Rakuten Viber နှင့် Snap ပူးပေါင်းကာ AR Lenses လုပ်ဆောင်ချက်အသစ်များ ယူဆောင်လာတော့မည်

Rakuten Viber နှင့် Snap တို့၏ မိတ်ဖက်ပူးပေါင်းမှုကြောင့် Viber ရှိဓာတ်ပုံနှင့် ဗွီဒီယို ပို့ဆောင်ခြင်းများတွင် AR Lenses များကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း အသံနှင့် စာတိုပို့‌ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် Rakuten Viber သည် Snap ကုမ္ပဏီနှင့် မိတ်ဖက်ပူးပေါင်း၍ သဏ္ဍာန်တူ တုပလုပ်ဆောင်ချက် AR Lenses များအား အက်ပလီကေးရှင်းအတွင်းသို့ ထည့်သွင်းပေးတော့မည်ဖြစ်သည်။ Snap ၏ ကင်မရာ နည်းပညာ၊ တီထွင်နိုင်မှုစွမ်းရည်နှင့် Bitmoji များအပေါ် အခြေခံ၍ ပေါင်းစပ်ဖန်တီးကာ Viber AR Lenses အဖြစ် အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Snap မှ အားဖြည့်ပေးထားသည့် Viber Lenses များသည် ဓာတ်ပုံနှင့် ဗွီဒီယိုမက်ဆေ့ချ်များ၌ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌ မကြာမီအချိန်အတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ စတင်မိတ်ဆက်ချိန်၌ Viber ရုပ်ကောင်များ၊ တိရစ္ဆာန် မျက်နှာဖုံးများ၊ ရေအောက် စသည့် သဏ္ဍာန်မျိုးစုံပါဝင်သည့် Viber Lenses အခု ၃၀ မျှပါဝင်မည်ဖြစ်သည်။ ထို့အပြင် နှစ်စဥ် သုံးလပတ်တိုင်းတွင်လည်း အနည်းဆုံး Lenses အခု ၃၀ ခန့် ထပ်မံဖြည့်သွင်းပေးသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ၄င်းတို့၏ သီးသန့် ကိုယ်ပိုင် Lenses များကိုလည်း Viber တွင် ဖန်တီးခွင့် ပေးသွားမည်ဖြစ်သည်။ Viber Lenses များ ထည့်သွင်းမှု၏ ပထမဦးဆုံးသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် The World Wildlife Federation၊ FC Barcelona နှင့် World Health Organization မှ ပါဝင်ထားသည်။ အဆိုပါ အထူးဖန်တီးပြုလုပ်ထားသည့် Lenses များသည် Viber ပလက်ဖောင်းပေါ်၌ အသုံးပြုသူများနှင့် လုပ်ငန်းများအကြား ပိုမိုရင်းနှီးမှု ရရှိစေနိုင်မည့် လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။

Viber သည် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပို့ဆောင်မှုများ ပြုလုပ်နိုင်သော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ၄င်းတို့၏ ခံစားချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြသနိုင်စေရန် လုပ်ဆောင်ပေးနိုင်သော အက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်သည်။ end-to-end encryption လုပ်ဆောင်ချက်ဖြင့် အသုံးပြုသူများ၏ ပြောဆိုဆက်သွယ်မှုများအား ကာကွယ်ပေးထားသဖြင့် လုံခြုံစိတ်ချရသော ပလက်ဖောင်းလည်း ဖြစ်သည်။

Viber Lenses များသည် မူလရှိရင်းစွဲ စတစ်ကာများမှ တစ်ဆင့် အသုံးပြုသူများ ပြောဆိုဆက်သွယ်ရာတွင် ပိုမိုပွင့်လင်းရင်းနှီးစွာ ပြောဆိုနိုင်စေရန်အတွက် အဆင့်မြှင့်တင်လိုက်သော လုပ်ဆောင်ချက်ဟုလည်း ခေါ်ဆိုနိုင်သည်။ Snap ၏ ကင်မရာ၊ Bitmoji နှင့် ဖန်တီးမှုစွမ်းရည်များအပေါ် အခြေခံထားသော Viber ၏ လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ အချင်းချင်း ရင်းနှီးမှုကို ပိုမိုပြသနိုင်ရန်နှင့် ဆက်သွယ်မှုများအား ပိုမိုအဓိပ္ပါယ်ပြည့်ဝနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။

 

