Galaxy S21 Series စမတ်ဖုန်းအသစ် ကြိုမှာ လက်ဆောင်နှင့် ဈေးနှုန်းများ

Samsung Electronics Co., Ltd. သည် ၎င်း၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းများ ဖြစ်ကြသည့် Galaxy S21၊ Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများ အား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။


ကြိုတင်မှာယူခြင်း အစီအစဉ်

(Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများသာ)

 

ဤ Galaxy S21 Series စမတ်ဖုန်းအသစ်အား ကြိုတင်မှာယူလိုသည့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Samsung Myanmar သည် Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများအတွက် ကြိုတင်မှာယူမှုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။ ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် ၎င်းတို့၏ Samsung Galaxy S21 စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အထူးအခွင့်‌အရေးအနေနှင့် ကြိုတင်မှာယူထားသူများသည် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။
- Galaxy S21 Ultra (16 GB RAM / 512 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro၊ Travel Adapter နှင့် Smart Tag
- Galaxy S21 Ultra (12 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro နှင့် Travel Adapter
- Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Live နှင့် Travel Adapter
ထို့အပြင် Galaxy S21 Series စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် အထူးအာမခံ အခွင့်အရေးများ ရရှိနိုင်သော Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိခံစားနိုင်မည် ဖြစ်သည်။


နိုင်ငံတစ်ဝှမ်းဝယ်ယူရရှိနိုင်မှု
Galaxy S21, Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လက်လီမိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် Samsung Experience Stores များတွင် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်းအမျိုးအစား တစ်ခုချင်းစီအတွက် ရရှိနိုင်မည့်အရောင်များနှင့် ဈေးနှုန်းများမှာ အောက်ပါ အတိုင်းဖြစ်သည်။

 

 

 

Annotation_2021-01-29_180639.jpg
မြန်မာနိုင်ငံဈေးကွက်အတွက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူများသည် ယခု Galaxy S21 စမတ်ဖုန်းများအား အခြားသော နိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version ဖြင့် ရရှိသွားနိုင်မည် ဖြစ်သည်။

Annotation_2021-01-29_181440.jpgAnnotation_2021-01-29_181415.jpgAnnotation_2021-01-29_181345.jpg

 

 

