Samsung Galaxy Note နိဂုံးချုပ်တော့မှာလား

Samsung Galaxy Note series ပြန်လာဦးမှာလားလို့ မျှော်နေသူတွေ ရှိနေစဉ်မှာ

Samsung က Galaxy Note 20 ထုတ်လုပ်မှုကို ယခုနှစ်ကုန်မှာ ရပ်လိုက်တော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ၂၀၂၂ မှာလည်း မော်ဒယ် အသစ် ထုတ်ဖို့ အစီအစဉ် မရှိဘူးလို့ အဆိုပါ သတင်းများမှာ ဖော်ပြထားပါတယ်။

Samsung က ယခုနှစ်အတွင်း Note တစ်မျိုးမှ မထုတ်လုပ်ခဲ့ဘူး။ Galaxy Z Fold 3 နဲ့ Galaxy S21 Ultra တို့ကို ထုတ်လုပ်ခဲ့ပြီး Note မှာ လူကြိုက်များတဲ့ S Pen stylus ကို သုံးလို့ရအောင် လုပ်ပေးထားတယ်။ ဒီတော့ Note 20 အရိုက်အရာကို Galaxy S21 Ultra က အမွေယူလိုက်ပြီး နောက်နှစ်မှာ Galaxy S22 Ultra က ဆက်လက်တာဝန်ယူသွားလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။
နောက်တစ်မျိုး ပြောကြပြန်တာက Galaxy S22 Ultra ကို Galaxy Note 22 Ultra အဖြစ်ဖြင့် ရောင်းချမယ်တဲ့။

နာမည် ဘယ်လိုပေးပေး Galaxy S/Note 22 Ultra က နောင်နှစ်မှာ အကောင်းဆုံး စမတ်ဖုန်း ဖြစ်ဖို့ များပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီ Samsung က ခေါက်ဖုန်း Galaxy Z ကို ပိုအလေးထားပါတယ်။ အလေးထားရကျိုးလည်း နပ်ပါတယ်။ အမေရိကန်မှာ Z Fold 3 က Z Fold 2 ထက် သုံး ဆ လူကြိုက်ပိုများပါတယ်။ လာမယ့်နှစ်မှာ Galaxy Z တွေ လုံးရေ ၁၃ သန်း ရောင်းချရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ယခုနှစ်မှာ ယမန်နှစ်က ထုတ်တဲ့ မော်ဒယ် Galaxy Note 20 ကိုပဲ လုံးရေ ၃.၂ သန်း ထုတ်လုပ်ခဲ့ပါတယ်။ Note series ဖုန်းတွေကို ၂၀၁၉ မှာ ၁၂.၇ သန်း ၊ ၂၀၂၀ မှာ ၉.၇ သန်း ထုတ်လုပ်ခဲ့ပါတယ်။

Read times
Rate this item
(0 votes)