Cubot ဖုန်းမော်ဒယ်အသစ် KingKong Mini2 Pro ထွက်ရက် ကြေညာ

Cubot ဖုန်းမော်ဒယ်အသစ် KingKong Mini2 Pro ထွက်ရက် ကြေညာ

Cubot က  တရုတ်နိုင်ငံရှိ Shenzhen Huafurui Technology Co., Ltd မှ တရုတ်နိုင်ငံတွင် ထုတ်လုပ်သော Android စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။

Shenzhen Huafurui Technology Co., Ltd ကို ၂၀၁၂ တွင် စတင်ထူထောင်ပါသည်။ တရုတ်နိုင်ငံ နည်းပညာအချက်အချာ မြို့တော် ရှန်ကျန်းတွင် အခြေစိုက်ထားပါသည်။

 

Cubot_222.jpg

 

Cubot နောက်ဆုံးထုတ် မော်ဒယ်  KingKong Mini2 Pro ကို ၂၀၂၂ ဩဂုတ် ၁၂ မှာ စတင်ဖြန်ချိမည်ဖြစ်ကြောင်း ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာပါသည်။

 

Cubot_23.jpg

 

KingKong Mini2 Pro က အရွယ်ငယ်သည်။ ၄ လက်မ QHD+ စခရင် သုံးထားသည်။

 

Cubot_1.jpg

 

QHD (Quad High Definition) စခရင်မှာ ယခုအခါ တကယ့်ရှားရှားပါးပါး စခရင် ဖြစ်သည်။QHD+ resolution မှာ  2K ဖြစ်သည်။

 

မိုးရေ၊ ကော်ဖီ၊ လက်ဖက်ရည် စသည့် အရည်များ မဝင်နိုင်အောင် စီမံထားသည်။ IP65 လက်မှတ်ရထားသည်။ 

 

IP65 သည်  ရေနှင့် အရည်အမျိုးအစားအချို့ လုံသည်။ ရေဖြင့် လှမ်းပက်သည်ကို လုံသည်။ သို့သော် ရေခဲ နှစ်ထားလျှင် ရေလုံကြောင်း အာမမခံ။

Octa-core MT6762 ချစ်ပ် သုံးထားသည်။ ဖုန်းအတွင်း သိုလှောင်ပမာဏ 64GB ရှိပြီး RAM မှာ 4 GB ဖြစ်ပါသည်။ 

 ဖုန်း အရွယ်ငယ်သဖြင့် ဘက်ထရီကလည်း အရွယ်ငယ်ရသဖြင့် 3000 mAh ဘက်ထရီ ထည့်ပေးထားသည်။

 ကျောကင်မရာ 13MP တပ်ဆင်ပေးထားပြီး ရှေ့ကင်မရာ 5MP တပ်ဆင်ပေးထားသည်။

 Android 11 OS တင်ပေးထားသည်။

 

Cubot23.jpg

 

အရွယ်ငယ်ငယ် စမတ်ဖုန်း ငတ်မွတ်နေသူများအတွက် အထူးဆီလျော်မည့် စမတ်ဖုန်းဖြစ်သည်။

Cubot ဝဘ်ဆိုဒ် 

https://cubot.net/kingkong-mini-2-pro-global-launch

 

#MyanmarICTGuide

Telegram Channel https://t.me/Guid4U

Source: cubot

Read times
Rate this item
(0 votes)