Apple Store တွင် အက်ပ်ဖယ်ရှားမှု မြင့်တက်

Apple Store တွင် အက်ပ်ဖယ်ရှားမှု မြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နှစ်ကာလတစ်လျှောက် App Store ရှိ အက်ပ်အရေအတွက်သည် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။  ဒါပေမဲ့ မကြာသေးမီက သုံးလတာ အချက်အလက်တွေအရ Apple ရဲ့ App Store မှာ အက်ပ်အရေအတွက် သိသိသာသာ ကျဆင်းနေတာကို ပြသနေပါတယ်။

 .

ဒေတာများအရ App Store တွင် အက်ပ်အရေအတွက် ကျဆင်းမှုဟာ ၇ နှစ်တာကာလအတွင်း အနည်းဆုံး ဖြစ်နေပါတယ်။

 .

၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်တွင်  အက်ပ်အရေအတွက် စုစုပေါင်း ၂,၁၈၄,၄၅၆ ရှိခဲ့ရာမှ တတိယသုံးလပတ်တွင် ၁,၆၄၂,၇၅၉ သို့ ကျဆင်းသွားခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၄.၇၉% လျော့ကျပါတယ်။ တတိယသုံးလပတ်အတွင်း အက်ပ်အရေအတွက် ၅၄၁,၆၉၇ လျော့ကျပါတယ်။ 

ယခုလို နည်းပါးနေတာမျိုးကို ၂၀၁၅ မှာ တစ်ကြိမ်ကြုံခဲ့ဖူးပြီး အက်ပ်အရေအတွက် ၁,၆၇၂,၂၇၁ မျှသာ ရှိခဲ့ပါတယ်။

ယခုအခါ App Store မှာ အက်ပ်အရေအတွက် အကြီးအကျယ် လျော့ကျနေပေမဲ့ ဒုတိယအများဆုံးနေရာကို ဆပ်လက်ရရှိထားပါတယ်။ 

Google Play Store က အက်ပ်အရေအတွက် ၃,၅၅၃,၀၅၀ ဖြင့် ပထမနေရာ၊ Amazon Appstore က အက်ပ်အရေအတွက် ၄၈၃,၃၂၈ ဖြင့် တတိယနေရာ ရရှိထားပါတယ်။

 .

App Store မှ အက်ပ်များကို ဖယ်ရှားခြင်းဟာ Apple လုပ်နေကျ နှစ်စဉ်ပုံမှန် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ အက်ပ်စျေးကွက်တွင် အရည်အသွေးကို ထိန်းသိမ်းရန် အလို့ငှာ နှစ်စဉ်အက်ပ်များကို ဖယ်ရှားလေ့ရှိပါတယ်။

ယခုနှစ်ကတော့ ဖယ်ရှားပစ်တာ အတော်ကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။

 ၎င်းရဲ့ စျေးကွက်တွင် အသုံးပြုသူများအတွက် အတွေ့အကြုံ အရသာ ကောင်းမွန်မှုကို မြှင့်တင်ရန် Apple ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ 

သုံးစွဲသူ အတွေ့အကြုံ user experience UX တိုးတက်ကောင်းမွန်ဖို့ Apple က စီမံချက်တစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ် ၂၀၂၂ ဧပြီလမှာ Apple က developer များကို အကြောင်းကြား အသိပေးခဲ့ရာမှာ update မလုပ်တဲ့  သက်တမ်းရင့် အက်ပ်အဟောင်းများကို App Store မှ ဖယ်ရှားမည် ဖြစ်ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း update မလုပ်ခဲ့လျှင် ဖယ်ရှားခံရမှာ ဖြစ်ကြောင်း နို့တစ် ပေးခဲ့ပါတယ်။

Apple ရဲ့ အစီအစဉ် အသစ်တစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖယ်ရှားပစ်မယ့် အက်ပ်အတွက် အချိန်ကာလတစ်ရပ် အချိန်ပေးလေ့ မရှိပါဘူး။

ပလက်ဖောင်းကို တံမြက်စည်း လှဲကျင်းဖို့ လိုအပ်နေတဲ့အတွက် အထူးတလည် ဆောင်ရွက်လိုက်တာဖြစ်ပုံ ရပါတယ်။ များသောအားဖြင့် အက်ပ်တစ်ခု အလုပ်လုပ်မလုပ်ဆိုတာကို စစ်ဆေးပြီး အလုပ်မလုပ်တော့ရင် ဖယ်ရှားပစ်လိုက်ပါတယ်။ ယခုအစီအစဉ်သစ်မှာ အက်ပ်က အလုပ်လုပ်သော်ငြားလည်း update မလုပ်ခဲ့လျှင် ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

developer တွေ အစာမကြေဖြစ်ကြရပါတယ်။ ဥပမာအားဖြင့် ဂိမ်းအိုတစ်ခုက ကောင်းကောင်းကစားလို့ ရနေတယ်ဆိုရင် ပလက်ဖောင်းပေါ်မှာ ဆက်ထားပေးသင့်ပါတယ်။ ဂိမ်းအိုကို ဘာ update မှလည်း လုပ်ပေးဖို့ မလိုအပ်ပါဘူး။ 

 .

Apple က App Store မှ လိမ်လည်လှည့်ဖျားထားတဲ့ အက်ပ်တွေ မသမာတဲ့ အက်ပ်တွေ များနေတဲ့အပေါ် ဝေဖန်ပြစ်တင်ခံနေရပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အားထုတ်ဆောင်ရွက်နေပါတယ်။ အက်ပ်အများအပြားကို လိုက်လံဖယ်ရှားလျက်ရှိရာ ဗိုင်းရပ်စ် ရှာဖွေသုတ်သင်ရေး အက်ပ် virus scanning app အတုအယောင်များ၊ လောင်ကစားအက်ပ်များကို ဖယ်ရှားနေပါတယ်။ အရည်အသွေးညံ့တဲ့ အက်ပ်များကိုလည်း ဖယ်ရှားပါတယ်။ အက်ပ်အပွား အက်ပ် cloning app တွေလည်း ဖယ်ရှားပါတယ်။

Source ZDNet

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)