vivo သည် ရွှေကဲ့သို့ လင်းလက်တောက်ပသော ရွှေရောင်ဒီဇိုင်းအသစ်ဖြင့် V23e ကို မြန်မာနိုင်ငံတွင် စတင်ရောင်းချ

vivo သည် ရွှေကဲ့သို့ လင်းလက်တောက်ပသော ရွှေရောင်ဒီဇိုင်းအသစ်ဖြင့် V23e ကို မြန်မာနိုင်ငံတွင်  စတင်ရောင်းချ

 

နောက်ဆုံးထွက် V23e Sunshine Gold Limited Edition ကို ဇွန်လ ၂၂ ရက်နေ့ မှစတင်ပြီး ၆၅၉,၈၀၀ ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ  vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင်  ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။


 

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည်ခေတ်ရှေ့ပြေးဒီဇိုင်းနှင့် စွမ်းဆောင်ရည် အမြင့်မားဆုံး ကင်မရာစနစ် ဖြင့် မကြာသေးမီက V23e အား မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့ပြီး ဈေးကွက်တွင် စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှုစွမ်းဆောင်ရည်အဆင့်အား မြှင့်တင်ပေးခဲ့ပါသည်။ vivo သည်  သုံးစွဲသူများထံသို့ အဆင့်မြင့် Photography Features များအတူ ခေတ်မီသောဒီဇိုင်းများ သယ်ဆောင်လာပေးသည့်  အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါသည်။  အံ့အားသင့်စရာကောင်းသော နည်းပညာများအား နှစ်သက်သူများ အတွက် vivo  သည် ယခုအခါ V23e အား ပိုမိုလှပဆွဲဆောင်မှုရှိသော အရောင်ဖြင့် ပြန်လည်ရောက်ရှိလာပါပြီ။ သုံးစွဲသူများ၏ စမတ်ဖုန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍  vivo မှ V23e အား ရွှေကဲ့သို့ လင်းလက်သော ရွှေရောင်ဒီဇိုင်းအသစ်အား ထပ်မံ ဒီဇိုင်းထုတ်လုပ် မိတ်ဆက်ပေးခဲ့ပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ " ကျွန်တော်တို့ vivo က လူငယ်တွေရဲ့ လိုအပ်ချက်ကို အမြဲသိရှိနားလည်နေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ vivo မှာ သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်အားလုံးနဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းများ ထုတ်လုပ်ခဲ့ရာမှာတော့ ဒီဇိုင်းလိုအပ်ချက်ကလဲ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် vivo ကို စဉ်ဆက်မပြတ်အားပေးလာခဲ့တဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် ရွှေကဲ့သို့ လင်းလက်သော ရွှေရောင်ဒီဇိုင်းအသစ်  V23e Sunshine Gold Limited Edition ကို အရောင်အသစ်အနေနဲ့ စျေးကွက်ထဲသို့ ယူဆောင်လာပေးခဲ့ပါတယ်"

 

ပြိုင်ဘက်ကင်းသော ကင်မရာစနစ်

 

V23e သည် အဆင့်မြင့် Front Camera  နှင့်အတူ ကြည်လင်ပြတ်သားမှု မြင့်မားသော အရောင်များဖြင့် ဆယ်လ်ဖီများကို ထုတ်လုပ်ပေးနိုင်သည့် AI Extreme Night Portrait Multi-Style Portrait အစရှိသော  ဆန်းသစ်တီထွင်မှုများနှင့်အတူ ပေါင်းစပ်ထားပါသည်။ 50MP AF Portrait Selfie သည် ကြည်လင်ပြတ်သားမှု မြင့်မားသည့် အရောင်များဖြင့် ဆယ်လ်ဖီများကို ထုတ်လုပ်ပေးပြီး  Eye Autofocus သည် သုံးစွဲသူတစ်ဦးချင်းစီ၏ မျက်လုံးများကို ထူးထူးခြားခြား တိကျမှုဖြင့် ခြေရာခံပေးကာ သုံးစွဲသူများအား ကြည်နူးဖွယ်အခိုက်အတန့်များကို လျပ်တစ်ပြက် ဖမ်းယူနိုင်စေပါသည်။ V3e သည် အလင်းအာရုံခံနိုင်စွမ်းကို ပိုမိုကောင်းမွန်စေသည့် ISOCELL 3.0 ဖြစ် ပံ့ပိုးပေးသည့်အပြင်၊ Dual-View Video သည်  ချိန်ညှိနိုင်သော အချိုးအဆဖြင့် မမေ့နိုင်သော အခိုက်အတန့်များကို အရှေ့နှင့်အနောက် ကင်မရာများမှတစ်ဆင့် တစ်ပြိုင်နက် ဗီဒီယိုရိုက်ကူး ဖမ်းယူနိုင်စေမှာဖြစ်ပါသည်။

