Apple က ရောင်းအားအရ iPhone 14 အစား iPhone 14 Pro ပြောင်းလဲထုတ်လုပ်

Apple က ရောင်းအားအရ  iPhone 14  အစား iPhone 14 Pro  မော်ဒယ် ပြောင်းလဲထုတ်လုပ်

 

၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့တွင် Apple က iPhone 14 စီးရီး စမတ်ဖုန်းများကို မိတ်ဆက်ခဲ့ပါတယ်။  iPhone 14 စီးရီးမှာ ထုံးစံအတိုင်း ၄ မျိုးပါပြီး ၂ မျိုးက Pro ဖြစ်ပြီး ကျန်နှစ်မျိုးက  Pro မဟုတ်သော မော်ဒယ်များ ဖြစ်ပါတယ်။  ၄ မျိုးမှာ ၃ မျိုးကိုပဲ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ iPhone 14, iPhone 14 Pro နှင့် အလေးဆုံး အကြီးစား ဈေးလည်း အကြီးဆုံးဖြစ်တဲ့ iPhone 14 Pro Max တို့ ဖြစ်ပါတယ်။ 

 

iPhone 14 Plus ကိုတော့ အောက်တိုဘာလ ၇ ရက်ကျမှ စတင်ဖြန့်ဖြူးမယ်လို့ ရက်ချိန်းပေးထားပါတယ်။ လက်ရှိ ရောင်းအား ဒေတာများအရ iPhone 14 Pro မော်ဒယ်အတွက် ယ်လိုအားမှာ iPhone 13 Pro စီးရီးများနှင့် နှိုင်းယှဉ်ပါက မြင့်မားနေပါတယ်။ ထို့အပြင် အသစ်ထွက်ရှိထားသော Apple Watch Ultra သည်  ယခင်စမတ်နာရီများထက် ရောင်းအားသာလွန်နေပါတယ်။ 

Theingi-Shwe-Sin.jpg

ရုရှားဈေးကွက်မှ  Apple နုတ်ထွက်ထားပေမဲ့  iPhone 14 ရောင်းအားက ယခင် iPhone 13 ထက် တစ်ဆခွဲ ပိုရောင်းရပါတယ်။  JP Morgan ၏ Apple Product Availability Tracker အရ လက်ရှိ iPhone 14 ရိုးရိုးဗားရှင်း မှာကြာပြီး စောင့်ဆိုင်းရချိန်  အတော်လေးတိုတောင်းသော်လည်း  Pro မော်ဒယ်များတွင် ပေးပို့ချိန်ပိုကြာနေတာ တွေ့ရပါတယ်။ 

 

လေ့လာမှုအရ ဒေသအများအပြားတွင် မှာကြားသူများက ပျမ်းမျှအားဖြင့်  သုံးရက်အတွင်း iPhone 14 ကို ရရှိကြတာ တွေ့ရပါတယ်။ Pro မော်ဒယ် နှစ်မျိုးမှာ Pro  ဗားရှင်းကတော့  ပျမ်းမျှအားဖြင့် ၃၅ ရက် စောင့်ကြရပါတယ်။  Pro Max က ၄၂ ရက် စောင့်ရပါတယ်။ နိုင်ငံအလိုက်ကြည့်လျှင် တရုတ်ပြည်တွင်းဈေးကွက်မှာ Pro  ဗားရှင်းကို ၃၉ ရက်၊ Pro Max  ဗားရှင်းကို ၄၆ ရက် စောင့်ရပါတယ်။ 

Apple Watch Ultra ကလည်း ဝယ်လိုအား မြင့်မားနေပြီး စောင့်ဆိုင်းရချိန် ပျမ်းမျှအားဖြင့် ၃၇ ရက် ကြာပါတယ်။ Apple Watch Series 8 က ပြီးခဲ့တဲ့ သီတင်းပတ်မှာ စောင့်ဆိုင်းရချိန် ၂၈ ရက် ကြာခဲ့ပြီး ယခုသီတင်းပတ်မှာ ၂၅ ရက် ကြာပါတယ်။ Apple Watch SE 2 စောင့်ဆိုင်းရချိန်က ယခင်ငသီတင်းပတ်မှာ ၈ ရက် ဖြစ်ခဲ့ပြီး ယခု ၆ ရက် ဖြစ်ပါတယ်။ AirPods Pro 2 နားကြပ်များ အမေရိကန် နှင့်  ဂျာမနီတို့တွင် အလွန်ဝယ်လိုအားများနေပါတယ်။ ပထမအသုတ် စက်တင်ဘာလ ၂၃ ရက်မှာ ဈေးကွက်ထဲ စတင်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ 

 

 

ဝယ်လိုအားအပေါ် မူတည်ပြီး အလျဉ်မီအောင် ထုတ်လုပ်ပေးနိုင်ဖို့အတွက် Apple က Foxconn ကို  iPhone 14 ထုတ်လုပ်မှုလိုင်းကို Pro  မော်ဒယ်များ ထုတ်လုပ်ခိုင်းထားပါကြောင်း  Apple  ရဲ့ အတွင်းသတင်းပလင်းတွေ အမြဲတင်ပြပေးနေသူ Ming-Chi Kuo က Twitter မှာ အသိပေးတင်ပြထားပါတယ်။ 

Source Twitter

#MyanmarICTGuide

To join Telegram Channel  https://t.me/Guid4U

Read times
Rate this item
(0 votes)