Xiaomi ရဲ့ Redmi 10 Prime နဲ့ Redmi earbuds 3 Pro

ဘတ်ဂျက်ဖုန်း အတန်းအစား ဖြစ်တဲ့ Redmi 10 ကို ထုတ်လုပ်ပြီးတဲ့နောက်မှာ Redmi 10 Prime နောက်ဆက်တွဲအဖြစ် ထွက်လာတာမှာ

ဘက်ထရီ ပိုကြီးပေးထားပြီး ပထမဆုံး 50MP ကင်မရာ ထည့်ပေးထားတယ်။ global ဗာရှင်း ဖြစ်ပြီး Redmi 10 နဲ့ အားလုံးနီးပါး အတူတူပဲ ဖြစ်ပါတယ်။
MediaTek Helio G88 processor ထိုင်ပေးထားတယ်။
နောက်ဘက်မှာ ကင်မရာ တွေက 50MP + 8MP + 2MP + 2MP တို့ ဖြစ်ပါတယ်။ ultra-wide, macro နဲ့ depth ရိုက်ဖို့ စင်ဆာတွေ ပါတယ်။ selfie အတွက်က 8MP ကင်မရာပါတယ်။ ရှေ့မျက်နှာစာမှာ ကင်မရာအတက် အပေါက်ငယ်တစ်ခု ထည့်ပေးထားတယ်။

အပြစွမ်းရည်က refresh rate 90Hz ဖြစ်ပြီး ခြောက်လက်မခွဲ FHD+ LCD display သုံးပေးထားတယ်။ ဂိမ်းကစားနေချိန်မှာ refresh rate 90Hz ဖြစ်ပေးထားပြီး ဗီဒီယို ကြည့်ချိန်မှာတော့ refresh rate က 60Hz ကို အလိုအလျောက် ပြောင်းသွားတယ်။
ဖုန်းကနေ ပြန်အားသွင်းလို့ ရအောင် စီစဉ်ပေးထားလို့ Redmi Earbuds, Redmi band, Bluetooth speakers စတာတွေကို ဖုန်းနဲ့ 9W နှုန်းနဲ့ အားသွင်းပေးလို့ ရတယ်။ ဘူးထဲမှာတော့ ဖုန်းအားသွင်းဖို့ 22.5W အားသွင်းတုံး ထည့်ပေးထားတယ်။
ဖုန်းမှာ နားကြပ်အတွက် 3.5mm ဂျက်ပေါက်ပါတယ်။ RAM က 4 နဲ့ 6GB ၂မျိုး ရှိတယ်။ သိုလှောင်မှုမှာလည်း 64 နဲ့ 128GB နှစ်မျိုး ရှိတယ်။ MicroSD ထည့်သုံးလို့ရအောင် slot ပါတယ်။ လက်ဗွေ စင်ဆာက ဘေးသားမှာ ပါတယ်။ လည်ပတ်စနစ်က Android 11 ဖြစ်ပြီး အရေခွံက MIUI 12.5 အုပ်ပေးထားတယ်။


Redmi 10 Prime ကို အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချခဲ့ပြီး ရောင်းဈေးက 4GB/64GB မော်ဒယ်က အမေရိကန်ဒေါ်လာ ၁၇၀ ဝန်းကျင် ဖြစ်ပြီး 6GB/128GB မော်ဒယ်က အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင် ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက်မှာ Mi Home နဲ့ Mi.com တို့မှာ စတင်ရရှိမှာ ဖြစ်ပြီး Amazon မှာလည်း ရနိုင်မယ်လို့ ဆိုပါတယ်။

 


Redmi Earbuds 3 Pro

ဝါယာမဲ့အစစ် နားဖတ် earbud ဖြစ်ပြီး Qualcomm ချစ်ပ် ထည့်ပေးထားတယ်။ ဘက်ထရီက နားဖတ်တစ်ခုစီမှာ 43mAh ဘက်ထရီ ပါတယ်။ အားသွင်းဘူးမှာ နောက်ထပ် 600mAh ထပ်ရနိုင်တယ်။ သူတို့ချည်းသက်သက်သုံးရင် နားဖတ်တွေက ၇ နာရီ ခံတယ်လို့ Xiaomi က ဆိုတယ်။ အားသွင်းဘူးနဲ့ တွဲသုံးရင် နာရီ ၃၀ ခံတယ်။

Read times
Rate this item
(0 votes)