အမိုက်စား ဆန်းသစ်တီထွင်မှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အဆိုပါ Galaxy S21 series စမတ်ဖုန်းများသည် သုံးစွဲသူများ၏ နေ့စဉ်အခိုက်အတန့်တိုင်းအား ထူးခြားခမ်းနားစွာဖြင့် ဖြတ်သန်းနိုင်ရန် ကူညီပေးသွား မည် ဖြစ်သည်။ ဤ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းများတွင် လူအများကြား သိသာထင်ရှားနေစေမည့် သူမတူသော အမိုက်စား ဒီဇိုင်း၊ သုံးစွဲသူတိုင်း အလွယ်တကူ အသုံးပြုနိုင်သည့် ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာနှင့် ထွက်ရှိပြီးသမျှ Galaxy ထုတ်ကုန်များ အားလုံးအနက် စွမ်းဆောင်ရည် အကောင်းဆုံးနှင့် အဆင့်အမြင့်မားဆုံးသော processor နှင့်အတူ ပြီးပြည့်စုံမှုအရှိဆုံးသော ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းများ၊ စွမ်းဆောင်ရည်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။
Samsung မှနောက်ဆုံးမိတ်ဆက်လိုက်သည့် Galaxy S Series စမတ်ဖုန်းအသစ်များတွင် အဆင့်မြင့်တင်ထားသော ကင်မရာနှင့် ဗီဒီယို လုပ်ဆောင်ချက်များ၊ ခမ်းနားထည်ဝါသော စတိုင်အသစ်နှင့် စွမ်းဆောင်ရည်မြင့် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းများအား ထည့်သွင်းတည်ဆောက်ထားသည်။ Samsung Galaxy S21 5G Series နှင့်အတူ နေ့ရက်တိုင်းကို ထူးခြား ခမ်းနားစွာ ပုံဖော်လိုက်ပါ။
“ကျွန်တော်တို့အားလုံးဟာ မိုဘိုင်းဖုန်းက မရှိမဖြစ် အရေးပါတဲ့ ခေတ်ကာလမှာနေထိုင်နေကြပြီး လူတော်တော်များများ ဟာလည်း များသောအားဖြင့် အခုဆို အိမ်မှာပဲ နေထိုင်လုပ်ကိုင်တဲ့အချိန် ပိုများလာကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ Samsung အနေနဲ့ လူတွေရဲ့ ပြောင်းလဲလာတဲ့ နိစ္စဓူဝလုပ်ငန်းစဉ်တွေမှာ အဖက်ဖက်ကနေ အကောင်းမွန်ဆုံး ကူညီလုပ်ဆောင် ပေးနိုင်မယ့် စမတ်ဖုန်းတွေကို ဖန်တီးပုံဖော်ပေးသွားဖို့ အစဉ်မပြတ် ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းမှာလည်း မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေ၊ ရွေးချယ်မှုတွေ ရှိနေတတ်ကြတာကို နားလည်ထားတာနဲ့အညီ အခု အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S21 Series စမတ်ဖုန်းတွေဟာ မြန်မာနိုင်ငံက မတူညီတဲ့ သုံးစွဲသူတွေရဲ့ နေထိုင်မှု ပုံစံတွေနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း Galaxy S Series စမတ်ဖုန်းများသည် ကိုယ်ပိုင်အချိန် အပန်းဖြေအနားယူမှုများ အတွက်ဖြစ်စေ၊ ချိတ်ဆက် ဆက်သွယ်မှုများအတွက်ဖြစ်စေ စမတ်ဖုန်းသုံးစွဲသူတိုင်းအတွက် သူမတူသော၊ အဆင့်အမြင့်မားဆုံး စမတ်ဖုန်းများအား ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထိုနည်းတူပင် ယခု နောက်ဆုံးထွက်ရှိလာသည့် Galaxy S21 series စမတ်ဖုန်းများသည်လည်း အဆင့်အမြင့်မားဆုံးနှင့် နောက်ဆုံးပေါ် ခေတ်မီ စမတ်ဖုန်းခံစားမှု အတွေ့အကြုံများအား ပေးစွမ်းသွားမည် ဖြစ်သည့်အပြင် သုံးစွဲသူများ၏ နေ့ရက်တိုင်းကိုလည်း ထူးခြားခမ်းနားစွာ ပုံဖော်ပေးသွားမည်ဖြစ်သည်။ Galaxy S21 Series စမတ်ဖုန်းများအား မော်ဒယ် အမျိုးအစားများစွာဖြင့် ရရှိနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သော ဒီဇိုင်းနှင့် လိုအပ်ချက်များပေါ် မူတည်ကာ ၎င်းတို့အတွက် ပြီးပြည့်စုံမှုအရှိဆုံးသော စမတ်ဖုန်းအား စိတ်ကြိုက် ရွေးချယ်သွားနိုင်မည် ဖြစ်သည်။ အဆင့်မြင့် စမတ်ဖုန်း အတွေ့အကြုံများအား ရယူအသုံးပြုလိုသူများ အနေနှင့် နောက်ဆုံးပေါ် အဆင့်မြင့် လုပ်ဆောင်ချက်များ ဖြစ်သည့် ပရော်ဖက်ရှင်နယ် အဆင့် ကင်မရာအပါအဝင် အရည်အသွေး အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ ပါရှိသည့် Galaxy S21, Galaxy S21+ နှင့် Galaxy S21 Ultra တို့အား ဈေးနှုန်းအမျိုးမျိုးဖြင့် လက်ဝယ် ရယူပိုင်ဆိုင်သွား နိုင်မည် ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

Read times
Rate this item
(0 votes)