တယ်လီနောမြန်မာ အရောင်းအဝယ် သောင်မတင်ရေမကျ ဖြစ်နေ

ဇွန်လကုန်မှာ မြန်မာနိုင်ငံမှာ တယ်လီနော ဆင်မ်ကတ်သုံးစွဲသူ ၁၈ သန်း ရှိခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်တွင် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်မှ ရင်းနှီးမြှုပ်နှံသူ M1 Group ထံ ကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း Telenor က ကြေညာခဲ့တယ်။
ဖေဖော်ဝါရီလ အာဏသိမ်းခဲ့ပြီးတဲ့နောက် လေးလအကြာမှာ အခုလို အရောင်းအဝယ် တည့်ခဲ့ကြတာ ဖြစ်ပြီး နှစ်လကြာပြီးချိန် ယခု စက်တင်ဘာလဆန်းအထိ အရောင်းအဝယ်ကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အတည်ပြု ခွင့်ပြု မရရှိသေးပါဘူး။ အတည်ပြုချက် ပေးမှာ မဟုတ်ဘူးလို့လည်း သတင်းထွက်ပေါ်နေပါတယ်။
အခုလို အရောင်းအဝယ်ပြုပြီး အပြီးအပိုင်လက်လွှဲပြောင်းဖို့အတွက် အတည်ပြုမပြု စုံစမ်းစစ်ဆေးမှုကို ရက်ပေါင်း ၆၀ အတွငိး မဖြစ်မနေ လုပ်ဆောင်ဖို့ ပြဌာန်းထားပေမဲ့ ဆောင်ရွက်ပေးခြင်း မရှိလို့ သောင်မတင်ရေမကျ ဖြစ်နေတယ်လို့ ဘန်ကောက်အခြေစိုက် ရှေ့နေ Ross Taylor က Nikkei Asia သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။
အတည်ပြုပေးမှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်နေပြီး အတည်ပြု ခွင့်ပြုချက် မပေးရတဲ့ အကြောင်းရင်း ဝယ်ယူက M1 group ဖြစ်နေတာကြောင့်လို့ အတည်မပြုနိုင်တဲ့ သတင်းကဆိုပါတယ်။

တယ်လီနောက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် လိုင်စင် ရရှိခဲ့တယ်။ Telenor Myanmar ကို အပြည့်အဝ ပိုင်ဆိုင်တဲ့ Telenor က အရှေ့တောင်အာရှမှာ ကန်ဒေါ်လာ တစ်ဘီလျံ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့တာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမြတ်ရနိုင်ခြေ အမြင့်မားဆုံး လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆက်လက်ကြီးထွားလာခဲ့ပြီး ၂၀၁၅ မှာ သုံးစွဲသူ ၁၀ သန်းကျော် ရရှိထားပါတယ်။ ပျမ်းမျှအားဖြင့် သုံးစွဲသူအသစ် များ တစ်လ တစ်သန်းနှုန်း ဖြင့် တိုးခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ရက်ရှည်ကြာ အင်တာနက် ဖြတ်တောက်ခြင်း၊ ရက်ပိုင်းဖြင့် အင်တာနက် ဖြတ်တောက်ခြင်း စတဲ့ ဆောင်ရွက်မှုတွေကြောင့် ငွေကြေးအဖွဲ့အစည်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများ အထိနာခဲ့ကြတာမှာ တယ်လီနောမြန်မာလည်း မလွှဲမရှောင်သာ ပါဝင်ခဲ့ပါတယ်။

မေလမှာ အရှုံးပြနေတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကို စာရင်းမှ နုတ်ပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အခြေအနေတွေက တယ်လီနောမြန်မာ အဖို့သာမက ဝယ်ယူတဲ့သူမှာလည်း အခက်ကြုံရမှာ ဖြစ်ပါတယ်။ ယခုအခါ ရောင်းထုတ်ပစ်လိုက်တာဟာ တယ်လီနောအတွက် အကောင်းဆုံး ဖြေရှင်းနည်းလို့ စီအီးအို Sigve Brekke က ပြောကြားခဲ့ပါတယ်။ Sigve Brekke က အာရှဌာနခွဲ အကြီးအကဲအဖြစ် လုပ်ကိုင်နေစဉ်မှာ တယ်လီနောက မြန်မာနိုင်ငံမှာ မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ဖို့ လိုင်စင် ရရှိခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်မှာ ကြေညာခဲ့တဲ့အတိုင်း Telenor Myanmar ရဲ့ ရှယ်ယာ ၁၀၀% ကို M1 Group ကို ရောင်းချဖို့ သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ပြီးပါပြီလို့ တယ်လီနောမှ ပြောရေးဆိုင်ခွင့်ရှိသူက အသိပေးပြောကြားပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ အတည်ပြုချက် ရရှိဖို့ စောင့်ဆိုင်းနေတဲ့ လုပ်ငန်းစဉ်အဆင့်မှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
တယ်လီနောအနေဖြင့် လက်ရှိ လုပ်ကိုင်နေတဲ့ တယ်လီနောမြန်မာကို ရောင်းထုတ်တာမှာ M1 Group အစား အခြားလုပ်ငန်းတစ်ခုခုကို ဝယ်လက်အဖြစ် ရှာဖွေဖို့ ဖိအားပေးခံရဖွယ် ရှိတယ်လို့ Nikkei Asia က သတင်းဖော်ပြထားပါတယ်။

ကိုဗစ်ကြောင့် ရုံးရက်ရှည် ဆက်တိုက်ပိတ်ထားတာကြောင့် နှောင့်နှေးကြန့်ကြာနေတာလည်း ဖြစ်နိုင်တယ်လို့လည်း ယူဆနိုင်ပါတယ်။

M1 Group ရဲ့ စီအီးအိုက လာမယ့် ၃ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၃၀ သုံးစွဲပြီး ချဲ့ထွင်သွားမယ်လို့ ပြောကြားပါတယ်။

လက်ဘနွန် ရင်နှီးမြှုပ်နှံမှုလုပ်ငန်း M1 Group တယ်လီကွန်အော်ပရေတာ သုံးနှစ်အစီအစဉ် ချမှတ်

 

 

it

Read times
Rate this item
(1 Vote)