ဈေးချို Nothing Lite Phone (1) ထုတ်လုပ်မယ့်သတင်း fake news ဟု Nothing ထူထောင်သူက အသိပေး
နာမည်ကြီး ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ androidpolice ဝဘ်ဆိုက်မှာ မကြာသေးခင်ကမှ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း Nothing Phone (1) ကို ထုတ်လုပ်ခဲ့တဲ့ Nothing က ဈေးချိုတဲ့ Nothing Lite Phone (1) ထုတ်လုပ်တော့မယ်လို့ ဩဂုတ်လ ၁ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
ဩဂုတ်လ ၄ ရက်မှာ Nothing ကို ထူထောင်တဲ့ Carl Pie က သတင်းအတု fake news သာဖြစ်ကြောင်း ၎င်းရဲ့ Twitter အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။
Fake news https://t.co/7Au5UP1FEW
— Carl Pei (@getpeid) August 4, 2022
Nothing Lite Phone 1 ကို အစောဆုံးအနေဖြင့် အောက်တိုဘာလမှာ ဆောလျင်စွာ ထုတ်လုပ်လိမ့်မယ်။ အိန္ဒိယမှာ"ပွဲတော်ရာသီ" စတင်ချိန် ခါတော်မီ ထုတ်လုပ်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ သတင်းရင်းမြစ်ကို themobileindian မှ ရရှိကြောင်း androidpolice က ဖော်ပြထားပါတယ်။
themobileindian မှ တင်ပြထားတဲ့ သတင်းမှာ Nothing Phone 1 နှင့် Nothing Lite Phone 1 တို့အကြား အဓိကကွာခြားချက်မှာ Nothing Phone 1 လိုပဲ Lite မှာလည်း ကျောဖုံးက ထွင်းဖောက်မြင် အကြည်သား ဖြစ်ပေမဲ့ အထဲမှာ Nothing Phone 1 လိုမျိုး LED မီးပွင့်များဖြင့် သင်္ကေတ ဖော်ထားတဲ့ မီးလင်း Glyph ဂရပ်ဖစ် မပါဘူးလို့ ဆိုထားပါတယ်။
themobileindian က အဆိုပါ လုပ်ကြံသတင်းကို ဩဂုတ်လ ၁ ရက်မှာ တင်ခဲ့ပါတယ်။ androidpolice ကလည်း ဩဂုတ်လ ၁ ရက်မှာ အဆိုပါ လုပ်ကြံသတင်းကို ကိုးကားပြီး သတင်းတင်ပြခဲ့ပါတယ်။ စုံစမ်းမေးမြန်းခြင်း မပြုဘဲ တင်ပြတဲ့အတွက် androidpolice ပြစ်တင်ဝေဖန်ခံရပါတယ်။ Nothing ကွန်မြူနတီအတွက် ထားပေးတဲ့ Nothing - Discord server မှာ ဝင်ရောက်မေးမြန်း စုံစမ်းသင့်ကြောင်းလည်း အကြံပြုကြပါတယ်။
#MyanmarICTGuide
Telegram Channel https://t.me/Guid4U