ကျောဖက်ကင်မရာ ၃လုံးနှင့်အတူ Infinity-V display အသုံးပြုထားတဲ့ Samsung Galaxy A22 5G စတင်မိတ်ဆက်

Samsung Myanmar သည် ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းအသစ် Samsung Galaxy A22 5G အား မကြာသေးမီ အချိန်က မြန်မာနိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။

 

လက်ရှိ 5G စမတ်ဖုန်းများအနက် ဈေးနှုန်းအသင့်တော်ဆုံးသော စမတ်ဖုန်းတစ်လုံးဖြစ်သည့် အဆိုပါ စွမ်းဆောင်ရည်မြင့် Galaxy A22 5G စမတ်ဖုန်းတွင် အမိုက်စား ကျောဖက်ကင်မရာ ၃လုံး အပါအဝင် ဂိမ်းကစားရန်နှင့် နေ့စဉ်ဖုန်းသုံးစွဲရာတွင် အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေမည့် Infinity-V မျက်နှာပြင် ကိုလည်း ထည့်သွင်းပေးထားသည်။

 

Photo2 No Worry Crack Service

 

 

လှပပြေပြစ်စွာ တည်ဆောက်ထားသော ဒီဇိုင်းသည် သုံးစွဲသူများ ကိုင်တွယ်အသုံးပြုရာတွင် အဆင်ပြေ လွယ်ကူမှု အပြည့်အဝ ရှိစေမည့် ဖြစ်ပြီး အရောင်အားဖြင့် Grey (မီးခိုးရောင်)၊ Violet (ခရမ်းရောင်)နှင့် Mint (အစိမ်းနုရောင်)ဟူ၍ သုံးမျိုး ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေနှင့် ၎င်းတို့နှစ်သက်ရာ လုပ်ငန်းဆောင်တာများအား Galaxy A22 5G စမတ်ဖုန်းတွင် ပါရှိသည့် အရည်အသွေးမြင့် ၆.၆" FHD+ Infinity-V မျက်နှာပြင်နှင့် အမြန်ဆန်ဆုံး 5G ဆက်သွယ်မှု တို့ဖြင့် အနှောင့်အယှက်၊ အထစ်အငေါ့ မရှိ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

 

May be an image of phone

 

90Hz refresh rate နှင့် နာရီပေါင်းများစွာ အသုံးခံမည့် 5,000 mAh ဘက်ထရီများ ပါရှိသည့်အတွက် အကောင်းမွန်ဆုံးသော ဂိမ်းကစားမှု အတွေ့အကြုံများအား စိုးရိမ်ပူပန်မှု အလျှင်းမရှိ ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

 

စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာသုံးလုံးဖြစ်သည့် 48MP (Main)၊ 5MP (Ultra-Wide)၊ 2MP (Depth) ကင်မရာများနှင့်အတူ 8MP ရှေ့ကင်မရာဖြင့်လည်း ပုံရိပ်တိုင်းအား ပရော်ဖက်ရှင်နယ် တစ်ယောက်၏ ရိုက်ချက်များကဲ့သို့ အလွယ်တကူ ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် လူတစ်ယောက်၏ မျက်လုံးနှင့် အလားသဏ္ဍာန်တူ ဖမ်းယူနိုင်သည့် 5MP Ultra-Wide ကင်မရာနှင့်လည်း ပုံရိပ်များအား 115 ဒီဂရီထောင့်မြင်ကွင်းများအဖြစ် သုံးစွဲသူများ၏ ရိုက်ချက် ရှုထောင့်များပါထည့်သွင်းကာ ရိုက်ကူး သိမ်းဆည်းသွားနိုင်ပြီ ဖြစ်သည်။

 

May be an image of phone

 

One convenient UI Core 3.1 ပါရှိသည့် Galaxy A22 5G စမတ်ဖုန်းသည် သုံးစွဲသူများ၏ နေ့စဉ်လုပ်ဆောင်မှုများအား မြန်ဆန်၊ လွယ်ကူစွာ သက်သောင့် သက်သာရှိမှု အပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန် ကူညီထောက်ပံ့‌ပေးသွားနိုင်မည် ဖြစ်သည်။

 

ဝယ်ယူရရှိနိုင်မူ

Galaxy A22 5G စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ စတင်၍ Samsung အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည့်အပြင် Samsung Myanmar ၏ တရားဝင်ဝက်ဘ်ဆိုက် https://bit.ly/3vPUIu1 မှတဆင့်လည်း အိမ်တိုင်ရာရောက် လွယ်ကူ လျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

 

May be an image of phone

 

အထူးအခွင့်အရေးများ

Galaxy A22 5G စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် 10,000 mAh Power-bank တို့အား (ပစ္စည်းလက်ကျန်ရှိသည်အထိ) မေတ္တာလက်ဆောင်ရရှိသွားမည်ဖြစ်သည်။

 

ထို့အပြင် ဝယ်ယူသူတိုင်း အနေနှင့် No Worry Crack ဝန်ဆောင်မူကို ရရှိခံစား သွားနိုင်မည် ဖြစ်ပြီး ဝယ်ယူပြီးသည့်နေ့မှ ၆ လ အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

 

သုံးစွဲသူများအနေနှင့် ဖုန်းနှင့်ပက်သက်ပြီး အကူညီလိုအပ်ပါက ကြုံတွေ့နေသော အခက်အခဲများအား Samsung အသုံးပြုသူများအတွက် ရည်ရွယ်ဖန်တီးပေးထားသည့် Samsung Members app မှတဆင့် မေးမြန်းသွားနိုင်မည် ဖြစ်သည့်အပြင် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝ ပိုမိုချောမွေ့လွယ်ကူစေရန် အတွက်လည်း သတင်းများ၊ အကြံပေးချက်များနှင့် ထုတ်ကုန်များ၏ စွမ်းဆောင်ရည်များအကြောင်းကို အသေးစိတ် ဝင်ရောက် ဖတ်ရူလေ့လာသွားနိုင်မည် ဖြစ်သည်။

 

Samsung မှ အသစ်မိတ်ဆက်ပေးလိုက်သည့် Samsung Rewards App အား [https://bit.ly/SESRewardsApp] မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်ပြီး အဆိုပါ App မှတဆင့် သုံးစွဲသူများသည် Samsung ထုတ်ကုန်များအား ဝယ်ယူသည့်အခါတိုင်း ရမှတ်များရယူ၍ အခြားသော ပစ္စည်းများဖြင့် လဲလှယ်ရယူနိုင်ခြင်း၊ လျော့ဈေးများဖြင့် ဝယ်ယူနိုင်ခြင်း စသော အထူးအခွင့်အရေးများအား ရရှိခံစား သွားနိုင်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား အမြို့မြို့အနယ်နယ်ရှိ အနီးစပ်ဆုံး Samsung အရောင်းပြခန်းတွင် သွားရောက်မေးမြန်းနိုင်ပြီ ဖြစ်သည်။

 

ထို့အပြင် Galaxy A22 5G စမတ်ဖုန်းတွင် ထည့်သွင်းပေးထားသည့် Android / OS မှတဆင့်လည်း နောက်ဆုံးပေါ် ကြိုက်နှစ်သက်ရာ Google Apps များအား အလွယ်တကူရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

Read times
Rate this item
(1 Vote)