ထိုင်း၊ စင်ကာပူတွင် iPhone 14 ဝယ်ဖို့ ဗီယက်နမ်တို့ အခက်ကြုံခဲ့ကြ

ထိုင်း၊ စင်ကာပူတွင် iPhone 14 ဝယ်ဖို့ ဗီယက်နမ်တို့ အခက်ကြုံခဲ့ကြ

 

iPhone 14 ကိုအမြန်ဆုံးရလိုသော ဗီယက်နမ်နိုင်ငံသားများသည် စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ လေယာဉ်ခရီးဖြင့် သွားရောက်ကြပြီး  iPhone 14 ကို ဝယ်ယူခဲ့ကြရာ၌ အခက်အခဲများ ကြုံခဲ့ကြသည်။

 Apple စတိုးဆိုင်များမှာ  iPhone 14 မော်ဒယ်များ စတင်ရောင်းချမည့် သောကြာ‌နေ့ မတိုင်ခင် တစ်ရက်အလို ကြာသပတေးနေ့ မနက်ပိုင်းကတည်းက စင်ကာပူနိုင်ငံ Orchard လမ်းရှိ Apple Store တွင် ဗီယက်နမ်လူမျိုးအများအပြား   တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ လေယာဉ်ကွင်းမှ ဆိုင်သို့ တန်းလာခဲ့ကြသဖြင့် ခရီးဆောင်အိတ်များနှင့် အတူစောင့်ဆိုင်းကြသည်။

 

Annotation_2022-09-18_180951.jpg

ယခုနှစ်တွင် iPhone များကို တိုက်ရိုက်ရောင်းချမည်မဟုတ်ကြောင်း စတိုးဆိုင်မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။ အွန်လိုင်းမှ ကြိုတင်မှာယူထားသူများသာ ရရှိနိုင်မည်ဟု ဆိုသည်။

 

အတော်များများက အဆိုပါကြေညာချက်အတွက် စိတ်ပျက်ခဲ့ကြပြီး စတိုးဆိုင်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုးနိုးဖြင့် ဆက်လက်စောင့်ဆိုင်းကြသည်။ အချို့က အခြား Apple Store ဆိုင်ကို ရှာဖွေရန် ထွက်ခွာသွားကြသည်။

 

နေ့ခင်းဘက်မှာတော့  ပြည်တွင်း ဖြန့်ဖြူးသူတဦးက  iPhones 14 ဝယ်ယူရန် စတင်တန်းစီနိုင်ပြီဟု ပြောကြားသည်။

 

Annotation_2022-09-18_180120.jpg

 

 

သို့သော် ဗီယက်နမ် အပါအဝင် ဘာသာစကားအမျိုးမျိုးဖြင့် ရေးထားသော ဆိုင်းဘုတ်တစ်ခုကို ထားရှိပြီး အသိပေးထားသည်။

ဦးရာလူစနစ်ဖြင့် ရောင်းချမည်ဖြစ်ရာ ပထမဆုံးလူ ၁၀၀ သာ ဝယ်ယူနိုင်မည်ဖြစ်ပြီး မိမိတို့ လိုချင်သော မော်ဒယ်ကို ရမည်ဟု အာမမခံနိုင်ကြောင်း  ဆိုင်းဘုတ်တွင် ကြိုတင်အသိပေးထားသည်။

 

ကြာသပတေးနေ့မွန်းလွဲပိုင်းမှာပင်  စင်ကာပူမှ Apple Store မှာ iPhone 14 မော်ဒယ်လ်များကို ကြိုတင်မှာယူထားသူများအား ဖုန်းထုတ်ပေးနိုငမရန်အတွက် မဆိုင်သူများ ဆိုင်ထဲ ဝင်မလာနိုင်အောင်  အတားအဆီးများ တပ်ဆင်ထားလိုက်ပါသည်။

သို့တိုင်အောင် ဆိုင်အပြင်မှာ စောင့်နေကြသော ဗီယက်နမ် တော်တော်များများက  စတိုးဆိုင်တွင်  iPhone 14 များကို တိုက်ရိုက် ဝယ်ခွင့်ရလိမ့်မညမဟု  မျှော်လင့်ရင်း ဆက်လက်စောင့်ဆိုင်းနေခဲ့ကြပါသည်။

 

Annotation_2022-09-18_180018.jpg

 

 

"ကျွန်‌တော်တို့အဖွဲ့ နှစ်နေရာခွဲပြီး တန်းစီကြရတယ်။ မစားရ၊ မသောက်ရ၊ ခပ်လှမ်းလှမ်းကိုတောင် မသွားဘဲ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ကြတယ်" ဟု ဗီယက်နမ်တွင် iPhone ရောင်းချသူ Nguyen Lam က ပြောကြားသည်။

 

 

 Annotation_2022-09-18_180237.jpg

 

 

 သောကြာနေ့တွင် iPhone 14 ရောင်းချမှု မစတင်မီ နာရီအနည်းငယ်အလို  Apple Store မှ ကြိုတင်မှာယူထားခြင်း မရှိသောသူများကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။သို့သော် ပထမ လူ ၁၀၀ သာ ရနိုင်မည်ဟု ဆိုသည်။

