Apple က iPhone မော်ဒယ် ၄ မျိုး ထုတ်လုပ်မှု နိဂုံးချုပ်

Apple က iPhone မော်ဒယ် ၄ မျိုး ထုတ်လုပ်မှု နိဂုံးချုပ်

 

iPhone 14 စီးရီး စုံစုံလင်လင် ဖြန့်ဖြူးတဲ့အခါ Apple က iPhone 11, iPhone 12 mini အပါအဝင် မော်ဒယ် ၄ မျိုးကို ထုတ်လုပ်မှု အပြီးအပိုင် ရပ်လိုက်တော့မှာ ဖြစ်ပါတယ်။ Apple အရောင်းရပ်ထားလိုက်ပြီဖြစ်တဲ့ iPhone မော်ဒယ် ၄ မျိုးမှာ

 

  •  iPhone 11, 
  •  iPhone 12 mini, 
  •  iPhone 13 Pro,
  •  iPhone 13 Pro Max

 

 တို့ ဖြစ်ပါတယ်။ တရားဝင် အရောင်းရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။ တစ်မျိုးတစ်မည် စိတ်ထဲ ဖြစ်မိစေတာက သက်တမ်း ၁ နှစ်သာ ရှိသေးတဲ့ ‌iPhone မော်ဒယ် နှစ်မျိုးဖြစ်တဲ့ iPhone 13 Pro နှင့်  iPhone 13 Pro Max တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

Central-Ko-Soe-MyintConstruction-Materials.jpg

ပြီးခဲ့တဲ့နှစ်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပုံနှင့် တစ်ထပ်တည်း ကျနေပါတယ်။ ယမန်နှစ်က iPhone 13 စီးရီး ထွက်လာတဲ့အခါ တစ်နှစ်သက်တမ်းသာ ရှိသေးတဲ့ iPhone 12 Pro နှင့် Pro Max တို့ ထုတ်လုပ်မှု ရပ်ခဲ့ပါတယ်။ ဒီအစဉ်အလာအတိုင်း ဆက်လက်ကျင့်သုံးမယ်ဆိုရင် လာမယ့်နှစ် စက်တင်ဘာလမှာ iPhone 14 Pro နှင့် Pro Max တို့ ထုတ်လုပ်မှု ရပ်ဆိုင်းပါလိမ့်မယ်။

 

အရောင်းရပ်လိုက်ပြီဖြစ်တဲ့ iPhone မော်ဒယ်တွေကို Apple ဆီမှာ ဝယ်လို့မရတော့ပေမဲ့ တခြားဆီမှာ ဝယ်လို့ ရပါသေးတယ်။ Amazon , Best Buy အစရှိတဲ့ လက်လီအရောင်းလုပ်ငန်းတွေထံမှာ လက်ကျန်ရှိနေသေးသရွေ့ ဝယ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

 

 Source tomsguide

 #MyanmarICTGuide

Telegram Channel https://t.me/Guid4U

Read times
Rate this item
(1 Vote)