Samsung မှာ မရောင်းရသေးတဲ့ ဖုန်းလုံးရေ သန်း ၅၀ လက်ကျန်ရှိနေ
စီးပွားရေးကျဆင်းမှုဖြစ်မည်ကို စိုးရိမ်မှုများ ကြီးထွားလာသည်နှင့်အမျှ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ဝယ်လိုအား ကျဆင်းနေပါတယ်။
အဲဒါကြောင့် ကမ္ဘာ့ဦးဆောင် စမတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်းများ ထုတ်လုပ်တဲ့ ပမာဏ လျှော့ချ ထုတ်လုပ်ပေးနေပါတယ်။ မရောင်းရသေးတဲ့ ဖုန်းတွေ အမြောက်အမြား ကျန်နေမှာကို မလိုလားကြပါဘူး။
အဲဒီအဖြစ်မျိုးကို Samsung ရင်ဆိုင်နေရပါတယ်။ ဖြန့်ဖြူးရေးအပိုင်းမှာ လက်ကျန်ဖုန်း သန်း ၅၀ ကျန်ရှိနေပါတယ်။ ဝယ်ယူသူတွေ လက်ထဲမရောက်ဘဲ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ Samsung ရဲ့ ဖြန့်ဖြူးရေး ကိုယ်စားလှယ်တွေ လက်ထဲမှာ ကျန်ရှိနေပါတယ်။
Samsung ရဲ့ အလယ်အလတ်တန်းစား ဖုန်းတွေ အရောင်းမသွက်တဲ့ အဖြစ်ကို ရင်ဆိုင်နေရတယ်။
၂၀၂၀ မှာ Samsung က ဖုန်းလုံးရေ သန်း ၂၇၀ ပေးပို့ခဲ့ပါတယ်။ ၁၈% ဝန်းကျင် လုံးရေ သန်း ၅၀ မရောင်းရသေးဘဲ ကျန်ရှိနေပါတယ်။
ပုံမှန်အားဖြင့် ဖြန့်ဖြူးသူတွေ လက်ထဲမှာ ၁၀% ဝန်းကျင် ရှိနေလေ့ ရှိပါတယ်။ ပုံမှန်ထက် ၈% ပိုများများ ကျန်နေတာ ဖြစ်ပါတယ်။
စမတ်ဖုန်း ဈေးကွက်တစ်ခုလုံးအနေဖြင့် ဝယ်လိုအား ကျဆင်းနေချိန်မှာ Samsung ရဲ့ ဖုန်းများလည်း ဝယ်လိုအား ကျဆင်းတာ ဖြစ်ပါတယ်။
ဝယ်လိုအား ကျတယ်ဆိုတော့ ဈေးကြီးလို့လားလို့ ထင်စရာ ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြိုက်နည်းနေလို့လား မဟုတ်ပါဘူး။
ကမ္ဘာ့ဈေးကွက်ထဲမှာ ရောင်းဈေးအလယ်အလတ်တန်း စမတ်ဖုန်း မော်ဒယ်များ အဝယ်မလိုက်တာ ဖြစ်ပါတယ်။
ရောင်းဈေးအလယ်အလတ်တန်းကို ဦးတည် ထုတ်လုပ်ထားတဲ့ Galaxy A series စမတ်ဖုန်းက မရောင်းရသေးတဲ့ စမတ်ဖုန်းတွေထဲမှာ အများစု ဖြစ်ပါတယ်။
Samsung ရဲ့ တန်ဖိုးသင့် ဖုန်းများအတွက် ဝယ်လိုအား နိမ့်ကျနေတာဟာ ရောင်းဈေး အလယ်အလတ်တန်း ဖုန်းတွေကို ဝယ်သုံးကြတဲ့သူတွေထဲမှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုမှာ အပူဟပ်ခံ နေကြရသူတွေ များနေပါတယ်။
ဖုန်းအသစ်တစ်လုံး ဝယ်သုံးဖို့ ငွေကြေးအခက်အခဲ ရှိနေပါတယ်။ ရောင်းဈေးက ဘယ်လိုပဲ တန်ဖိုးသင့်နေပေမဲ့ ဝယ်ဖို့ မတတ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ခြေစောင့်လက်စောင့် ကိုင်ထားချင်လို့ ဖုန်းအသစ်ဝယ်ဖို့ အချိန်ရွေ့ဆိုင်းထားလိုက်ပါတယ်။
Samsung က ၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့မှာ တစ်လလျှင် စမတ်ဖုန်း လုံးရေ သန်း ၂၀ ထုတ်လုပ်ခဲ့ပါတယ်။
မေလမှာ ထက်ဝက်လျှော့ချပါတယ်။ လုံးရေ ၁၀ သန်း ထုတ်လုပ်ပါတယ်။ ဝယ်လိုအား ကျဆင်းနေတာကို ချိန်ဆပြီး ထုတ်လုပ်မှု လျှော့ချလိုက်တာလို့ ယူဆရပါတယ်။
ယခုနှစ်အတွက် ထုတ်လုပ်မယ့် စမတ်ဖုန်းလုံးရေ စုစုပေါင်းမှာ လုံးရေ သန်း ၃၀ လျှော့ထုတ်ဖို့ လျာထားချက် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
#MyanmarICTGuide
Telegram Channel
Source: SamMobile