ဒေါ်လာ ၂၀၀ ကျော်တန် Honor X40 စတင်ရောင်းချ

ဒေါ်လာ ၂၀၀ ကျော်တန် Honor X40 စတင်ရောင်းချ

 

Honor က တရုတ်ဈေးကွက်မှာ X40 ကို အထူးပွဲ ကျင်းပပြီး မိတ်ဆက်ပါတယ်။ ရောင်းဈေးက ယွမ် ၂,၄၉၉ ($214) က စတင်ပါတယ်။ ကြိုတင်အမှာစာ စတင်လက်ခံနေပါပြီ။

၆.၆၇ လက်မ စခရင်၊ 1080x2400 120 Hz ဖြစ်ပါတယ်။ ချစ်ပ်က Snapdragon 695 ဖြစ်ပါတယ်။ 5,100 mAh ဘက်ထရီ ဖြစ်ပြီး40W အမြန်အားသွင်းစနစ် ဖြစ်ပါတယ်။ အားသွင်းတုံး ဘူးထဲမှာ ထည့်ပေးထားပါတယ်။

လက်ဗွေဖတ်ဖို့ ရှေ့စခရင်မှာ စီစဉ်ပေးထားပါတယ်။

ကိုယ်လုံးကိုယ်ထည် အရွယ်အစားက 161.6 x 73.9 x 7.9 mm ဖြစ်ပြီး အလေးချိန် 172g ဖြစ်ပါတယ်။ မှတ်သားသိုမှီးနိုင်စွမ်း ၄ မျိုး ထုတ်လုပ်ထားပါတယ်။ 6/128GB, 8/128GB, 8/256GB, 12/256GB  တို့ ဖြစ်ပါတယ်။ 

ကိုယ်ထည်အရောင်တွေကို အမည်ပေးထားတာ Google Translate ဖြင့် ဘာသာပြန်တဲ့အခါ 

"Rainbow clouds chasing the moon"

"Ink jade green"

 "Phantom night darkness"

လို့ သိရပါတယ်။

 

 အောက်ဖော်ပြပါပုံမှာ အရောင် ၃ မျိုးကို ကြည့်ရှုနိုင်ပါတယ်။ 

ဝဲဘက်စွန်က "Rainbow clouds chasing the moon" ဖြစ်ပြီး အလယ်က "Ink jade green" ဖြစ်ပါတယ်။ ယာစွန်က  "Phantom night darkness" ဖြစ်ပါတယ်။ 

 

Annotation_2022-09-17_104735.jpg

 

 X40 ကို ကို ကမ္ဘာသုံး global ဗားရှင်း ထုတ်မထုတ် မသိရသေးပါဘူး။ 

  #MyanmarICTGuide
 Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)