Oppo အောက် ရောက်သွားတဲ့ OnePlus ရဲ့ အနာဂတ်အလားအလာ

စမတ်ဖုန်း OnePlus ကို Oppo နဲ့ ပေါင်းစည်းလိုက်ပြီးတဲ့နောက်မှာ OnePlus ဟာ Oppo မှ အမည်ခွဲတစ်ခုဖြင့် ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Oppo ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်နည်းပညာလုပ်ငန်းကြီး BBK Electronics ဟာ Oppo အပြင် OnePlus ၊ Vivo နဲ့ Realme တို့ကိုလည်း ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိပါတယ်။

လောလောဆယ်မှာတော့ OnePlus စမတ်ဖုန်းတွေကို သီးခြားရပ်တည်စေပြီး ထုတ်လုပ်လျက် ရှိပြီး နောက်နောင်မှာလည်း သီးခြားရပ်တည် လုပ်ကိုင်သွားမယ်လို့ သုံးသပ်ကြပါတယ်။

တစ်ချိန်တုန်းက Realme ကို ဈေးကွက်မှာ စတင်မိတ်ဆက် ရောင်းချစဉ်က Oppo မှ အမည်ခွဲတစ်ခုအဖြစ်ဖြင့် လုပ်ကိုင်ခဲ့ပြီး နာမည်ရလာတဲ့အခါမှာ Realme ကို သီးခြားရပ်တည်ပြီး ထုတ်လုပ်စေခဲ့ပါတယ်။

Oppo ရဲ့ အမည်ခွဲ sub-brand တစ်ခု ဖြစ်သွားပြီ ဖြစ်တဲ့ OnePlus ကို လက်ရှိသုံးစွဲနေတဲ့ OxygenOS ဖြင့် ဆက်လက်ထုတ်လုပ်မှာလား၊ Oppo ရဲ့ ColorOS ကို ပြောင်းလဲသုံးစွဲမှာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး။ ဒါပေမဲ့ တရုတ်ပြည် ပြင်ပဈေးကွက်များအတွက် OnePlus ကို OxygenOS ဆက်လက်သုံးစွဲလိမ့်မယ်ဆိုတာ မသေချာ မရေမရာ ဖြစ်နေတယ်။

တရုတ်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်တဲ့ OnePlus တွေကိုတော့ OPPO ရဲ့ ColorOS ပြောင်းလဲသုံးစွဲနေပြီ ဖြစ်ပါတယ်။

OnePlus ရဲ့ ပြောရေးဆိုင်ခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ရာမှာ ကမ္ဘာသုံး global အတွက် ထုတ်လုပ်တဲ့ OnePlus တွေ အကုန်လုံး OxygenOS ဆက်လက် သုံးစွဲနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသစ်ထွက်လာမယ့် OnePlus Nord 2 ဟာ Realme X9 Pro ကို OnePlus အဖြစ် အသွင်ပြောင်းပေးထားတာလို့ ဆိုကြပါတယ်။ တကယ်တော့ Realme X9 Pro ဟာ Oppo Reno 6 Pro+ ကို အသွင်ပြောင်းလဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

OnePlus စမတ်ဖုန်းတွေမှာ ယခင်ကလည်း Oppo ရဲ့ ဖုန်းတွေကို အသွင်ပြောင်းပြီး ထုတ်လုပ်ခဲ့တာတွေ ရှိပါတယ်။

Read times
Rate this item
(0 votes)