Screenshot_2021-06-30_172449.jpg

Viber ၏ လုပ်ဆောင်ချက်အသစ်၌

● ပတ်ဝန်းကျင်အပါအဝင် ပုံရိပ်တစ်ခုလုံးအား အမှန်တကယ်ဖြစ်ပေါ်နေသော ပုံရိပ်အစစ်တစ်ခုကဲ့သို့ သဏ္ဍာန်တူ ပြောင်းလဲပေးနိုင်ခြင်း

● သူငယ်ချင်း မိတ်ဆွေများနှင့် ပြောဆိုရာတွင် မိမိပုံရိပ်အား တမူထူးခြားစေရန်အတွက် စိတ်ဝင်စားဖွယ်ရာ filter များ အသုံးပြုနိုင်ခြင်း

● အသုံးပြုသူ၏ မျက်နှာလှုပ်ရှားမှုများအတိုင်း လိုက်လျောညီထွေဖြစ်အောင် အတိအကျ လိုက်လံလှုပ်ရှားပြောင်းလဲနိုင်သော သဏ္ဍာန်လုပ် မျက်နှာဖုံးများပါဝင်ခြင်း

● မိမိ၏ ပုံရိပ်အား ပါးနီ၊ နှုတ်ခမ်းနီဆိုးပေးခြင်း၊ ဆံပင်အရောင်ပြောင်းခြင်း စသည့် မွမ်းမခြယ်သမှုများအား ပြုလုပ်နိုင်ခြင်း

● ဓာတ်ပုံ၊ ဗွီဒီယိုများမှတစ်ဆင့် ကိုယ်တိုင်ဖန်တီးထားသော Bitmoji အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ Lenses လုပ်ဆောင်ချက်အသစ်အား ထည့်သွင်းလိုက်ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ၄င်းတို့၏ community များသို့ အထူးဖန်တီးပြုလုပ်ထားသော Lenses များထည့်သွင်းကြခြင်းဖြင့် Viber ၏ ဝင်ငွေအားလည်း ပိုမိုတိုးတက်စေနိုင်မည်ဖြစ်သည်။

Screenshot_2021-06-30_172420.jpg

 

“Snap နဲ့ Rakuten Viber ပူးပေါင်းလိုက်တာက နှစ်ဦးနှစ်ဖက်လုံအတွက် အကျိုးရှိစေမယ့် လုပ်ရပ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ သဏ္ဍာန်တူ တုပလုပ်ဆောင်ချက် AR Lenses နည်းပညာကို Viber အက်ပလီကေးရှင်းမှာ ထည့်သွင်းပေးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ စျေးကွက်ကိုပါ ချဲ့ထွင်လိုက်တဲ့သဘောပါပဲ။ Viber အသုံးပြုသူတွေအနေနဲ့လည်း ဒီလို AR လုပ်ဆောင်ချက်တွေကို ပလက်ဖောင်းပေါ်မှာ အလွယ်တကူသုံးလို့ရတော့မှာဖြစ်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု Snap ၏ Camera Platform Partnerships ဒါရိုက်တာဖြစ်သူ Elliot Solomon မှ ပြောကြားခဲ့ပါသည်။

“Snap ရဲ့ ကင်မရာလို လုပ်ဆောင်ချက်မျိုးကို Viber ကို ယူဆောင်လာနိုင်တဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။ ဒီမိတ်ဖက်ပူးပေါင်းမှုကနေတစ်ဆင့် အသုံးပြုသူတွေကို သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှာ ဆန်းသစ်ထားတဲ့ AR တွေ အသုံးပြုပြီးတော့ ပိုပျော်ရွှင်ရင်းနှီးတဲ့ ဆက်သွယ်မှုတွေအဖြစ် ဆောင်ကျဥ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ ဆက်သွယ်တဲ့အခါမှာပဲမဟုတ်ဘဲ community တွေမှာလည်းပဲ ‌ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ပုံရိပ်တွေကို မျှဝေနိုင်တော့မှာဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ လည်း ပြောကြားသွားခဲ့ပါသည်။

Screenshot_2021-06-30_172336.jpg

အဆိုပါလုပ်ဆောင်ချက်များအား iOS တွင်လည်းကောင်း၊ Android ဖုန်းများတွင် beta version ဖြင့်လည်းကောင်း ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ သြစတေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများ၌ အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်းတွင် အသုံးပြုနိုင်စေရန် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

Screenshot_2021-06-30_172237.jpg

 

 

Rakuten Viber အကြောင်း
=======
Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။

 

Read times
Rate this item
(0 votes)