 

Annotation_2022-06-22_112138.jpg

 

V23e ၏ အနောက်ဘက်ကင်မရာသည် 64 MP Night Camera၊ 8MP Super Wide-Angle Camera နှင့် 2MP Macro Camera စုစုပေါင်း သုံးလုံး တပ်ဆင်ပေးထားပါသည်။ Super Night Mode ဖြင့်တည်ဆောက်ထားသည့် ကင်မရာသည် အလင်းအားနည်းသောအခြေအနေများတွင် AI အကူအညီဖြင့် အလင်းနှင့်အမှောင်ကို ထူးခြားကောင်းမွန်စွာ ချိန်ညှိပေးသည်။ ထို့အပြင် ၎င်းသည် ဓာတ်ပုံများကို ပိုမိုလင်းလက်စေမည့် Bokeh Flare Portrait mode ကို ထည့်သွင်းထားပါသည်။ ထို Feature သည် မှောင်သောပတ်ဝန်းကျင်‌တွင် အလင်းအားမြှင့်တင်ပေးနိုင်သည့် စွမ်းဆောင်မှုကြောင့် ညဘက်မြင်ကွင်းများ ရိုက်ကူးတဲ့အခါ အထူးသင့်လျော်ပါသည်။

 

Annotation_2022-06-22_112047.jpg

 

ထူးခြားကောင်းမွန်သော စွမ်းဆောင်ရည်

 

vivo V23e တွင် 8GB RAM နှင့် 128GB/256GB ROM တို့ ပါဝင်ပါသည်။ Extended RAM 2.0 ၏ ပံ့ပိုးမှုဖြင့် အသုံးပြုသူသည် 8GB RAM အား 12GB အထိ တိုးမြင့်သုံးစွဲနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် 4050mAh Battery တပ်ဆင်ထားသည့်အပြင် ဖုန်းအား အချိန်တိုအတွင်း အားသွင်းနိုင်သည့် အလွန်မြန်ဆန်သော 44W FlashCharge  ကို ထည့်သွင်းပေးထားပါသည်။ vivo V23e ၏ Funtouch OS 12 သည် အသုံးပြုသူအား လုပ်ဆောင်မှုကို ကန့်သတ်မထားတော့ဘဲ ပင်မ screen အား အလိုရှိသည့်အတိုင်း ပြောင်းလဲနိုင်သည့် Customization အပြည့်အဝပေးဆောင်ထားသည့်အပြင် သုံးစွဲသူများအား Music App သို့ သွားစရာမလိုဘဲ လျင်မြန်စွာ ဖွင့်ရန် (သို့) ပြောင်းရန် ကူညီပေးသည့် Nano Music Player ကဲ့သို့ Features များကိုလည်း ပေးဆောင်ထားပါသည်။

                                     

                                           V23e-5.jpg                                                                                                                                                                                                                                                                                                         

 

စျေးကွက်ရှေ့ဆောင်ခေတ်မီ ဒီဇိုင်းများ

 

7.41mm Ultra Slim Fluorite AG Glass ဒီဇိုင်းသည် vivo V23e ကို ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် သက်တောင့်သက်သာရှိသော လက်ကိုင်ခံစားမှုကို ပေးစွမ်းပါသည်။ V23e သည် ယနေ့တွင်  Sunshine Gold အား တတိယမြောက်အရောင်အနေဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး အခြားအရောင်နှစ်မျိုး Moonlight Shadow နှင့် Sunshine Coast ဖြစ်လည်း ရရှိနိုင်ပါသည်။ စမတ်ဖုန်း၏ Flat Frame Design အရောင်များသည် ရိုးရှင်းစွာဖြင့် vivo မှ ပျော်ရွှင်မှု ၊ သဘာဝဆန်နှင့် နည်းပညာတို့ကို အခြေခံ၍ ရွေးချယ်ထားသည်။ V23e ၏ အရောင်သုံးမျိုးစလုံးသည် မတူညီသောရှုထောင့်များမှ အရောင်များဖြစ် အံ့မခန်းအသွင်အပြင်ကိုပေးသည့်အပြင် ဒီဇိုင်းတွင်လည်း အဆင့်မြင့်ဖက်ရှင်အနေဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပါသည်။  နောက်ဆုံးထွက် V23e Sunshine Gold Limited Edition ကို ဇွန်လ ၂၂ ရက်နေ့ မှစတင်ပြီး ၆၅၉,၈၀၀ ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင်  ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

 

 

Cover.jpg

 

 

vivoအကြောင်း

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

 

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊Shanghai၊ 

Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

 

*"Benfen" သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

vivo ၏ နောက်ဆုံးသတင်းများကို 

https://www.vivo.com/en/about-vivo/news

  တွင် ဖတ်ရှုနိုင်သည်။

 
Read times
Rate this item
(0 votes)