၂၀၂၂ စမတ်ဖုန်း သုံးစွဲသူများ၏ စိတ်ကျေနပ်မှု အဆင့်များ

၂၀၂၂ စမတ်ဖုန်း သုံးစွဲသူများ၏ စိတ်ကျေနပ်မှု အဆင့်များ 

 

စမတ်ဖုန်းလုပ်ငန်းကဏ္ဍတွင် တစ်နှစ်တာသည် အလွန်ရှည်သည့်နည်းတူ အလွန်လည်း တိုတောင်းသည်ဟု ဆိုကြသည်။

တစ်နှစ်အတွင်း ထူးခြားဖြစ်စဉ်များ အများကြီး ဖြစ်ပွားသဖြင့် အချိန်ကုန်မြန်နေသကဲ့သို့  တစ်နှစ်အတွင်းမှာ ဘာမှမဖြစ်လိုက်သည်လည်း ရှိသည်။ 

စမတ်ဖုန်း အမှတ်တံဆိပ်များသည် အချိန်ကာလအလျောက် အမြဲ အဆုံးအဖြတ်ပြုခြင်း ခံနေရသည်။ brand တစ်ခုသည် ရှေ့သို့ မြင့်တက်ခြင်း မရှိလျှင် အလိုလို နောက်ပြန်လန်ကျသည်။ 

သို့ဖြစ်ရာ စမတ်ဖုန်း ထုတ်လုပ်သူများသည် အလွန်ပြင်းထန်သော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ထဲ ရောက်ရှိနေကြသည်။ 

တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် မည်သည့် brand များက ရှေ့သို့ ရောက်ပြီး မည်သည့် brand များက နောက်ကျကျန်ရစ်ပြီး စာရင်းမဝင်တော့သည်ကို စစ်တမ်းထုတ်ပေးနေကျဖြစ်သည့် Chnbrand က ထိပ်တန်း(၉) စမတ်ဖုန်း brand စာရင်းကို မကြာသေးခင်က ထုတ်ပြန်ပေးခဲ့သည်။ 

Chnbrand သည် တရုတ်နိုင်ငံမှာ brand အဆင့်အတန်းနှင့် အတိုင်ပင်ခံလုပ်ငန်း ဖြစ်ပြီး ဦးဆောင်သူနေရာတွင် ရှိသည်။ ၎င်းက  2022 China Customer Satisfaction Index – Mobile Phone Satisfaction Ranking ကို ထုတ်ပြန်ပေးခဲ့သည်။

 

၂၀၂၂ စမတ်ဖုန်း သုံးစွဲသူများ၏ စိတ်ကျေနပ်မှု အဆင့်များ 2022 smartphone customer satisfaction rankings တွင် ထိပ်တန်း စမတ်ဖုန်း brands ၉ ခုတို့ကိုဖော်ပြပေးထားသည်။ ၎င်းတို့မှာ

 

1. Apple

2. Huawei

3. Xiaomi

4. OPPO

5. Honor

6. iQOO

7. Redmi

8. Vivo

9. Samsung

တို့ ဖြစ်ပါသည်။ 

 

Annotation_2022-08-06_173205.jpg

 

 

customer satisfaction rankings ကို အချက် ၃ ချက်အပေါ် အခြေခံပြီး အဆုံးအဖြတ်ပြုသည်။ ၎င်းတို့မှာ 

  • “customer loyalty” စမတ်ဖုန်း သုံးစွဲသူများအကြား brand အပေါ် စွဲမြဲယုံကြည်မှု

  • “overall satisfaction” စမတ်ဖုန်း သုံးစွဲသူက ခြုံငုံသုံးသပ်ကြည့်ပါက စိတ်ကျေနပ်မှု ရရှိသည့် အတိုင်းအတာ

  • “factor satisfaction” စိတ်ကျေနပ်မှုကို ပေးသည့် အကြောင်းခံ 

တို့ ဖြစ်ပါသည်။

ထိပ်တန်း(၉)ခု စာရင်းမှာ ထိပ်ပိုင်းမှ Apple  နှင့်  Huawei တို့ကို ကြည့်မည်ဆိုပါက Apple က “customer loyalty” တွင် အပြတ်အသတ်သာသည်။ ရမှတ်မှာ ၈၆.၈ ရရှိသည်။ Huawei က ၈၁.၀ ရရှိသည်။

“overall satisfaction” တွင် Apple က ၈၇.၄ ရရှိပြီး  Huawei က ၈၈.၀ ရရှိသည်။

“factor satisfaction” တွင်  Apple က ၈၄.၆ ရရှိပြီး  Huawei က ၈၅.၃ ရရှိသည်။

အချက် ၃ ချက်တွင် ၂ ချက်မှာ  Huawei  က သာသော်လည်း  “customer loyalty” တွင်  Apple  က အပြတ်အသတ်သာနေသဖြင့် ထိပ်တန်း(၉) စာရင်းတွင်  Apple  က ပထမနေရာကို ရရှိသည်။ 

ယခင်ပြီးခဲ့သည့် နှစ်များက ထုတ်ပြန်ခဲ့သည့် စာရင်းကို ကြည့်မည်ဆိုပါက 

၂၀၂၀ ခုနှစ်တွင် Huawei, Apple, OPPO, Samsung, Vivo, Xiaomi, Meizu, Honor နှင့် Lenovo တို့ ဖော်ပြထားသည့် အစဉ်အတိုင်း ပါဝင်ကြသည်။ 

၂၀၂၁ ခုနှစ်တွင်  Apple, Huawei, Xiaomi, Honor, Vivo, OnePlus, Samsung, OPPO နှင့်  Meizu တို့ ဖော်ပြထားသည့် အစဉ်အတိုင်း ပါဝင်ကြသည်။ 

 

#MyanmarICTGuide

Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)