mobile app download အာရှ ဦးဆောင်

ငွေရေးကြေးရေးကိစ္စ၊ ဈေးဝယ်တဲ့ ကိစ္စ၊ ဂိမ်းကစားဖို့ စသဖြင့် အက်ပ်ကို ဖုန်းမှာ မတင်မဖြစ် တင်ထားပြီး သုံးစွဲလာကြရတာကြောင့်

mobile app တွေ download ယူတဲ့အကျင့် ရလာကြတယ်။ အဲဒီအပြောင်းအရွေ့မှာ အာရှဒေသက mobile app download အများဆုံးအဖြစ် ဦးဆောင်နေတယ်။ တကမ္ဘာလုံးမှာ အက်ပ်တွေ ဒေါင်းကြတဲ့ ကြိမ်ရေစုစုပေါင်းရဲ့ ၆၄% က အာရှဒေသမှ ဖြစ်ပါတယ်။
အက်ပ်တွေ ဒေါင်းယူတာ ပိုများလာတဲ့အပြင် အက်ပ်ကို အသုံးပြုတဲ့အချိန်လည်း ပိုများလာပါတယ်။
အက်ပ်အသုံးပြုတဲ့ အမူအကျင့်တွေ ၂၀၂၀ ခုနှစ်မှာ သိသိသာသာ စတင်ပြောင်းလဲလာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း အရှိန်ကောင်းနေဆဲ ဖြစ်ပါလို့ Adjust One မှ ထုတ်ပြန်ပေးတဲ့ Download Mobile App Trends 2021 အစီရင်ခံစာမှာ ဖော်ပြပေးထားပါတယ်။
အာရှဒေသဟာ ၂၀၂၀ ခုနှစ်မှာလည်း အက်ပ် ဒေါင်းယူတာမှာ ဦးဆောင်နေခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
အာရှဒေသတွင်း နိုင်ငံအလိုက်ကြည့်ရင် စင်ကာပူနဲ့ ဗီယက်နမ်တို့က အက်ပ်ရယူမှု ကြီးထွားနှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။ ယမန်နှစ်ကထက် စင်ကာပူက ၄၉ % ကြီးထွားခဲ့ပြီး ဗီယက်နမ်နိုင်ငံက ၄၃% ကြီးထွားခဲ့ပါတယ်။
အစီရင်ခံစာက အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့အတွက် အချက်အလက်တွေ စုဆောင်းပြီး ဆန်းစစ်ထားပါတဘ်။

အလွယ်တကူ ပေါ့ပေါ့ပါးပါးဖြင့် ကစားလို့ရတဲ့ Hyper casual ဂိမ်းတွေ ရယူတာမှာ အင်ဒိုနီးရှားက ကြီးထွားနှုန်း အများဆုံး ဖြစ်ပြီး အလေးအနက် ကစားရတဲ့ Non-hyper casual ဂိမ်းတွေ ရယူတာမှာ စင်ကာပူက ကြီးထွားနှုန်း အများဆုံး ဖြစ်ပါတယ်။

 

 

Screenshot_2021-09-08_001133.jpg

 

Screenshot_2021-09-08_001410.jpg

 

 

Screenshot_2021-09-08_001354.jpg

 

 

Read times
Rate this item
(0 votes)