Huawei ရဲ့ လက်တွေ့ဆန်တဲ့ လိပ်ဖုန်း

Huawei Mate X ပထမမျိုးဆက်မှာ အပြင်ဘက် ခေါက်တဲ့ ဒီဇိုင်းနဲ့ လာတယ်။

 

Screenshot_2021-09-07_234243.jpg

 

Mate X2 ကျတော့ လက်ပ်တော့ အသေးစားလေး အဖြစ် ပွဲထုတ်ခဲ့တယ်။ သုံးစွဲသူ အတွေ့အကြုံ ပိုကောင်းသွားစေတယ်။

 

Huawei-mate-x2.jpg


အခုကျတော့ လိပ်ဖုန်းကို Huawei က မူပိုင်ခွင့် မှတ်ပုံတင်တယ်။ တကယ်ထုတ်ဖြစ်မှာလား ဆိုတာကတော့ အတည်ပြုချက် မပေးသေးဘူး။

 

huawei-rollable-phone-renders3.jpg

စိတ်ကူးပုံဖော်တာကို LetsGoDigital နဲ့ Ts Designer တို့က ပူးပေါင်းလုပ်ကိုင်ထားကြတယ်။ ဘယ်လို ဆွဲထုတ်တယ်။ ဘယ်လို ပြန်သိမ်းတယ်ဆိုတာ ဗီဒီယို တစ်ခု ထုတ်ပြန်ပေးထားတယ်။

တစ်ချိန်တုန်းက ဖုန်းမျက်နှာပြင်တစ်ခု ခလယ်ကနေ ခေါက်ကျိုးပစ်လိုက်တာ မဖြစ်နိုင်လောက်ဘူး။ ပြဿနာ တက်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ အခုတော့ တကယ်ဖြစ်ခဲ့ပါပြီ။
အပြမျက်နှာပြင်အောက်မှာ ကင်မရာထည့်တဲ့စနစ်ကိုလည်း ပေါက်ပေါက်ရှာရှာ လို့ ထင်ခဲ့ကြပေမဲ့ အခုတော့ ရိုးသွားပါပြီ။


Huawei Mate Rollable က အမြင်မှာ သမားရိုးကျ စမတ်ဖုန်း တစ်လုံးနဲ့ ဆင်ဆင်တူတယ်။ ဒါပေမဲ့ တက်ဘလက်အရွယ်အစား မျက်နှာပြင်ဖြစ်သွားအောင် ဆွဲထုတ်လို့ ရတယ်။ ခေါက်ဖုန်းနဲ့ မတူတာက လိပ်ထားတာကို ဆွဲထုတ်ပြီး မျက်နှာပြင် ကြီးအောင် လုပ်တယ်။ ပြန်လိပ်သိမ်းပြီး မျက်နှာပြင် ငယ်သွားအောင် လုပ်တယ်။ ၆လက်မခွဲ အရွယ်ကနေ ၁၁ လက်မအရွယ် ဖြစ်သွားတယ်။ ၁၁ လက်မ အရွယ်ကနေ ၆ လက်မခွဲ အရွယ် ပြန်ဖြစ်သွားတယ်။



 

 

Read times
Rate this item
(0 votes)