Xiaomi ရဲ့ မူအရ စမတ်ဖုန်းတွေကို လော့ချ

ပို့ကုန်စည်းမျဉ်းတွေကို လိုက်နာတဲ့အနေဖြင့် Xiaomi က သူ့ရဲ့ ကိရိယာတွေကို အချို့သောနိုင်ငံတွေမှာ သုံးလို့ မရအောင် လှမ်းပြီး လော့ချပါတယ်။

တရုတ်နိုင်ငံမှ ထိပ်တန်းစမတ်ဖုန်း လုပ်ငန်း Xiaomi အနေဖြင့် အမေရိကန် အပါအဝင် တရားဝင် ရောင်းချခြင်း မပြုတဲ့ နိုင်ငံတွေ ရှိပါတယ်။ အဲဒီနိုင်ငံတွေဆီ Xiaomi ရဲ့ ဖုန်းတွေ ရောက်သွားရင် ဖုန်းလော့ကျသွားမှာ ဖြစ်ပါတယ်။ ကျူးဘား၊ အီရန်၊ ဆီရီးယား၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ခရီမီယာ စတဲ့နိုင်ငံတွေမှာ Xiaomi ရဲ့ ဖုန်း ကို အသုံးပြုခွင့် Xiaomi က သုံးခွင့်မပြူတဲ့အတွက် လော့ချထားလိုက်မှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ ပြည်ပတင်ပို့မှု ပေါ်လစီမှာ ရောင်းချခြင်း မပြုဖို့ တားမြစ်ထားတဲ့နိုင်ငံဒေသတွေအတွက် ဖုန်းမှာ ကြိုတင် ပိတ်ပင်တားမြစ်ထားခြင်း မရှိပါဘူး။ အဲဒီနိုင်ငံဒေသအတွင်းသို့ ဖုန်း ရောက်ရှိသွားတဲ့အခါကျမှ လှမ်းပိတ်လိုက်တာကို ခံရမှာ ဖြစ်ပါတယ်။

ပိတ်ပင်ထားတဲ့ နိုင်ငံဒေသအတွင်းသို့ ရောက်ရှိပြီး ဖုန်းကို အသုံးပြုတဲ့အခါ စစချင်း သုံးလေးရက် ပုံမှန်အတိုင် သုံးစွဲလို့ ရနေမှာ ဖြစ်ပြီး နောက်တော့ လော့ကျသွားတာကို ကြုံရမှာ ဖြစ်ပြီး ရောက်ရှိနေတဲ့ နိုင်ငံမှာ အသုံးပြုတဲ့ ဘာသာစကားဖြင့် ဖုန်းစခရင်မှာ ဖုန်းကို ဘလော့ထားလိုက်ပြီ ဖြစ်ကြောင်း အသိပေးပါလိမ့်မယ်။

တားမြစ်ထားတဲ့ နိုင်ငံဒေသ အပြင်ဘက်သို့ ဖုန်းပြန်ရောက်လာတဲ့အခါ ယခင်အတိုင် ပုံမှန် ပြန်ဖြစ်ပြီး ဖုန်းကို သုံးစွဲလို့ ပြန်ရသွားမှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Terms and Conditions မှာ ဖုန်းဝယ်ယူသူက သတ်မှတ်ထားတဲ့ နိုင်ငံဒေသတွေကို တင်ပို့ခြင်း မပြုဖို့ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုလို ဘလော့ခံရလိမ့်မယ်လို့တော့ ဖော်ပြထားခြင်း မရှိပါဘူး။


14.2 The Contract and all Products sold are subject to applicable export control laws, including but not limited to the export control laws of. the US and Buyer’s own jurisdiction. The Buyer will not export any product purchased from the Seller to any country or territory or anywhere if the export control laws forbid it . Prohibited countries and territories include Cuba, Iran, Syria, North Korea, Sudan, and the Crimea region. If the Buyer plans to export any Products purchased from the Seller to another country, the Buyer you must obtain the required export licenses (or other government approvals) before doing so.

Read times
Rate this item
(1 Vote)