ကြိုးမဲ့အားသွင်း နည်းပညာကို မိတ်ဆက်လိုက်တဲ့ Xiaomi

Xiaomi အနေနဲ့ Mi Air Charge နည်းပညာကို 29.1.2021က မိတ်ဆက်လိုက်ပါတယ်။ Remote Charging နည်းပညာအရ Multiple Devices တွေကို တစ်ချိန်တည်းမှာ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ ဖုန်းသုံးရင်း လမ်းလျှောက်နေတဲ့ အချိန်မှာတောင် သုံးနေတဲ့ ဖုန်းကိုအားသွင်းနိုင်မှာ ဖြစ်ပါတယ်။

 

 

ကုမ္ပဏီအနေနဲ့ Blog Post တစ်ခုမှာအလုပ်လုပ်ပုံကိုပြထားပါတယ်။ အားသွင်းပေးတဲ့ Wireless Charging Device ရဲ့ အရွယ်အစားက အနည်းငယ်ကြီးပြီး ဖုန်းတစ်လုံးကို 5W အထိ အားဖြန့်ဝေပေးမှာဖြစ်ပါတယ်။

Xiaomi introduces Mi Air Charge, wireless charging from across the room

ဒီလိုအားသွင်းတာဟာ Qi Standard နဲ့တော့ ဘာမှမဆိုင်ပါဖူး။စမက်ဖုန်းတွေဟာ "Beacon Antenna" နဲ့ "Receiving Antenna Array" တို့လို သေးငယ်တဲ့ Miniaturized Antenna လေးတွေတပ်ဆင်ထားရမှာဖြစ်ပါတယ်။ Charging Device ကနေထုတ်လွှတ်တဲ့ Millimeter Wave Signal တို့ကို ဖမ်းယူဖို့ စမက်ဖုန်းတွေမှာ Antennas ပေါင်း၁၄ခုရှိပါတယ်။ အဲဒီ့ Signal လေးတွေကို Rectifier Circuitမှတစ်ဆင့် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲရမှာဖြစ်ပါတယ်။


Xiaomi introduces Mi Air Charge, wireless charging from across the room

လက်ရှိမှာတော့ Xiaomi ရဲ့ ကြိုးမဲ့အားသွင်းစနစ်ဟာ ၇မီတာအတွင်းမှာရှိတဲ့ Device အသီးသီးကို 5Wစီအားသွင်းပေးမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ မတူညီတဲ့ပစ္စည်းတွေမှာ Charging Efficiencyကို လျှော့ချမှာမဟုတ်ဖူးလို့ ယူဆထားပေမဲ့ တချို့အချက်တွေလည်း ရှိနေပါသေးတယ်။Xiaomiကတော့ Mi Air Charge နည်းပညာဟာ Smartwatches၊ Fitness Bands နဲ့ တခြား Electrical Device တွေနဲ့ လိုက်လျောညီထွေမှု ရှိပါတယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။Mi Air Charge ထွက်လာမယ့် ရက်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။ ဒီလို နည်းပညာမျိုးဟာ အသုံးပြုသူ စျေးကွက်ကို ဘယ်အချိန်ရောက်လာမလည်းဆိုတာလည်း မသိရသေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဘယ်အချိန်ထွက်လာသည်ဖြစ်စေ ပစ္စည်းစျေးနှုန်းကတော့ မြင့်နေမှာပါ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ကျွန်တော်တို့အနေနဲ့ ကြိုးမဲ့အားသွင်းစနစ်တစ်ခုရဲ့ အနာဂတ်ကို မြင်နေရပြီဖြစ်လို့ စိတ်လှုပ်ရှားမှုတွေတော့ ဖြစ်မိပါတယ်။

Ref: GSMARENA

Read times
Rate this item
(0 votes)