အလားတူအခြေအနေမျိုးကို အိုင်ဖုန်းအသစ်များထွက်သည့်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အိုင်ဖုန်းအသစ်ဝယ်ရန် ရောက်ရှိနေသောဗီယက်နမ်နိုင်ငံသားများ  ကြုံကြရသည်။

ဗီယက်နမ် အများစုသည် ထိုင်းနိုင်ငံမှာ စင်ကာပူထက် တည်းခိုနေထိုင်မှုစရိတ်နှင့် အစားအသောက်စရိတ် သက်သာသောကြောင့်နှင့် အခြားအကြောင်းကြောင်းတို့ကြောင့်  စင်ကာပူအစား ထိုင်းကို ရွေးချယ်ခဲ့ကြသည်။

 

ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ ဘန်ကောက်မှာရှိသည့် Apple Store Central World ရှေ့မှာ လူများ တန်းစီပြီး စောင့်နေကြစဉ်   ကြိုတင်မှာယူထားသူတွေကိုသာ ဖုန်းများ ရောင်းချပေးမည်ဟု ဆိုင်က ကြေညာသည်။

 

သို့သော် သောကြာနေ့ မနက်ပိုင်းမှာတော့ စတိုးဆိုင်က ဖုန်းတွေကို ကြိုတင်အမှာစာမတင်ရသေးသူတွေကိုလည်း ဝယ်ယူရန် ခွင့်ပြုသည်။ သို့သော် အချိန်ဇယားနှင့် ကြေညာချက်များကို အဆက်မပြတ် ပြောင်းလဲခဲ့ပါသည်။ 

Apple Thailand သည် iPhone 14 ကို ရောင်းချသည့် ပထမဆုံးနေ့တွင် ကျွမ်းကျင်နိုင်နင်းမှု မရှိခဲ့ပေ။ ကသောင်းကနင်းများ ဖြစ်နေခဲ့သည်။

"သူတို့က ခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုး ပြောင်းနေတယ်။ ကျွန်တော်တို့ကို ဒုက္ခပေးတယ်" ဟု iPhone အသစ်ဝယ်ဖို့ ထိုင်းနိုင်ငံကို ရောက်လာသည့်  ဗီယက်နမ်တစ်ဦးဖြစ်သူ  Tuan Anh က ပြောကြားသည်။ 

"သူတို့က ကျ‌ွန်တော်တို့ကို စတိုးဆိုင်ထဲသို့ ဝင်ခွင့်မပြုဘဲ ဝဘ်ဆိုက်တွင် အရင်ကြိုတင်မှာယူရန်နှင့် နောက်မှ ဖုန်းလာယူရန် ပြောပါတယ်။ ပထမမှာတော့ မနက် ၁၀ နာရီမှာ ရမယ် ပြောတယ်။ နောက်တော့ မွန်းလွဲ ၃ နာရီကျမှ ရမယ် ပြောတယ်။ ဖုန်းဘယ်တော့ ရနိုင်မလဲဆိုတာ မသေချာတော့ဘူး။ ဒီတော့ ဗီယက်နမ်ကို လေယာဉ်ဖြင့် ဘယ်တော့ ပြန်ရမလဲ မသိနိုင်တော့ဘူး" ဟု သူက ပြောသည်။

 

 Annotation_2022-09-18_180408.jpg

 

 ထိုင်းနိုင်ငံရှိ Apple Store တွင် အစောပိုင်း ကတည်းက ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ်မှ Thanh Tung သည် စွဲမက်ဖွယ်ကောင်းသော iPhone မော်ဒယ်အသစ်ကို လက်ခံရရှိသည့် ပထမဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။

Tung က သူ ကံကောင်းသွားသည် ။  သူသည် ချစ်ခင်ရသူများအတွက် လက်ဆောင်အဖြစ် ဖုန်းများကို ဝယ်လိုသောကြောင့် အွန်လိုင်းတွင် ကြိုတင်မှာယူခဲ့သည်။ ယခုအခါ iPhone များ ရရှိသည်။

“တန်းစီရရင် မချောင်ဘူး။ မူကလည်း အမျိုးမျိုး ပြောင်းနေတယ်။ မနှစ်တုန်းက ကျွန်တော် ကြိုတင် မမှာဘူး။ အခုနှစ်တော့ ကြိုတင်မှာကြားတယ်။ မနှစ်ကလို မမှာထားရင် အခုလို iPhone တွေကို ဝယ်ခွင့်ရမှာ မဟုတ်ဘူး" ဟု သူက ပြောသည်။

 

 Annotation_2022-09-18_180616.jpg

 

 စင်ကာပူနိုင်ငံမှ Lam က ၎င်း၏အဖွဲ့သည် တစ်ရက်တာစောင့်ဆိုင်းပြီးနောက် ၎င်းတို့၏ ပထမဆုံး iPhone 14 များ ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

 ဝယ်ယူရ န်အလွန်ခက်ခဲ‌နေသောကြောင့် ဗီယက်နမ်ဈေးကွက်တွင် ပထမဆုံးနေ့တွင် iPhone 14 Pro Max ၏စျေးနှုန်းသည် VND 60 သန်း (ဒေါ်လာ ၂,၅၀၀) ကျော်အထိရောက်ရှိနိုင်ကြောင်း Lam က ခန့်မှန်းသည်။

Source vnexpress

#MyanmarICTGuide 

 Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)