Nothing Phone (1) ပြသသည့် ဗီဒီယို ထွက်ပေါ်
OnePlus 1+ ပူးတွဲထူထောင်သူ Carl Pei က OnePlus မှ နုတ်ထွက်ခဲ့ပြီး Nothing လုပ်ငန်းအသစ်ကို ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး ထူခောင်ခဲ့ရာ ကုမ္ပဏီရဲ့ ဗွေဆော်ဦး စမတ်ဖုန်း Nothing Phone (1) ကို ဇူလိုင်လ ၁၂ ရက်မှာ စတင်ဖြန့်ဖြူးမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ Nothing Phone (1) ရဲ့ ကျောဘက်ပုံကိုလည်း ပြသခဲ့ပါတယ်။
ယခု Nothing Phone (1) လက်ထဲ ကိုင်ပြီး ပြသတဲ့ ဗီဒီယို ထွက်ပေါ်လာပါတယ်။
ဖုန်းအတွင်းပိုင်း ထည့်သုံးထားတဲ့ ပစ္စည်းတွေ အကြောင်းကိုတော့ တစ်လုံးတစ်ပါဒမှ မပြောပြပါဘူး။
Nothing Phone (1)ရဲ့ အရှေ့ဘက်ခြမ်းက အခြား Android စမတ်ဖုန်းများနှင့် တူပါတယ်။ AMOLED panelကို အချိုးကျသော ဘေးဘောင်ကွပ်ထားပါတယ်။ ဘယ်ဘက်အပေါ်ထောင့်တွင် ကင်မရာအတွက် အဝိုင်းပေါက်ငယ် Punch-hole ကို တွေ့ရပါတယ်။
ဖုန်းရဲ့ နောက်ကျောကို တွေ့ရနဲ့အခါ အများနှင့်မတူ တစ်မူထူးတဲ့ ထူးခြားသောဒီဇိုင်းကိုပြသပါတယ်။ “glyph interface” လို့ Nothing က အမည်ပေးထားတဲ့ LED အစင်းကြောင်းများ အခင်းအကျင်းကို ထွင်းဖောက်မြင် ကျောဖုံးအောက်မှာ မြင်တွေ့ရပါတယ်။
LED မီး ၉၀၀ ကျော်ကို သုံးပြီး လိုင်းဖော်ထားပါတယ်။ နိုတီဝငမလာရင် LED တွေ အကုန်လုံး မျက်တောင်ခတ် လင်းလက်ကြပါတယ်။ အားသွင်းနေစဉ် အားပြည့်လာတဲ့ အခြေအနေကို အင်္ဂလိပ်အက္ခရာ C ပုံ LED အစင်းကြောင်းမှ LED များ လင်းပြပြီး အသိပေးပါတယ်။ တခြားဖုန်းကို Nothing Phone (1)ရဲ့ဘက်ထရီဖြင့် အားသွင်းပေးရင်လည်း အားလက်ကျန် အခြေအနေကို LED အစင်းကြောင်းမှ LED များ လင်းပြပြီး အသိပေးပါတယ်။ ဝါယာလက်အားသွင်းစနစ်ကိုသာ Nothing Phone (1)မှာ သုံးစွဲထားပါတယ်။
ကင်မရာအတွက် မီးအလင်း လိုအပ်ရင် LED အစင်းကြောင်းတွေ အကုန်လုံး လင်းပေးပြီး မီးထိုးပေးပါတယ်။
အောက်ခြေနားမှာ LED အစင်းကြောင်းကလည်း ဘက်ထရီ အားအခြေအနေ ပြသပါတယ်။
ဖုန်းမှာ အသံသွင်းတာ၊ ဗီဒီယိုရိုက်တာတွေအတွက် အနီရောင် LED တစ်ပွင့် လင်းပြပါတယ်။
LED အစင်းကြောင်းတွေ မီးလင်းတာအတွက် ချိန်ညှိပေးနိုင်အောင် Glyph interface setting ဖုန်းမှာ ထည့်ပေးထားပါတယ်။
Nothing Phone (1) မှာ ringtone ၁၀ မျိုး preinstalled ထည့်ပေးထားပါတယ်။
ringtone တစ်ခုချင်းစီအတွက် မီလင်းပြပုံ တစ်မျိုးစီ သတ်မှတ်ပေးထားပါတယ်။
#MyanmarICTGuide
Telegram Channel
https://t.me/Guid4U/268
ဆက်စပ်ဖတ်ရှုရန်
Nothing Phone 1 အလုံး ၁၀၀ လေလံတင်မည်
#MyanmarICTGuide
MICTG