု အဆင့်တိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို လုံးဝ မထိခိုက်အောင် Apple က နည်းလမ်းအသစ်တွေ အမြဲ လေ့လာရှာဖွေပါတယ်။

ကုန်ကြမ်း

သတ္တုတွေ တူးဖော်နေမယ့်အစား Recycle လုပ်ထားတဲ့ သတ္တုကုန်ကြမ်းတွေကို Device အသစ်တွေထဲမှာ အကျိုးရှိရှိ ပြန်လည် အသုံးပြုပါတယ်။iPhone 11 ရဲ့ Logic Board မှာဆိုရင် 100% Recycled Tin ကို အသုံးပြုထားပြီး၊ Taptic Engine ကိုလည်း 100% Recycled Rare Earth Elements တွေနဲ့ ထုတ်လုပ်ထားပါတယ်။Mercury, PVC, Arsenic, Beryllium အစရှိတဲ့ အန္တရာယ်ဖြစ်စေတဲ့ အရာတွေကိုလည်း လုံးဝ အသုံးမပြုထားပါဘူး။

 

ထုတ်လုပ်ခြင်း

ထုတ်လုပ်တဲ့ စက်ရုံတွေမှာလည်း Environment ကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် Apple က ပူးပေါင်းလုပ်ဆောင်ပါတယ်။Apple Product များ ထုတ်လုပ်တဲ့အခါ နေရောင်ခြည်စွမ်းအင် ကဲ့သို့ 100% Renewable Energy ကို အသုံးပြုတဲ့စက်ရုံတွေမှာ iPhone 11 ကို တပ်ဆင် ထုတ်လုပ်ထားပါတယ်။

 

ထုပ်ပိုးခြင်

iPhone ကို Customer တွေလက်ထဲ အရောက်ပို့ဆောင်ရာမှာလည်း Packaging ကို စနစ်တကျ လုပ်ဆောင်ပါတယ်။Plastic လျှော့သုံးဖို့၊ Recycled Material တွေ ပိုသုံးဖို့ အပြင် Overall Packaging ကိုပါ တတ်နိုင်သလောက် လျှော့ချသွားမှာ ဖြစ်ပါတယ်။Packaging ဘူးခွံ/စက္ကူတွေ အတွက် လိုအပ်တဲ့ Wood Fibre ကို Recycled Material များ (သို့မဟုတ်) စနစ်တကျထိန်းသိမ်းထားတဲ့ သစ်တောများမှသာ ရယူအသုံးပြုပါတယ်။

 

ဒါကတော့ ထုတ်လုပ်တဲ့အပိုင်း ဖြစ်ပါတယ်။ Life of iPhone ဆိုတဲ့အတိုင်းပဲ iPhone တစ်လုံး ဖြစ်လာဖို့ အခြားစိတ်ဝင်စားစရာ အချက်တွေ အများကြီး ရှိပါသေးတယ်။

Ios Banker Myanmar.

Read times
Rate this item
(0 votes)